အိမ်မှာခွေးတစ်ကောင်ရှိလျှင်သိထားသင့်သောနိမိတ်များ

Astrology
အိမ်မှာခွေးတစ်ကောင်ရှိလျှင်သိထားသင့်သောနိမိတ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်မှာခွေးတစ်ကောင်ရှိလျှင်သိထားသင့်သောနိမိတ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်မှာခွေးတစ်ကောင်ရှိလျှင်သိထားသင့်သောနိမိတ်များ

၁။ သမီးရည်းစား နှစ်ယောက် တွဲလျှောက်နေတဲ့ကြားထဲ ခွေးတစ်ကောင်ဝင်တိုးရင် အဲဒီနှစ်ယောက် မကြာခင် ရန်ထthetရတတ်ပါတယ် ။

၂။ မိန်းကလေး တစ်ယောက် ခြေထောက်ကြား ခွေးဝင်တိုးရင် မကြာခင် အဖေဆူတာ ၊ လင်မယား ရန်ဖြစ်ရတာမျိုး ကြုံရတတ်တယ် ။

၃။ တစ်နှစ်နဲ့ အောက် လသားအရွယ်ကလေးငယ်ကို ခွေးလျှာနဲ့လျက်ရင် အဲဒီကလေးက ဆေးစွမ်းထက်စေပါတယ် ။ သူတိုက်တဲ့ဆေး ၊ လိမ်းပေးတဲ့ဆေးဟာ ပိုစွမ်းတယ် ။

၄။ ပျောက်ခဲတဲ့အနာ ၊ အရိုးအဆစ်နာကို ခွေးလာလျှက်ရင် ဆေးကုပေးတာပါ ။ မကြာခင် ပျောက်ကင်းပါလိမ့်မယ် ။

၅။ အိမ်လာတဲ့ ဧည့်သည်ကို ခွေးက မျက်ခြည်မပြတ်စောင့်ကြည့်နေရင် အဲဒီဧည့်သည်မှာ အကြံဆိုးကြီးတစ်ခုခု ရှိတတ်ပါတယ် ။ မကြာသေးမီ က ကွယ်လွန်သွားတဲ့ အင်္ဂလန် ဘုရင်မကြီး ရဲ့ နန်းတော်ကို ရုရှသမ္မတပူတင်လာရောက်စဥ်က ဒီလိုဖြစ်စဥ်မျိုးရှိခဲ့ဖူးပါတယ် ။

၆။ ဘာမှ မရှိတဲ့ နေရာကို စူးစိုက်ပြီးဟောင်ရင် ပရလောကသားတွေကို မြင်ရလို့ပါ ။ လှုပ်တာနဲ့ သူ့ဖက်မလာအောင် ဟောင်တဲ့သဘောပါ ။

၇။ ဘယ်ခြေနဲ့ခွေးချေးတက်နင်းမိရင် ကံကောင်းစေတယ် ၊ ညာခြေနဲ့တက်နင်းမိရင်တော့ ကံဆိုးတတ်ပါတယ် ။

၈။ လမ်းဘေးခွေးလေး ကိုယ့်နောက်တကောက်ကောက်လိုက်လာရင် အကျိုးပေးမယ့်ခွေးပါ ။ မွေးစားသင့်လှပါတယ် ။ မိုးရွာထဲမှာ ကိုယ့်နောက်ကို ခွေးလိုက်လာရင်တော့ နိမိတ် မကောင်းဘူး

၉။ ကိုယ်နဲ့ မသိတဲ့ခွေး ခပ်တည်တည်နဲ့ အိမ်ပေါ်တက်လာရင် မကြာခင်မှာ မိတ်ဆွေကောင်းတွေ ရတတ်တယ် ။

၁၀။ ခွေးတွေ အကြိုအကြားကြား ပုန်းအိပ်နေရင် မိုးလေပြင်းထန်တတ်ပါတယ် ။
၁၁။ ခွေး မြက်စားရင် မကြာခင် မိုးလာတော့မှာဖြစ်ပါတယ် ။

၁၂။ သခင် နေမကောင်းချိန် ခွေးအနားလာရင် မောင်းမထုတ်ပါနဲ့ ။ မမြင်ရတဲ့အနှောက်အယှက်တွေကို ကာကွယ် ပေးတာပါ ။

၁၃။ လူမမာရှိတဲ့အိမ်ကို လမ်းခွေးတွေ ဝိုင်းဟောင်တာ ၊ မာန်ဖီတာမျိုးရှိရင် လူမမာကို အထူးဂရုစိုက်ပါ ။

၁၄။ ခြံထဲမှာ ခွေးက တွင်းနက်နက် တူးရင် လူthayတတ်တယ် ။ အတူးမခံပါနဲ့ ။

၁၅။ တကိုယ်လုံးမှာ ထိပ်ပဲကွက်ဖြူတဲ့ခွေး အင်မတန် အကျိုးပေးပါတယ် ။ အချို့ အိမ်ပြောင်းရလို့ အဲဒီလို ခွေးမျိုး ထားပစ်ခဲ့တာ နောက်အိမ်ရှင်က သေချာဂရုစိုက် မွေးပြီး
စီးပွားတက်ပါတယ် ။ ပစ်ထားခဲ့တဲ့သခင်ဟောင်း လူမှုစီးပွားဘဝတွေ ကသောင်းကနင်းတွေဖြစ်ကုန်တာ လက်တွေ့ပါပဲ ။

၁၆။ မနက်စောစော ကိုယ့်ကိုခွေးဟောင်ခံရရင် အဲဒီနေ့မှာ အဆင်မပြေတတ်ပါ ။

၁၇။ ညဖက် လမ်းမှာ ခွေးအမည်းဖြတ်ပြေးရင်နိမိတ်မကောင်းပါ ။

၁၈။ ညဖက် ခွေးမည်း ၊ ကြောင်မည်းတွေကို လုံးဝ မရိုက်ပါနဲ့ ။ ကံဆိုးခြင်းများစွာ သင့်ဆီရောက်လာတတ်ပါတယ် ။

၁၉။ အိပ်မက်ထဲ ခွေးလိုက်လို့ပြေးရရင်တော့ သင်ပူပန်နေတဲ့ကိစ္စတွေ မကြာခင် အဆင်ပြေသွားမှာပါ ။

၂၀။ အိပ်မက်ထဲမှာ ခွေးကိုက်ခံရတယ်လို့ မြင်မက်ပါက သင့်ကို မကျေနပ်သူရှိတယ် ။ အုပ်လိုက် ဝိုင်းကိုက်ရင်တော့ အလုပ်ထဲက လူတွေ သတိထားပါတော့ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။