နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့နဲ့ ပိုကောင်းတဲ့ မှတ်ဥာဏ်အတွက် ပန်းရောင်အသံ (pink noise) ကိုနားဆင်ပါ

Health Knowledge
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့နဲ့ ပိုကောင်းတဲ့ မှတ်ဥာဏ်အတွက် ပန်းရောင်အသံ (pink noise) ကိုနားဆင်ပါ

ကျွန်တော်တို့ လူသားတွေအားလုံး အိပ်စက်ခြင်းကို နှစ်သက်ကြပါတယ်။ လူတော်တော်များများဟာ တစ်မှေးလောက်အိပ်ရတဲ့ အိပ်ချိန်လေးအတွက်တောင် ကောင်းမွန်တဲ့ ခေါင်းအုံးရွေးချယ်ခြင်းကစလို့ ပြီးပြည့်စုံတဲ့ အခန်းအပူချိန်ညှိခြင်းတွေအထိ အတောမသတ်နိုင်တဲ့ မစ်ရှင်တွေနဲ့ ပြုလုပ်တတ်ကြပါတယ်။ နောက်ထပ် သင့်ရဲ့အိပ်ချိန်တွေကို မြှင့်တင်ပေးနိုင်မယ့် အရာကတော့ ‘ပန်းရောင်အသံ’ (pink noise) ဖြစ်ပါတယ်။

ချိုမြိန်တဲ့ အိမ်မက်တွေကို ပန်းရောင်နဲ့ ဖန်တီးလိုက်ပါ

သင့်မှာ အေရီရန်နာ ဟပ်ဖ်န်တန် (Arianna Huffington) လို အိပ်ချိန်နဲ့ပတ်သတ်ပြီး ထူးခြားတင်းကြပ်တဲ့ နည်းလမ်းတွေတော့ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံး အိပ်ချိန်နီးလာတဲ့အခါ စမတ်ဖုန်းကို လိုတာထက်ပိုပြီး မသုံးစွဲသင့်တော့ဘူး ဆိုတာကိုတော့ သင်သိမှာပါ။ ညအချိန် ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ များများအားထုတ်မလား (သို့) နည်းနည်းလေးပဲ အားထုတ်မလားလို့ ဆိုရင်တော့ အားထုတ်မှုနည်းနည်းလေးနဲ့ ခဏတာအတွင်း သင့်ကိုအိပ်မက်ကမ္ဘာထဲ ဆွဲခေါ်သွားနိုင်မယ့် ပန်းရောင်အသံ (pink noise) ကိုသာရွေးချယ်လိုက်ပါ။

အဖြူရောင်အသံ (white noise) ဆိုတာကို သင်သေချာပေါက် ကြားဖူးပါလိမ့်မယ်။ ပန်းရောင်အသံ (pink noise) ဆိုတာဟာလည်း အဖြူရောင်အသံ (white noise) နဲ့ တော်တော်လေးဆင်တူပါတယ်။ ပန်းရောင်အသံ (pink noise) ဟာ ထူးထူးခြားခြား အနိမ့် အမြင့်ကြိမ်နှုန်းတွေနဲ့ ပေါင်းစပ်ဖန်တီးထားတာကလွဲလို့ အဖြူရောင်အသံ (white noise) ထက် ပိုပြီးသာယာသလို ပိုပြီးလည်း ငြိမ့်ညောင်းပါတယ်။

ကယ်လီဖိုးနီးယား (Calafornia) နိုင်ငံ၊ ဘာကလေ ဝဲလ်နက်စ် (Barkeley Wellness) တက္ကသိုလ်ရဲ့ဖော်ပြချက်အရ ပန်းရောင်အသံ (pink noise) ဟာ အဖြူရောင်အသံ (white noise) ထက် ပိုမိုနက်ရှိုင်းပြီး သဘာဝတရားရဲ့အသံတွေဖြစ်တဲ့ သစ်ရွက်အချင်းချင်းတိုက်ခတ်သံ၊ ရေတံခွန်နဲ့ စမ်းချောင်းတို့က ရေစီးသံတို့နဲ့လည်း ဆင်တူနေပါတယ်။ အဖြူရောင်အသံ (white noise) ကတော့ လက်ဖက်ရည်အိုးက ရှုးရှုးရှဲရှဲမြည်သံနဲ့ ပိုဆင်တူပြီး ကျွန်တော်တို့ TV လိုင်းပြတ်တဲ့အခါ ဒါမှမဟုတ် ရေဒီယိုလိုင်းဖမ်းတဲ့အခါကြားနေကျဖြစ်တဲ့ အသံတွေနဲ့လည်း ဆင်တူပါတယ်။

