Near future love life (timeless) reading

Astrology

Near future love life (timeless) reading
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Near future love life (timeless) readingဆိုတဲ့tarot ဗေဒင်လေးပဲ ဖြစ်ပါတယ်။


အချစ်​​ရေး​လေး ဖတ်​ပေးပါမယ်
Single/RS ကြည့်နိုင်ပါတယ်
Near future love life (timeless) reading အတွက် ​ရွေးလို့ရပါပြီ

 

 

 

 

 

Pile 1 –
RS ​လေး​တွေ အချစ်နဲ့ပတ်သက်ပြီး အပူတပြင်းဖြစ်တာ​လေး​တွေ၊ အချစ်လွန်တာ​လေး​တွေ ​လျော့ရပါမယ်
အရမ်း​တွေသ၀န်တို အူတိုရင်းက​နေ ကိုယ့်ဘက်ကကြီး​ပေးဆပ်ရတဲ့အ​​​နေအထား​ရောက်မှန်းမသိ ​ရောက်တတ်ပါတယ်
အ​ပေးအယူမမျှတဲ့ အချစ်​ရေး​တွေမှာ အခန့်မသင့်ရင် မကြာခဏစကားများရန်ဖြစ်က​​နေ ပြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်
အဓိက အနိုင်ရချင်တဲ့စိတ်​ကြောင့် ထင်ရာဆိုင်းတတ်တာပါ
၂ ဖက်လုံးက အ​ပေးအယူမျှမျှချစ်တတ်ရင်​တော့ အချစ်​တွေပိုပိုတိုးလာပြီး ဘယ်သူခွဲခွဲဒို့မကွဲပါဘူး
Single ​တွေက crush ရှိသူ​တွေက သူများနဲ့အပြိုင်လုရတတ်ပါတယ်
ကိုယ့်ဘက်က လက်​ဆောင်​တွေ​ပေး ရှယ်အမ်းရင်​တောင် အဖတ်လုပ်မခံရလို့ အသဲကွဲတတ်ပါတယ်
Crush မရှိသူများ အချစ်​ရေးအတားအဆီးနည်းနည်းရှိ​နေပါတယ်၊ ကိုယ်နဲ့အဆင်​ပြေ​လောက်တဲ့သူနဲ့ ​တွေ့ရင်​တောင်ပတ်၀န်းကျင်​ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်
အသဲကွဲခဲ့ရရင်​တော့ အဲ့ဒဏ်ရာ​တွေ healed ဖြစ်သွားပြီး အချစ်သစ် ၁ ခုစဖို့အသင့်ဖြစ်​နေပါလိမ့်မယ်
Pile 2 –
RS ​လေး​တွေ ​နေရာချင်း​ဝေးကွာ​နေသူ​တွေ အထီးကျန်ဆန်တတ်ပါတယ်
ချစ်သူက ရပ်ဝေးသွားရတာ ခွဲခွာရတာမျိုးကြုံရပါလိမ့်မယ်
လွမ်း​ဆွေးရမယ့်အချိန်​လေး​ပေါ့၊ ညဘက်​တွေ​တောင် အိပ်မ​ပျော်ဖြစ်တတ်ပါတယ်
အဲ့အချိန်​လေးမှာ သံ​ယောဇဥ်ပိုတိုး​​အောင် လုပ်နိုင်ပါလိမ့်မယ်၊ ပိုပိုချစ်လာတာမျိုး​ပေါ့
၁ ဖက်က အရမ်းခက်ပြတ်ပြတ်​ပြောတတ်တာ​လေး​တွေ နားလည်​ပေးရပါလိမ့်မယ်
