ရန်ကုန်မြို့လယ်ခေါင်တောင် အောက်လမ်းနဲ့အတိုက်ခံရတဲ့စားသောက်ဆိုင်

Local News
ရန်ကုန်မြို့လယ်ခေါင်တောင် အောက်လမ်းနဲ့အတိုက်ခံရတဲ့စားသောက်ဆိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်မြို့လယ်ခေါင်တောင် အောက်လမ်းနဲ့အတိုက်ခံရတဲ့စားသောက်ဆိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်ခေါင်တောင် အောက်လမ်းနဲ့အတိုက်ခံရတဲ့စားသောက်ဆိုင်

အခုလိုခေတ်ပျက်ကြီးထဲမှာ သူတပါးအဆင်ပြေနေတာမြင်ရရင် မုဒီတာမပွားနိုင်ပဲ ရန်လိုအမုန်းတရားထားတတ်ကြတာများလာတာကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ အခုတခါ မှာ ရန်ကုန်ကစားသောက်ဆိုင်တဆိုင်ကို စီးပွားရေးကောင်းနေတာကို မနာလိုမရှုစိမ့်ပဲ ယုတ်ညံ့တဲ့အောက်လမ်းနည်းနဲ့ စီရင်တိုက်ခိုက်ခံနေရတာ အမှန်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်က အခုလိုပဲသူ့ရဲ့facebook acc မှာ အသိပေးလာခဲ့တာဖြစ်ပါတယ် “Cbမှာစာတွေ တောက်လျှောက်ဝင်နေတာ။မေ မနက်ထဲက ရင်တွေတုန်ပြီး ဘာမှ မစားရသေး။


ခေါင်းမူးလို့ စာမပြန်နိုင်သေးလို့ပါနော် ။
ဖြစ်တာက ဒီလိုညဘက်လုပ်နေတာကို မြင်တဲ့သူက လိုင်းပေါ်တင်ရာက စပြီးစာတွေပို့ ဖုန်းတွေဆက်ကြနဲ့ အားလုံးကစိတ်ပူပေးကြတာဆိုတော့ လူသိသွားတာပါ ။
အခုလိုချစ်ခင်ပေးလို့ ကျေးဇူးတင်ပါတယ်နော်။

မေတို့လဲ မပြောင်းနိုင်သေးတော့ ဘာမှ ကိုယ့်ဘက်က ခံရပေမဲ့ မပြောလိုပါရှင် ။အဲ့ကိစ္စသိသိချင်းအမတယောက်က ဆိုင်ရှေ့မှန်ကပ် တန်ပြန်တယ်ဆိုလို့ လမ်းထပ်က မှန်သွားဝယ်ကပ်တာ ခဏနေတော့ မှန်က သူ့အလိုလိုကွဲသွားပါတယ်။

အဲ့ဒါအဆိုးဆုံးပဲလားဆိုတော့ အဲ့မတိုင်ခင် သရဲကားထဲကလို တဆိုင်လုံးကြုံရတာတွေ ရှိပါတယ်။ဝန်ထမ်းကလေးတွေရှေ့ ကိုယ်က အကြီးပီပီကြောက်ပြလို့ မရပေမဲ့ ခံစားရတာ တကယ်စိတ်တွေလဲ ညစ်နေပါပြီ။ပြောရင်လဲ ဆိုင်ကလူတွေပဲကြုံတာမို့ အရူးတွေထင်မှာဆိုးလို့ မပြောတော့တာပါ။CCTVနဲ့ ဆိုင်ကကလေးတွေ အကုန်သိ။

ကိုယ့်ကိုသိတဲ့ ချစ်ခင်တဲ့အထက်လမ်းဆရာတွေ မှန်သမျှက လာပြီးကူညီကြတာ။သူတို့လဲ လက်တွေ့သိသွားပါတယ်။အဲ့လောက်သိသိသာသာကြီးကိုဆိုးရွားနေတာပါနော်။
လက်ရှိမှာ မေ စိတ်အခြေအနေရော /လူရော တော်တော်ပင်ပန်းနေလို့ စာတွေ ပြီးမှ ပြန်ပေးပါ့မယ်နော်။စိတ်ပူပေးတာ ချစ်ပေးတာ ကျေးဇူးတင်ပါတယ်နော် ။” ဆိုပြီး အသိပေးပြောပြထားတာဖြစ်ပါတယ်။ လူတွေများသူတပါးအဆင်ပြေနေရင်ဘာလို့ မုဒီတာမပွားနိုင်ကြလဲ မသိပါဘူး ပရိသတ်ကြီးရေ။

ရေးသားသူ – May Myat Noe’s Facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။