လေ့လာတွေ့ရှိချက်အရ ပန်းရောင်အသံ (pink noise) ရော အဖြူရောင်အသံ (white noise) ရောဟာ ကျွန်တော်တို့လူသားတွေကို ကောင်းစွာအိပ်မောကျစေပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ ဇီဝဗေဒအယူအဆဆိုင်ရာ ဂျာနယ်မှာဖော်ပြထားတဲ့ တရုတ်သုတေသနပညာရှင်တွေရဲ့ ၂၀၁၂ ခုနှစ် လေ့လာတွေ့ရှိချက်အရ ပန်းရောင်အသံ (pink noise) ထုတ်လွှင့်ထားတဲ့အချိန်မှာ ပါဝင်စမ်းသပ်ခံသူတွေရဲ့ ဦးနှောက်လှိုင်းဟာ ကောင်းစွာအိပ်မောကျနေတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် နျူရွန် (Neuron) မှာဖော်ပြထားတဲ့ နောက်ထပ်လေ့လာတွေရှိချက်တစ်ခုမှာတော့ ဂျာမန် သုတေသနပညာရှင်တွေဟာ ပန်းရောင်အသံ (pink noise) ရဲ့ကြိမ်နှုန်းကို ပါဝင်အစမ်းသပ်ခံသူတွေရဲ့ ဦးနှောက်လှိုင်းတွေအတိုင်း တန်းတူထုတ်လွှင့်ခဲ့ပြီး အစမ်းသပ်ခံသူတွေဟာလည်း ပန်းရောင်အသံ (pink noise) ထုတ်လွှင့်ထားတဲ့ ဘယ်အချိန်မဆို ကောင်းစွာအိပ်ပျော်နေကြတာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဘယ်လိုအသံမျိုးမှ မထုတ်လွှင့်ထားတာထက် ပန်းရောင်အသံ (pink noise) ထုတ်လွှင့်တဲ့အခါမှာ ကြာကြာ အိပ်စက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ၎င်းအပြင် ပန်းရောင်အသံ (pink noise) စမ်းသပ်အိပ်စက်မှုညကုန်လွန်ပြီး နောက်နေ့မနက်မှာတော့ ပါဝင်အစမ်းသပ်ခံသူတွေဟာ စမ်းသပ်မအိပ်စက်ခင် ဖတ်ခဲ့ကြတဲ့စာလုံးတွေကို အသံထုတ်လွှင့်မှုမရှိတဲ့ စမ်းသပ်ညတုန်းကထက်ပိုပြီး မှတ်မိနေကြတာလည်းဖြစ်ပါတယ်။

သုတေသနပြုချက်အဆင့်တိုင်းမှာတော့ အသံဗလံတွေဟာ သင့်ရဲ့မှတ်ဥာဏ်ကို ပိုပြီးကောင်းလာစေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်ဆိုပြီး ထောက်ခံထားခဲ့ကြပေမယ့် ဘယ်လိုအရောင်ရှိတဲ့အသံတွေကတော့ တခြားအသံတွေထက် ပိုသာပါတယ်ဆိုပြီး မပြောခဲ့ကြပါဘူး။ ဒါ့ကြောင့်မို့ အခုချိန်ကစပြီး သင်နှစ်သက်ရာအရောင်ရဲ့အသံကို ရွေးချယ်နားဆင်နိုင်ပါတယ်။ အကယ်၍ သင်က ပိုပြီးအသံမြင့်တဲ့ကြိမ်နှုန်းတွေကို နားဆင်ပြီး အိပ်စက်ချင်တယ်ဆိုရင်တော့ အဖြူရောင်အသံ (white noise) ကိုရွေးချယ်ပါ။ သင်က စမ်းချောင်းရေစီးသံမျိုးကို နှစ်သက်သူဆိုရင်တော့ ပန်းရောင်အသံ (pink noise) ကိုရွေးချယ်နားဆင်နိုင်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။