တရုတ်ထုတ် လိင်ဖျော်ဖြေရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ဟုအမည်တပ်ကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ၏ ကန်တော့ခံနေမှု လူမှုကွန်ရက်မှုတွင် ဝေဖန်မှုများမြင့်တက်

Local News

တရုတ်ထုတ် လိင်ဖျော်ဖြေရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ဟုအမည်တပ်ကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ၏ ကန်တော့ခံနေမှု လူမှုကွန်ရက်မှုတွင် ဝေဖန်မှုများမြင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်ထုတ် လိင်ဖျော်ဖြေရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ဟုအမည်တပ်ကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ၏ ကန်တော့ခံနေမှု လူမှုကွန်ရက်မှုတွင် ဝေဖန်မှုများမြင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၂
တရုတ်နိုင်ငံထုတ် လိင်ဖြေဖျော်ရေးအရုပ်မ ၂ ခုကို မယ်တော်ကြီး ၂ ပါးဟုဆိုကာ ရွှေတိဂုံစေတီတော်ကားပါကင်တွင် လူအများ ကန်တော့ခံနေသည့် ဓာတ် ပုံများ လူမှုကွန်ရက်မှုတွင် ပြန့်နှံ့လာပြီးနောက် ပြည်သူများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။

အင်းဝိဇ္ဇာဓိုရ် ဆိုသူက တစ်ရုပ်လျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ တန် တရုတ်နိုင်ငံထုတ် လိင်ဖြေဖျော်ရေးအရုပ် ၂ ရုပ်ကို မြန်မာအဝတ်အစားများ ဝတ်ဆင်ပေးပြီး အရိယာ သောတာပန် သူရဿတီ မယ်တော်ကြီး နှင့် သီရိဒေဝီ မယ် တော်ကြီးအမည်တပ်၍ ကားဖြင့်ပင့်ဆောင်ပြီး ရွှေတိဂုံစေတီကားပါကင်တွင် ရင်ငွေ့လှုံ အသက်သွင်းသည်ဟုဆိုကာ လူအများကို ကန့်တော့ခိုင်းခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရွှေတိဂုံစေတီလုံခြုံရေးနှင့် ဂေါပကအဖွဲ့များက လည်း ၀ိုင်းရံ ခွင့်ပြုပေးထားကြောင်း သိရှိရသည်။

ထိုကဲ့သို့ လိင်ဖြေဖျော်ရေးအရုပ်များကို မယ်တော်ကြီးဟု အမည်တပ်၍ ကန် တော့ခံနေမှုသည် သာသနာညိုးနွမ်းစေသည့်အပြင် အများအမြင်လည်း မတင့် တယ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မြန်မာများအတွက် ရယ်စရာဟာသတစ်ခုအဖြစ် လည်းကောင်း ဝေဖန်မှုများစွာ လူမှုကွန်ရက်တွင် တဟုန်ထိုးမြင့်တက်လျက် ရှိသည်ကို မြင်တွေ့ရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။