“ရိုးရိုးလေးတွက်ကြည့်ကိုယ့်အကြောင်းကိုယ်သိ”

Astrology
“ရိုးရိုးလေးတွက်ကြည့်ကိုယ့်အကြောင်းကိုယ်သိ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ရိုးရိုးလေးတွက်ကြည့်ကိုယ့်အကြောင်းကိုယ်သိ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ရိုးရိုးလေးတွက်ကြည့်ကိုယ့်အကြောင်းကိုယ်သိ”

ဥပမာ ။ ။ တွက်မယ့်သူရဲ့ မွေးနေ့က အောက်တိုဘာလ ၊ ၈ ရက်နေ့ ၊ ၁၉၅၀ ဆိုရင်…..
လ + ရက် + နှစ် = ၁၀ + ၈ + ၁၉၅၀ = ၁၉၆၈ ဒီလိုလေး ရိုးရိုးလေး ပေါင်း လိုက်ပါ ။
ပြီးတော့ ရလာတဲ့ အဖြေ ၁+၉+၆+၈ = ၂၄
ပြီးတော့ ရလာတဲ့ အဖြေ ၂+၄ = ၆

ဂဏန်းတလုံး ဖြစ်အောင် လုပ်လိုက်တာပါ ။ ပြီးရင် အောက်မှာ သူ့ နံပါတ်နဲ့ သက်ဆိုင်တဲ့အဖြေတွေကို ကြည့်လိုက်ရအောင် ပေါင်းလိုက်တဲ့ ဂဏန်းတစ်လုံးက

၁ ဆိုရင် လောကမှာ မရှိသေးသောအရာတွေကို တီထွင် ဖန်တီးသူ

၁ ဂဏန်းရသူတွေဟာ မူလဖန်တီးသူတွေပါ ။ သူတို့တွေဟာ ဆန်းပြားတဲ့ အတွေးတွေ အိုင်ဒီယာ တွေနဲ့ ပြည့်စုံနေတဲ့သူတွေပါ ။ ကိုယ့်ကိုတိုင် စဉ်းစား တွေးခေါ်နိုင်တဲ့အတွက်လည်း ခေါင်းမာပါတယ် ။ မိမိယုံကြည်ချက်ကို လွယ်လွယ်နဲ့ မလျှော့ပါဘူး ။ ဒါကြောင့်လည်း ဘ၀မှာ တခါတရံ အောင်မြင် တတ်ပါတယ် ။ သူတို့တွေဟာ ရိုးသားပါတယ် ။ ခေါင်းမာတယ်ဆိုသော်ငြားလည်း သူတို့မှာ သူတစ်ပါးသူတို့ဘက်ပါအောင် စည်းရုံးနိုင်တဲ့ အရည်အချင်း တွေ ရှိတတ်ပါတယ် ။

ဒါကြောင့်လည်း အလုပ်တွေမှာခေါင်းဆောင် သို့မဟုတ် သဌေး ဖြစ်တတ်ပါတယ် ။ သတိထားစရာ အချက် ကတော့ မိမိမှာ စိတ်ကူးစိတ်သန်းကောင်းသော်လည်း လောကမှာ မိမိထက် သာသူတွေ ရှိတတ်စမြဲ ဖြစ်တာကြောင့် ခေါင်းမမာသင့်ဘဲ တခြားသူ အကြံဥာဏ်ကို လက်ခံလျှင် ဘ၀မှာ ပိုအောင်မြင်တတ်ပါတယ် ။

အောင်မြင်သူ ၁ ဂဏန်းသမားများ – Tom Hanks (Hollywood ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ Robert Redford ( Hollywood ရုပ်ရှင်မင်သား၊ ဒါရိုက်တာ၊စာရေးဆရာ ) Nancy Reagan ( အမေရိကန် သမ္မတ ရောနယ်ရေဂင် ၏ ဇနီး ) စသဖြင့် အများကြီးရှိသေး

၂ ဆိုရင် ငြိမ်းချမ်းရေးသမား

၂ သမားတွေက ဗီဇကိုက သံတမန်လို ဖြစ်တယ်။ သူတို့ဟာ တစ်ပါးသူရဲ့ လိုအပ်ချက်တွေ ၊ခံစားချက်တွေကို အရင်ဆုံး စဉ်းစားသုံးသပ်လေ့ ရှိတယ် ။ သိလည်း သိတယ် ။ သူတို့ဟာ တစ်ဦးတည်းနေရတာကို သဘောမကျ ပါဘူး ။ ဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေဟာ သူတို့ အတွက် အလွန် အရေးကြီးပါတယ် ။ ဘ၀မှာ အောင်မြင်ဖို့အတွက် သူတို့မှာ သူငယ်ချင်းကောင်း သို့မဟုတ် ပါရမီဖြည့်ဘက်ကောင်း လိုအပ်ပါတယ် ။

