ဟောက်တာကို သက်သာစေတဲ့ အစားအစာ များ

Health
ဟောက်တာကို သက်သာစေတဲ့ အစားအစာ များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟောက်တာကို သက်သာစေတဲ့ အစားအစာ များဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟောက်တာကို သက်သာစေတဲ့ အစားအစာ များ

ညဘက်ဟောက်တဲ့ အသံ က ကိုယ်နဲ့ တစ်အိမ်ထဲမှာ အိပ်နေသူတွေအတွက် အနှောင့်အယှက်ဖြစ်ပါတယ်။အထူးသဖြင့် ကိုယ်က တခြားသူတွေနဲ့ အတူ တိုက်ခန်းငှားပြီး စုနေတာမျိုး၊ အဆောင်မှာနေတာမျိုးဆိုရင် ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ညဘက် အိပ်စက် တဲ့အခါမှာ ဟောက်သံ ထွက်တယ်ဆိုတာလည်း အသက်ရှူလမ်းကြောင်း မှာ လေရှူတဲ့အချိန်မှာ အခက်အခဲဖြစ်နေ အတားအဆီးဖြစ်နေလို့ကြောင့်ပါ။

Snoring - Symptoms and causes - Mayo Clinic

အောက်စီဂျင် ရရှိတဲ့နှုန်း ကျလာတဲ့အခါမှာ ဟောက်တာဖြစ်ပြီး အောက်စီဂျင်ရတဲ့နှုန်းပုံမှန်ဖြစ်အောင် ရှူလိုက်တဲ့အခါမှာ အသံ ကျယ်ကျယ်လောင်လောင် ထွက်လာတာပါ။ လေက ကျဉ်းမြောင်းတဲ့ လေပြွန်ကို ဖြတ်သန်းရလို့ဖြစ်ပါတယ်။

တိုဖူး

တိုဖူး က အသက်ရှူ လမ်းကြောင်းစနစ်ကို ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တာကြောင့် ဟောက်တာကိုလျော့နည်းစေပြီး ကိုယ်အလေးချိန်ကိုလည်းကျစေပါတယ်။

ပျားရည်

ပျားရည် မှာ အဟာရဓာတ်ပေါင်းများစွာနဲ့ သဘာဝ သကြားတွေပါဝင်ပြီး အိပ်တာကို ထိခိုက်နိုင်တဲ့ ပြဿနာတွေကို အကောင်းဆုံးတိုက်ခိုက်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။

သူက လည်ပင်းနဲ့ လေပြွှန်ကို ပျော့ပြောင်းစေပြီး လေပြွှန်ကျဉ်းလာတာကြောင့် ဟောက်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

သူ့မှာ အိပ်ကောင်းစေဖို့ လိုအပ်တဲ့ Melatonin ဓာတ်လည်းပါဝင်ပါတယ်

What Causes Snoring: Its Effect On Oral Health | Colgate®

အဆီ များတဲ့ ငါး များ

အဆီ များတဲ့ငါး တွေမှာ Antioxidants တွေနဲ့ Omega-3 Fatty Acids တွေပါဝင်ပြီးဒါတွေက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ဓာတ်တွေဖြစ်ပါတယ်။

အဲ့ဒီအပြင် လည်ပင် ကြွက်သား တွေကို ပျော့ပြောင်းစေပြီး အသက်ရှူဖို့ ခက်ခဲတာတွေကိုလည်း ကူညီပေးနိုင်ပါတယ်။

ဒီလို အဆီ များတဲ့ငါးတွေကို တစ်ပတ် ၂ ခါစားရင် သွေးလွှတ်ကြောကို ဆေးကြောပေးပြီး၊ ကယ်လက်စထရော ဓာတ်မြင့်မားမှုကိုလည်း လျော့ချပေးကာ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။