၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မှ အောက်တိုဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( October 16 to October 22 )
===============================================

ယခုအပတ်သည် Aries ရာသီခွင်များအတွက် ကျန်းမာရေး ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ကျန်းမာရေး တိုးတက်မှုနှင့် အတူ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါမယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ ငွေကြေး အကျိုးခံစားခွင့်များ‌ကြောင့် များပြားသော ငွေပမာဏကို ရရှိတတ်ပါတယ်။ သို့‌သော် ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ယုံကြည်မှု အလွဲသုံးစား ခံရနိုင်ခြေ ရှိနေပါတယ်။

Aries ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။မိသားစုဝင်တို့၏ ကြိုးစားအားထုတ်မှုနှင့် အတူ လိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ပြိဿရာသီခွင် – Taurus ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် အတက်အကျများ ရှိနေတတ်ပါတယ်။ လေ့ကျင့်ခန်း၊ ‌ယောဂစသော လှုပ်ရှားမှုများ နေ့စဉ် ပြုလုပ်ပေးပါ။မိမိ၏ ကျန်းမာရေးအတွက် အလုံအလောက် အနားယူပေးပါ။

ငွေရေးကြေးရေးအရ ဝင်ငွေထက် အထွက်ငွေ များနေတတ်ပါတယ်။ အထူးသဖြင့် မိသားစုရေးရာ ကိစ္စရပ်များအတွက် ငွေကြေး ပိုမိုသုံးစွဲရဖွယ် ရှိနေပါတယ်။ ချေးငွေများ ပြန်လည်ရရှိရန် ကြန့်ကြာနေတတ်ပါတယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းမှုများ ရှိနေပါမယ်။ မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်း ရတတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့် အတူ ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် နှလုံးအားနည်းကြသူများ အနေနှင့် ဂရုစိုက်ပေးရပါမယ်။ လိုအပ်သော ဆေးဝါးကုသမှုကို ရယူပေးပါ။

ငွေရေးကြေးရေးအားဖြင့် ပုံမှန်လည်ပတ်နေပါမယ်။ ဝင်ငွေ ကောင်းမွန်နေနိုင်သော်လည်း ပိုက်ဆံ အခိုးခံရခြင်း၊ ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်းများ ကြုံတွေ့ရတတ်၍ ဂရုစိုက်ပေးပါ။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေနိုင်ပါမယ်။သို့သော် အစားအသောက်နှင့် ဂရုစိုက်ဆင်ခြင်ပေးရပါမယ်။ အဆီအစိမ့် လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုသူများ၊ စီးပွားရေးချဲ့ထွင်ကြလိုသူများ အတွက် အပြုအမူတိုင်းကို သတိထားပေးရပါမယ်။ အနှောင့်အယှက် အချို့ကြောင့် မိမိမျှော်မှန်းထားသော အမြတ်အစွန်းကို ရရှိရန် ခက်ခဲနေတတ်ပါတယ်။

ဤကာလအတွင်း မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ မိမိ စွမ်းဆောင်နိုင်ရည်ထက် ပို၍ တာဝန်မယူပါနှင့်။

သိဟ်ရာသီခွင် – Leo ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ် နေနိုင်ပြီး စိတ်ဖိစီးမှုများ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ခရီးဝေး သွားလားခြင်းများကို ရှောင်ကြဉ်ပေးပါ။ ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေးရပါမယ်။ ယခင်က ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ငွေကြေး အကျိုးခံစားခွင့် ရရှိနိုင်သော်လည်း အချို့သော တောင်းဆိုမှုများကို ဖြည့်ဆည်းရခြင်းကြောင့် ငွေကြေး သုံးစွဲရနိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း မိတ်ဆွေဟောင်း၊ သူငယ်ချင်းဟောင်းတို့နှင့် တွေ့ဆုံရတတ်ပါတယ်။

ကန်ရာသီခွင် – Virgo ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးအားဖြင့် ကောင်းမွန်နေပါမယ်။ ရောဂါကြီးကြီးမားမားမား မဖြစ်ပေါ်နိုင်ပေ။ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့် အတူ အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရား ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အခွင့်အလမ်းများနှင့် အတူ တိုးတက်မှုများ ရှိနေပါမယ်။ ကိုယ်ပိုင်း စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း မိမိမျှော်မှန်းထားသည်ထက် သာလွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

သို့သော် မိသားစုရေးရာ ကိစ္စရပ်တွင်မှု အနှောင့်အယှက် အချို့ ရှိနေတတ်ပါတယ်။ အကယ်၍ ခရီးထွက်ရန် စီစဉ်နေပါက မိသားစုဝင် တစ်ဦး၏ ကျန်းမာရေးချို့တဲ့မှုကြောင့် အချိန်အတိုင်း အတာတစ်ခုအထိ ရွှေ့ဆိုင်းခံရဖွယ် ရှိနေပါတယ်။

တူရာသီခွင် – Libra ( October 16 to October 22 )===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတို့ကြောင့် ရောဂါဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်သော အနေအထားတွင် ရှိနေပါမယ်။ ယခင်ကြုံတွေ့နေရသော အကျပ်အတည်းများမှ လွတ်မြောက်နိုင်ဖွယ် ရှိနေပါတယ်။ သို့သော် ငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်၍ လက်လွတ်စပယ် ကတိမပေးမိပါစေနှင့်။ မဟုတ်ပါက အရှုပ်အထွေးများကြားတွင် ဆုံးရှုံရတတ်ပါတယ်။