အောင်မြင်ကျော်ကြားသူ ၂ ဂဏန်းသမား – အမေရိကန်သမ္မတ Bill Clinton၊ မက်ဒေါနား၊ သောမတ်အက်ဒီဇင်

၃ ဆိုရင် အတွေးအခေါ်ကောင်းသူ

၃ တွေက ထိုးထွင်းတဲ့ ဥာဏ်ရှိတယ် ။ ဆွဲဆောင်မူကောင်းတယ် ။ romantic ဖြစ်တယ် ။ ပြီးတော့ အေးဆေး သမားတွေပါပဲ ။ သူတို့တွေဟာ ပတ်၀န်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေထိုင်တတ်သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေ အများကြီး ရှိလိမ့်မယ်၊ ချစ်ခင်ဖွယ်ဖြစ်အောင် နေတတ်တဲ့အတွက်လည်း လူချစ်လူခင် များပါတယ် ။ သူတို့တွေဟာ သူတစ်ပါး ပျော်အောင်လည်း အမြဲလုပ်တတ်တယ် ။ ဒါကြောင့် သူတို့ တွေဟာ နာမည်ကြီးတတ်ပါတယ် ။

အောင်မြင်ကျော်ကြားသူများကတော့ – Bill Cosby ( အမေရိကန်ဟာသ ပညာရှင်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ) ၊ Jodi Foster ( ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ )

၄ ဆိုရင် ရှေးရိုးဝါဒီ

၄ တွေဟာ စဉ်းစားချင့်ချိန်တတ်ပါတယ်။ အသိတရားရှိတယ် ။ ဘယ်အချိန်မှာ ဘယ်ပြောမလဲ ဘယ်လုပ်ရမလဲဆိုတာကို ကောင်းစွာ သဘောပေါက် သူတွေ ဖြစ်တယ် ။ အလိုက်သိတတ်တယ် ။ သူတို့ဟာ အရာတစ်ခုကို ကောင်းစွာ သဘောပေါက်မှ အဲဒီအလုပ်ကို စလုပ်တယ် ။ မပေါက်သေးရင် အရင်ဆုံး နားလည်အောင် လုပ်ပြီးမှ အဲဒီအလုပ်ကို စလုပ် ပါတယ် ။

သူတို့ဟာ သဘာ၀အလှကို နှစ်သက်သူတွေဖြစ်ရာ ခရီးသွား ခြင်းကို အထူး စိတ်၀င်စားသူတွေ ဖြစ်ပါတယ် ။ သူတို့တွေမှာ မဆုတ်မနစ် လုပ်တတ်တဲ့သဘောသဘာ၀ရှိရာ တခါတရံ အလွန်ခေါင်းမာ တတ်ပါတယ် ။ ဇွဲ ရှိတဲ့အတွက်ကြောင့်လည်း သူတို့ လုပ်ငန်းတွေမှာ အောင်မြင် တတ်ပါတယ် ။

အောင်မြင်သူများ – ဗိုလ်ချုပ်အောင်ဆန်း ၊ မာဂရက် သက်ချာ (Margaret Thatcher -ဗြိတိန် ရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်) ၊ အာနိုး (Arnold Schwarzenegger)၊Oprah Winfrey (မင်းသမီး၊ အမေရိကန် TV show တွေမှာ အောင်မြင်နေသူ )၊

၅ ဆိုရင် သူများနဲ့ မတူ ထူးခြားသူ

၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်ပါတယ် ။ သူတို့ဟာ ဗီဇကိုက စပ်စုတတ် တယ် ။ ကျရူံးမှာလည်း မကြောက်တတ်ပါဘူး ။ အတန်းထဲမှာ ဆိုရင် မေးခွန်းတွေ တစ်ခုပြီးတစ်ခု သူတို့ ခေါင်းထဲမှာ ထွက်ပေါ်လာတတ်တယ် ။ ဥာဏ်ထက်သူဆိုရင်လည်း မမှားပါဘူး ။ သူတို့မေးလိုက်တဲ့ မေးခွန်းတွေဟာ ဖြေသူက တော်တော်လေးကို ကျွမ်းကျင်မှ သူတို့ သဘောကျတဲ့ အဖြေကိုရတတ်တယ် ။