ချစ်သူကိုအူတိုလို့​ဝေး​နေတုန်း checking လိုက်တာ​တွေ​တော့ရှိမှာ​ပေါ့​လေ (ခွင့်လွှတ်လိုက်ပါ)
Single ​တွေ crush ရှိရင် အ​ခြေအ​နေတခုအ​ပြောင်းအလဲကြုံမယ်၊ နီးစပ်ဖို့ အခွင့်အ​ရေးရှိရင်လက်လွတ်မခံပါနဲ့ ကိုယ်ချစ်​ကြောင်းသိ​အောင်ပြပါ၊ မဟုတ်ရင် single ဘ၀ကမကျွတ်ပါဘူး ပြတ်သားပါ​​စေ
Single (crush မရှိသူ)က​တော့ ခရီးသွားရင်း ရင်ခုန်ရသူ​တွေ့တတ်ပါတယ်၊ အရင်လူ​တွေ​ကြောင့် ၀မ်းနည်းတာ​တွေ ရပ်ပြီး confidence ရှိရှိ​နေပါ
ကိုယ့်ကိုသ​​ဘောကျ​နေသူလဲ ရှိ​နေပါတယ်၊ စိတ်ထဲ အလိုလို​နေ​ရင်း အထီးကျန်​နေတတ်​​ပေမယ့် ကိုယ်ထင်သ​လောက်မဆိုးတဲ့ အချစ်ဇာတ်လမ်း​လေး​ပေါ်လာနိုင်ပါတယ်
Pile 3 –
RS ​တွေ အိမ်​ထောင်ပြုဖို့အ​ရေး ​ဆွေး​နွေး​ပြောဆိုပြီး စိတ်ပင်ပန်းရတတ်ပါတယ်
ကိုယ့်ဘက်က အရာရာစလုပ်​နေရတဲ့အတွက် တခါတခါအနားယူဖို့အချိန်လိုအပ်ပါလိမ့်မယ်
အိမ်​​​ထောင်​ရေးအတွက်ပြင်ဆင်​နေသူ​တွေ ၄ လ​နေမှအဆင်​ပြေပါလိမ့်မယ်
အဲ့မတိုင်ခင်ဆို သိပ်မ​ကောင်းပါ
တခုခုဆို ချစ်သူကြား/နှစ်ဖက်မိဘနဲ့ပတ်သက်ပြီး အတိုက်အခံ​လေး​ပြောပြီးမှ ​အောင်မြင်တတ်ပါတယ်
အိမ်က သ​ဘောမတူသူ​လေး​တွေ စိတ်ရှည်ပါ၊ ၄ လ​နေအဆင်​ပြေပါလိမ့်မယ်
အနည်းဆုံး engaged or ၂ ဖက်​တွေ့ဆုံပွဲ​တော့ မဖြစ်ဖြစ်အောင်လုပ်တတ်ပါတယ်
၂ ဦးကြား မာနအားပြိုင်တတ်တာ​လေး​တွေ သတိထားပါ
Single ​တွေ crush ရှိရင် ၄ ပတ်က​နေ ၆ ပတ်အတွင်းအဆင်​ပြေလာနိုင်ပါတယ်
တခုရှိတာက crush ဘက်ကစိတ်၀င်စား​ကြောင်း ပြလာချိန်ကျ ကိုယ့်ဘက်ကစိတ်မပါ​​တော့တာ​တွေ၊ ​ချေ​တာ​တွေဖြစ်တတ်တယ်
​သေချာစဥ်းစား​ပေါ့​​နော် အခွင့်အ​ရေး ၂ ခါမရဘူး
Crush မရှိသူများ အချစ်​ရေးမှာ အတည်တကျချစ်ပြီး လက်ထပ်မယ့် plan ရှိ​ပေမယ့် အချစ်​ရေးကိုပျင်း​နေတတ်တယ် self-love လုပ်လွန်းပြီး ​အများအမြင်မှာ မာနကြီးတတ်ပုံ​ပေါ်​နေတတ်လို့ လူအမြင်ကတ်ခံရနိုင်လို့ သတိထား​ပေါ့​နော်
အချစ်​ရေး ၆ ပတ်​နေအဆင်​ပြေလာဖို့ရှိတယ်

ရေးသားသူ – Chaw Tarot Reading

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။