ဆံပင်လက်သည်းခြေသည်းမညှပ်သင့်သောနေ့

Health
ဆံပင်လက်သည်းခြေသည်းမညှပ်သင့်သောနေ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆံပင်လက်သည်းခြေသည်းမညှပ်သင့်သောနေ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆံပင်လက်သည်းခြေသည်းမညှပ်သင့်သောနေ့

သစ်ပင်တစ်ပင်ကို အညွှန့်ချိုးလိုက်ရင် အဲဒီအပင်မှာ ဆ​က်မတက်တော့ဘူး ။ ဒီလိုပဲ အမြစ်ကိုဖြတ်လိုက်ရင်လည်း​ သေသွားရောပေါ့ ။ ဒီသဘောအတိုင်း လူတွေမှာလည်း အမြစ် အညွန့်တွေ ရှိပါတယ် ။ ဆံပင် လက်သည်း စတာတွေကို အညွန့်လို့ ယူပြီးတော့ ခြေသည်းကို အမြစ်လို့ ယူရပါတယ် ။

ပြီးတော့ နေ့အလိုက် အမြစ်အညွန့် နေ့တွေရှိပါတယ် ။ အညွန့်နေ့မျိုးမှာ ဆံပင် လက်သည်း မညှပ်သင့်သလို အမြစ်နေ့မျိုးမှာလည်း ခြေသည်း မညှပ်သင့်ပါဘူး ။ ညှပ်ခဲ့ရင် လူတော့မထိခိုက်ပါဘူး ။ လာဘ်လာဘတွေ ပိတ်တာ ၊ လုပ်ကိုင်တဲ့ အလုပ်တွေ နှောင့်နှေးတတ်တာ မတိုးတက်တာ စတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ် ။

ဒါကြောင့် နေ့အလိုက် ဆံပင် ၊ လက်သည်း ၊ခြေသည်း မညှပ်သင့်တဲ့ နေ့တွေကို ဖော်ပြလိုက်ပါ တယ် ။

တနင်္ဂနွေသားသမီးတွေ

ဆံပင် လက်သည်း မညှပ်သင့်တဲ့ နေ့က တနင်္လာနေ့ ၊ ခြေသည်းမညှပ်သင့်တဲ့ နေ့က စနေနေ့ပါ ။

တနင်္လာသားသမီးတွေ

ဆံပင် လက်သည်း မညှပ်သင့်တဲ့နေ့က အင်္ဂါနေ့ ၊ ခြေသည်းမညှပ်သင့်တဲ့ နေ့က တနင်္ဂနွေနေ့ပါ ။

အင်္ဂါသားသမီးတွေ

ဆံပင် လက်သည်း မညှပ်သင့်တဲ့နေ့က ဗုဒ္ဓဟူးနေ့ ၊ ခြေသည်း မညှပ်သင့်တဲ့နေ့က တနင်္လာနေ့ ပါ ။

ဗုဒ္ဓဟူးသားသမီးတွေ

ဆံပင် လက်သည်း မညှပ်သင့်တဲ့ နေ့က ကြာသပတေးနေ့ ၊ ခြေသည်း မညှပ်သင့်တဲ့ နေ့က အင်္ဂါနေ့ ပါ ။

ကြာသပတေးသားသမီးတွေ

ဆံပင် လက်သည်း မညှပ်သင့်တဲ့ နေ့ကသောကြာနေ့ ၊ ခြေသည်းမညှပ်သင့်တဲ့ နေ့က ဗုဒ္ဓဟူးနေ့ပါ ။

သောကြာသားသမီးတွေ

ဆံပင် လက်သည်း မညှပ်သင့်တဲ့ နေ့က စနေနေ့ ၊ ခြေသည်းမညှပ်သင့်တဲ့ နေ့က ကြာသပတေးနေ့ပါ ။

စနေသားသမီးတွေ

ဆံပင် လက်သည်း မညှပ်သင့်တဲ့ နေ့က တနင်္ဂနွေနေ့ ၊ ခြေသည်းမညှပ်သင့်တဲ့ နေ့က သောကြာနေ့ ဖြစ်ပါတယ် ။ ဒီလို နေ့မျိုးတွေကို ရှောင်တာကြောင့် လာဘ်ပိတ်တာမျိုး ၊ လုပ်ငန်းတွေနှောင့်နှေးတာတွေကနေ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ် ။

ရေးသားသူ – မင်းသီဟ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။