သင်မသိသေးတဲ့ ငှက်ပျောရွက်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ

Health
သင်မသိသေးတဲ့ ငှက်ပျောရွက်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင်မသိသေးတဲ့ ငှက်ပျောရွက်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင်မသိသေးတဲ့ ငှက်ပျောရွက်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများ

ရှေးကတည်းက ငှက်ပျောရွက်လေးကို ရေစင်အောင်ဆေးပြီး အစားအစာတွေကို ထုပ်စားတဲ့ အကျင့်ရှိ ခဲ့တာ ပါ။ အဲဒီလို ငှက်ပျော ရွက်နဲ့ ထုပ်ထားတဲ့ အစာ ကစားပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက် ရုံပါပဲ။ပလပ်စ တစ်လိုမျိုး သဘာဝ ပတ်ဝန်းကျင် ကိုလည်း မထိခိုက်စေပါဘူး။ ပိုတက်ဆီယမ်ပါဝင်မှု များပြားတဲ့ ငှက်ပျောသီးရဲ့ ကောင်းကျိုး ကိုလည်း သင်သိပြီးဖြစ် မှာပါ။ ဒီတစ်ခါမှာတော့ ငှက်ပျောရွက်ရဲ့ အသုံးဝင် ပုံတွေကို မျှဝေပေး သွားပါ မယ်။

ဗိုက်အောင့်ခြင်းအတွက်

ငှက်ပျောရွက်နုနုကို ယူပြီး ရေဆေးကာ ဗိုက်ပေါ်ကပ်ထားပေးပါ။ ငှက်ပျောသီးကသာ သင့်ကျန်းမာရေးကို ကောင်းစေတာ မဟုတ်ဘဲ ငှက်ပျောရွက်ကလည်း သင့်ခန္ဓာကိုယ် နာကျင် ကိုက်ခဲမှုတွေ သက်သာစေပါတယ်။

အရေပြားဝေဒနာများအတွက်

အရေပြားယားယံတာ၊ ဗောက်ထလို့ ဦးရေပြားမှာ အဖက်အဖက်တွေ လန်နေတာ၊ နေလောင်ဒဏ်ကြောင့် နာကျင်နေတာ တို့ဖြစ်ရင် ငှက်ပျောရွက်က အကောင်းဆုံး ကုသမှုပါပဲ။ ငှက်ပျောရွက်ကို မွှေစက်ထဲထည့်မွှေပြီး နေလောင်တဲ့ အရေပြား၊ ယားယံတဲ့ အရေပြားပေါ် သုတ်လိမ်းပေးပါ။နောက်တစ်နည်းက ငှက်ပျောရွက်ကို ရေအေးထဲဆွတ်ပြီး အေးမြသွားချိန်မှာ အရေပြားပေါ်အုပ်ပေးပါ။

နေလောင်ဒဏ် ရာရရင် ပိုပြီး ထိရောက် အသုံးဝင် ပါတယ်။

ဒဏ်ရာအနာများအတွက်

ငှက်ပျောရွက်မှာ အလန်တွိုင်း ဓာတ် ပါဝင် တာကြောင့် အနာတွေကို မြန်မြန်ကျက်စေပြီး ပိုးမွှားတွေကို သေစေနိုင်ပါတယ်၊ အရေပြား ဆဲလ်တွေကို မြန်မြန်ကြီး ထွားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းအတွက်

ပျား၊ ပင့်ကူ တို့လို အင်းဆက် အကိုက်ခံ ရတာကြောင့် မသက်မသာ ဝေဒနာရရင် ဒါမှမဟုတ် အရေပြားနီမြန်းနေရင် ငှက်ပျောရွက်က အသုံးဝင် ပါတယ်။ ငှက်ပျောရွက်ကို ရေအေးထဲ ဆွတ်ပြီး အေးမြ သွားချိန်မှာ အင်းဆက် အကိုက်ခံ ရတဲ့ အရေပြားပေါ်အုပ်ပေး ပါ။

အဖျားကြီးခြင်းအတွက်

ဖျားလို့ မသက်မသာ ခံစားနေရ တဲ့ အခါ ငှက်ပျောရွက်နုနုကို ရေစင်အောင်ဆေး၊ အုန်းဆီဆွတ်ပြီး နဖူး ဒါမှမဟုတ် လည်ကုပ်ပေါ်တင် ထားပေး ရပါ မယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။