ဤကာလအတောအတွင်း အလုပ်တာဝန်များပြားနေသောကြောင့် Libra ရာသီခွင်တို့သည် မိသားစု ဘဝအတွက် အချိန်အလုံအလောက် ပေးနိုင်မည် မဟုတ်ပေ။

ဗြိစ္ဆာရာသီခွင် – Scorpio ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် တက်ကြွမှု ရှိနေပါမယ်။ ရာသီ အကူးအပြောင်း အသေးအမွှား ပြဿနာ ရှိနိုင်ပေမယ့်လို ကြီးကြီးမားမား ရောဂါဝေဒနာ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။

ငွေရေးကြေးရေးအရ ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ ‌ဝင်ငွေသည် ကောင်းမွန်နေနိုင်သော်လည်း လက်ထဲတွင် မတည်မြဲနိုင်‌ပေ။ အထွက်ငွေ ကြမ်းနေတတ်ပါတယ်။

ဒ့ါ့အပြင် မိသားစုဝင်အချို့၏ ကျန်းမာရေးအတွက် ငွေကြေး အချို့ သုံးစွဲရဖွယ် ရှိနေပါတယ်။ ဤကာလအတွင်း Scorpio ရာသီခွင်တို့သည် မိသားစုဝင်များနှင့် အတူ ပျော်ရွှင်စရာ အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါမယ်။ ဒါ့အပြင် မင်္ဂလာအခါသမယများ ကျင်းပဖွယ် ရှိနေပါတယ်။

ဓနုရာသီခွင် – Sagittarius ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အပြောင်းအလဲ အချို့ ကြုံတွေ့ရတတ်ပါတယ်။ အချို့သော ရာသီခွင်များ အနေနဲ့ ခံစားနေရသော ရောဂါ ဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။ ခန္ဓာကိုယ် ကျန်းမာစေရန် အတွက် အာဟာရ ပြည့်ဝသော အစားအသောက်များကို စားသုံးပေးပါ။

ငွေရေးကြေးရေးအရ မလိုလားအပ်သော အသုံးစရိတ်အချို့ ရှိနေနိုင်ပါမယ်။ သို့သော ဝင်ငွေ ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေသောကြောင့် စိုးရိမ်စရာ မလိုအပ်ပေ။

မိသားစုအတွင်း သတင်းကောင်းများကြောင့် ပျော်ရွှင်နေရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကောင်းမွန်လာပါမယ်။ သို့သော် အခြားသူများနှင့် စကားပြောဆိုရာတွင် အနည်းငယ် ချီတုံချတုံ ခံစားရတတ်ပါတယ်။ မိမိကိုယ်မိမိ ဖိစီးမှုကင်းအောင် နေထိုင်ပေးပါ။

လက်ရှိလုပ်ငန်းကို တိုးချဲ့ရန် အတွက် ချေးငွေများ ရယူဖွယ် ရှိနေပါတယ်။ ငွေကြေး ကိစ္စရပ်များနှင့် ပက်သက်၍ အစောကတည်းက သတိထားပေး ရပါမယ်။ လိုအပ်သော စာရွက်စာတမ်းများကို ပြည့်စုံအောင် ဖြည်းပေးရပါမယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် နွေးထွေးမှု ရရှိအောင် ညှိနှိုင်းဆောင်ရွက်မှုများ လိုအပ်ပါလိမ့်မယ်။ မိသားစုဝင်တို့၏ သဘောထားကို ထည့်သွင်း စဉ်းစားပေးပါ။ အကြောင်းကိစ္စ တစ်ခုခုနှင့် ပက်သက်၍ ဆုံးဖြတ်ချက် ချရမည် ဆိုပါက မိသားစုဝင်တို့၏ အကြံဉာဏ်များကိုလည်း ရယူနိုင်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( October 16 to October 22 )
===============================================

ယခုအပတ်သည် Aquarius ရာသီခွင်များအတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ကြီးကြီးမားမား ရောဂါဝေဒနာ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။ မိမိ၏ ကျန်းမာရေးအပြင် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။

ငွေရေးကြေးရေးအရ အခြေအနေ ကောင်းမွန်နေပါမယ်။ အထူးသဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် ငွေကြေး ကံတရားသည် ပိုမို အားကောင်းနေပါမယ်။ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် စကားပြောဆိုရာတွင် သတိထားပေးရပါမယ်။ မိသားစုဝင်များ အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။

မိန်ရာသီခွင် – Pisces ( October 16 to October 22 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန် အနေအထားတွင် ရှိနေပါမယ်။ ရာသီအလိုက် ဖြစ်ပွားတတ်သော ဝေဒနာအချို့ ခံစားရနိုင်သော်လည်း ကြီးကြီးမားမား ရောဂါ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် အစားအသောက်နှင့် ပက်သက်၍ ဆင်ခြင်သင့်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေ တိုးတက်ကာ ငွေကြေး စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။ အကယ်၍ အတိတ်ကာလမှ ငွေကြေး ဆုံးရှုံးခဲ့ပါက ယခုအပတ်တွင် သက်သာရာ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစုဘဝတွင် အနည်းငယ် ခက်ထန်နေနိုင်ပါမယ်။ အထူးသဖြင့် မိဘထံမှ စိတ်ဆိုးခြင်း၊ ဆူပူကြိမ်းမောင်းခြင်း ခံရနိုင်ခြေ ရှိနေပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။