သင့်ဒူးဆစ်လေး မနာစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းနာများ

Health Knowledge
သင့်ဒူးဆစ်လေး မနာစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းနာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်ဒူးဆစ်လေး မနာစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းနာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်ဒူးဆစ်လေး မနာစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းနာများ

လူတိုင်း ဒူးနာနိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးလာရင် ပိုပြီး ကြုံဆုံရတတ်ပါတယ်။ ဒူးနာခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ တစ်သက်တာမှာ တစ်ကြိမ်ထက်မနည်းတော့ ကြုံရနိုင်ပါတယ်။

အခြေခံအားဖြင့်တော့ အကြောင်းအရင်း ၃ မျိုးကြောင့် ဒူးနာနိုင်ပါတယ်။ ဒါတွေကတော့
၁။ အဆစ်အမြစ်ရောင်တာခြင်းနဲ့ သက်ဆိုင်တဲ့ပြဿနာတွေဖြစ်ကြတဲ့
Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)
Rheumatoid အဆစ်အမြစ်ရောင်ရောဂါ
ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါ
ဂေါက်ရောဂါတွေကြောင့်ဖြစ်တာ၊

၂။ ဒူးဒဏ်ရာတွေဖြစ်ကြတဲ့
အရွတ်စုတ်ပြဲခြင်း
အရိုးကျိုးခြင်း
အရိုးနုစုတ်ပြဲခြင်းစတာတွေကြောင့် ဒူးနာတာ

၃။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ကြတဲ့
ဂုံညင်းရိုးလွဲခြင်း
တင်ပါး သို့မဟုတ် ခြေထောက်နာခြင်းစတာတွေကြောင့်ပါပဲ။

အချိန်မရွေး အသက်အရွယ်မရွေးမှာဖြစ်နိုင်တဲ့ ဒူးနာဝေဒနာနဲ့ ပတ်သက်ပြီး သတိထားဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။ ဒါမှ ဒူးနာဝေဒနာကို ကာကွယ်နိုင်မှာမဟုတ်လား။

တကယ်လို့များ ကိုယ့်ရဲ့ ဒူးက နာသလိုလို၊ ဒါမှမဟုတ် နာချင်သလိုလိုဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေဟာ သင့်ရဲ့ ဒူးကို ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

အလွန်အကျွံ အနားမယူနဲ့

ဒူးနာနေတယ်ဆိုပြီး အလွန်အကျွံအနားယူတာမျိုးက အကျိုးမဖြစ်စေပါဘူး။ ကိုယ်လက်လှုပ်ရှားမှုနည်းသွားရင် ကြွက်သားတွေကို အားနည်းစေတာမို့ ဒူးနာတာကို ပိုဆိုးစေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်

ဒူးနာနေတာကို လေ့ကျင့်ခန်းလုပ်ရမှာလားလို့ မေးချင်ကြမယ်ထင်ပါရဲ့။ ဟုတ်ပါတယ်။ လုပ်ရမှာပါ။ သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးတွေပေါ့။ ဒူးနဲ့ ကြွက်သားကို အားကောင်းစေပြီး သွက်လက်ပေ့ါပါးစေမယ့် လေ့ကျင့်ခန်းမျိုးတွေ လုပ်ရပါမယ်။

ချော်မလဲစေနဲ့

ဒူးနာစေတဲ့ အကြောင်းအရင်းတွေထဲမှာ ချော်လဲတာက ထိပ်ဆုံးက ပြဿနာပါ။ ဒီတော့ ချော်မလဲအောင် သတိထားတာ၊ ဂရုစိုက်တာက ဒူးမနာအောင် ရှောင်ရှားတာနဲ့ အတူတူပါပဲ။ “ RICE” သုံးပါ – RICE ဆိုတာက Rest ၊ Ice ၊ Compression နဲ့ Rlevation တို့ကို ပေါင်းပြီး ခေါ်ဆိုတာပါ။ ခနနားမယ်၊ ရေခဲကပ်မယ်၊ ပတ်တီးကျပ်ကျပ်စီးမယ်၊ ခြေထောက်ကို မြင့်မြင့်ထားရမယ်ဆိုပါတော့။ ဒါက ဒူးနာသက်သာစေမယ့် အကောင်းဆုံးနည်းပါပဲ။

ဝိတ်ချပါ
ကိုယ်အလေးချိန်ဟာ ဒူးနာစေနိုင်တဲ့ ပြဿနာတွေထဲမှာ ထိပ်တန်းက ပြဿနာပါ။ ဒီတော့ ကိုယ်အလေးချိန် လျှော့ချတာကလည်း ဒူးမနာအောင် ကာကွယ်တာနဲ့ တူပါတယ်။

ချိုင်းထောက်သုံးဖို့ မရှက်ပါနဲ့

ဒူးလေးနာရုံကို ချိုင်းထောက်သုံးစရာလားလို့ တချို့က တွေးကြပါတယ်။ လမ်းလျှောက်ချိန်မှာ ချိုင်းထောက်တို့ ဘီးတပ်လက်ကိုင်တို့ သုံးတာက ရှက်စရာမဟုတ်ပါဘူး။ ဒူးကို ပိုအထောက်အကူဖြစ်စေသလို ခန္ဓာကိုယ်ကို ပိုတည်ငြိမ်စေမှာပါ။

အပ်စိုက်ကုထုံးနည်းလမ်းသုံးပါ

တရုတ်ရိုးရာ အပ်စိုက်ကုထုံးဟာ ဒူးနာဝေဒနာကို ကုသရာမှာ အထူးထိရောက်တယ်လို့ အနောက်တိုင်း ဆေးပညာမှာကို လက်ခံထားကြပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှု အတော်များများကို ဖြေလျှော့ပေးနိုင်ပါတယ်။

ပေါ့ပါးလွတ်လပ်တဲ့ ဖိနပ်တွေကို စီးပါ

ကျပ်ထုပ်နေတာမျိုး၊ လေးလံနေတာမျိုးဖြစ်နေတဲ့ ဖိနပ်တွေဟာ သင့်ဒူးကို ဖိစီးမှုပိုများစေပါတယ်။ ဒါကြောင့် ဒူးနာနိုင်ခြေကလည်း ပိုမြင့်မားမှာဖြစ်သလို ကြွက်သားတွေလည်း ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် ဖိနပ်ရွေးချယ်ပုံပြောင်းလဲလိုက်ရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်သွားနိုင်တာကို သိစေလိုပါတယ်။

အပူချိန်ကို လိုအပ်သလို ချိန်ညှိပါ

တကယ်လို့ ဒူးနာနေပြီဆိုရင် ပထမ ၄၈-၇၂ နာရီကြားမှာ အအေးဝတ်ပတ်ထားတာမျိုး၊ ရေခဲကပ်တာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်ကို မိနစ် ၂၀ ဝန်းကျင်၊ တစ်နေ့ကို ၄ ကြိမ်နှုန်းနဲ့ပေါ့။ ပြီးရင်ရေနွေးလေးနဲ့ ရေပြန်ချိုးပေးဖို့ လိုအပ်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ – ဒူးနာတာကို လျော့ပါးစေဖို့ လေ့ကျင့်ခန်းလုပ်နိုင်ပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့ ဝေဒနာကို ပိုဆိုးစေမှာဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် ဆိုးရွားတာတွေ တော်တော်များများ ဖြစ်နိုင်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။