ဘုရားပန်းအိုးဘယ်နှအိုးထားသင့်သလဲ

Astrology Religion
ဘုရားပန်းအိုးဘယ်နှအိုးထားသင့်သလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုရားပန်းအိုးဘယ်နှအိုးထားသင့်သလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘုရားပန်းအိုးဘယ်နှအိုးထားသင့်သလဲ

ကျွန်တော်တို့ဗုဒ္ဓဘာသာ၀င်များအနေနဲ့ ဘုရားပန်းအိုးကို ဘုရားကိုသက်၀င်ကြည်ညိုသဒ္ဓါတရားစိတ်တို့နဲ့အတူ ဆက်ကပ်လှူဒါန်း ပူဇော်ကြတာ အမျိုးမျိုးရှိကြပါတယ်။ အဲဒီလို ပူဇော်ကြတဲ့နေရာမှာ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို အယူအဆအမျိုးမျိုးလည်း ရှိနေကြတာကို တွေ့မြင်နေရပါတယ်။ အထူးသဖြင့် ဘုရားပန်းအိုးထိုးရာမှာ ပန်းအိုးအရေအတွက် မ’ ဂဏန်းအရေအတွက်သာ ထိုးသင့်တယ်ဆိုသူတွေ နဲ့ ကြည်ညိုသဒ္ဓါစိတ်ရှိရင် မ’ဂဏန်းအရေအတွက်မဟုတ်ပဲ စုံဂဏန်းပန်းအိုးအရေအတွက်လည်း ထိုးသင့်တယ်လို့ ယူဆကြသူတွေလည်းရှိကြပြန်ပါတယ်။

နောက်အုပ်စုတစ်ခုကတော့ စုံစုံ ၊ မ’ မ’ ထိုးသင့်ပါတယ်ဆိုတဲ့ အုပ်စုဆိုပြီး အုပ်စု တစ်စုလည်း ထပ်မံရှိနေပြန်ပါသေးတယ် ။ ဒါ​ကြောင့် ဘယ်သူ မှန် မလဲဆိုတာကို ကျမ်းအကိုးအကားနဲ့ လေ့လာကြည့်ကြပါစို့ရဲ့လား ခင်ဗျာ။

၁။ ပန်း ဘာကြောင့် ကပ်ရသလဲ?
၂။ ပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?

၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ် ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူအများ ဘုရားဖူးတရားနာလာကြကုန်၏။
ခရီးကပမ်း လမ်းကကြမ်းတာကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။ တချို့မှာချွေးနံ့တထောင်းထောင်းနှင့် ဘုရားရှင်သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော်တစ်ခုလုံး အနံ့သက်တွေကမကောင်း။

ဒါကို သတိပြုမိတဲ့ ညီတော်အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာပရိသတ်အကြားမှာ ပန်းနံ့သာတွေကို ထားပေးခဲ့ကြပါတယ်။

ဘုရားပန်းတွေကြောင့် ပရိသတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီမရောက်တော့ဘူးပေါ့။ တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီးအမောတွေပြေ စိတ်တွေကြည်လင်လာပါတယ်။ တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူးရှိလာတယ်။အဲဒီအချိန်ကစလို့ဘုရားပန်းလှူတဲ့ဓလေ့ဟာစတင်လာခဲ့ပါတော့တယ်။

ပန်းပန်တာမဟုတ်တဲ့အတွက်မာလာဂန္ဓ ဝိလေပနဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး။အပြစ်ကင်းစင်ပါတယ်။

၂။ပန်းအိုးဘယ်နှအိုး ထားရမလဲဆိုတဲ့ အမေးမှာ

နံပါတ် (၁)အဖြေက သက်သေဖြစ်ပါတယ်။ ဘယ်နှအိုးထားထား အပြစ်မရှိပါဘူး။ မိမိတို့ရဲ့ ဘုရား‌ကျောင်း‌ဆောင်နဲ့
လိုက်ဖက်သလိုထားနိုင်ပါတယ်။

(၁)အိုး (၃) အိုး စသည်ဖြင့်မ’ဂဏန်းထားမှ (၂ )အိုး (၄) အိုး စသည်ဖြင့်စုံ’ဂဏန်းထားမှလို့ဘုရားဟောမှာ မရှိခဲ့ပါဘူး။

စုံ ၊ မခွဲပြီးလှူဒါန်းတာကဗုဒ္ဓဘာသာရဲ့ အယူအဆမဟုတ်ပါ။မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားကဘယ်နှအိုးထားမှတင့်တယ်မယ်ဆိုတာကိုချင့်ချိန်တတ်ဖို့ပဲအရေးကြီးပါတယ်။

တချို့က ယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက်အမျိုးမျိုးလှူဒါန်းကြပါတယ်။ ဘယ်လိုပဲလှူလှူ ကုသိုလ်က ကုသိုလ်ပါပဲ။ ဘုရားပန်းတွေလန်းတော့ ဘုရား‌ကျောင်း‌ဆောင်လည်း မင်္ဂလာကျက်သရေ တိုးတာပေါ့။

တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သောသူတော်စင် ပရိသတ်အပေါင်း ကပ်သုံးပါး နှင့် ဝေး၍ အမြတ်ဆုံးတရားနှင့် အေးပါစေ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ လန်းဖြာကြပါစေ ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။