သူတို့လေးတွေ သတိထားဖို့ကတော့ အကြောင်းအရာတခုကို အလုံးစုံနားလည်အောင် ထောင့်ပေါင်းစုံက ချဉ်းကပ်လေ့လာပြီးမှ ကောက်ချက် ချသင့်ပါတယ် ။ မဟုတ်ရင် အမှားတွေ လုပ်မိတတ်ပါတယ် ။ ဆုံးဖြတ်ချက်ချပြီးရင်လည်း သူဟာ အဲဒီအတိုင်း လုပ်တတ်လို့ပါ ။ ဒါကြောင့် အရာအားလုံးကိုကောင်းကောင်း လေ့လာစေချင်ပါတယ် ။

အောင်မြင်သူများကျော်ကြားသူများ – ဟစ်တလာ၊ မော်စီတုန်း၊ လင်ကွန်း (အမေရိကန် သမ္မတ)၊ Helen Keller

၆ ဆိုရင် စိတ်ကူးယဉ် ဆန်သူ (သို့) သဘာ၀အလှတွေ ၊ သဘာ၀ အဖြစ်အပျက်တွေကို စိတ်ကူးဖြင့် ဖော်နေရာမှာ စိတ်ကူးကောင်းသူ

၆ တွေဟာ ပျော်ပျော်နေတတ်သူတွေဖြစ်ပါတယ် ။ မိသားစု စုစုဝေးဝေး နဲ့ နေထိုင်ရတာကို သဘောကျသူတွေ ဖြစ်ပါတယ် ။ သူတို့ဟာ သစ္စာ ရှိသူ ဖြစ်ပြီး သူတစ်ပါး နားလည်သဘောပေါက်အောင်လည်း စွမ်းဆောင်နိုင်သူဖြစ်ရာ ဆရာအလုပ်တွေမှာ အောင်မြင်တတ်ပါတယ် ။ သူငယ်ချင်း အပေါင်းအသင်းတွေကို သစ္စာရှိသူဖြစ်ရာ မိမိကိုယ် သစ္စာမဲ့ ပြုလုပ်သွားပါက အငြိုးကြီးစွာဖြင့် တစ်သက်လုံး မခေါ်တတ်ပေ ။ သူတို့ဟာ စိ်တ်ကူး စိတ်သန်းကောင်းသဖြင့် တခါတရံ လောကကြီးကို သူတိူ့ ဥာဏ်ပညာဖြင့် ပြောင်းလဲပစ်တတ်ပါတယ် ။

အောင်မြင်ကျော်ကြားသူများ – အိုင်စတိုင်း၊ ကိုလံဘတ်(စ်)၊ Jane Seymour ( အင်္ဂလန် ဘုရင်မ)၊ ဒေါ်ခင်ကြည် ( ဗိုလ်ချုပ်အောင်ဆန်း ဇနီး)၊ ဦးညီပု (ပထမဆုံး မြန်မာသရုပ်ဆောင်မင်းသား)၊ ဦးကျော်ဟိန်း (ရုပ်ရှင်မင်းသား)

၇ ဆိုရင် ဉာဏ်ထက်မြက်သူ

၇ တွေဟာ ရှာဖွေရေးသမားလို့ ပြောလို့ မတတ်အောင်ကို အကြောင်းအရာတစ်ခုပြီးတစ်ခု အမြဲတမ်း လေ့လာ ရှာဖွေ နေတတ်သူပါ ။ သူတို့ကို puzzle game တွေ ဆော့ခိုင်းရင် အရင်ဆုံး အဖြေရှာနိုင်သူပါ ။ သူတို့ဟာ အလုပ် တစ်ခုကိုဘယ်တော့မှ တဇွတ်ထိုး မလုပ်ပါဘူး ။ ဖြည်းဖြည်းနဲ့

အောင်မြင်အောင် လုပ်ပါတယ် ။ သူတို့ဟာ အတွေးအခေါ် ကောင်းသူတွေဖြစ်ပြီး ဗဟုသုတ လည်း နှံစပ်ပါတယ် ။ သူတို့တွေဟာ လျှို့ဝှက်တတ်ပါတယ် ။ သူတို့ ဘ၀ကို သူများတွေ လာစပ်စုတာကို မကြိုက်ပါဘူး ။ အမြဲတမ်း လေ့လာနေသူဖြစ်ရာ ဘာလုပ်လုပ် သူများထက်ကို သာနေတတ်ပါတယ် ။

အောင်မြင်ကျော်ကြားသူ – ဦးဇာဂနာ၊ ဦးဇော်၀မ်း ၊ မင်းသမီး ဒိုင်ယာနာ ၊ William Shakespeare ၊ Michael Jackson Galaxy

၈ ဆိုရင် ပြဿနာရပ်ရပ်တွေကို ဖြေရှင်းနိုင်သူ

၈ တွေဟာ ပြဿနာအရပ်ရပ်တွေကို ခေါင်းအေးအေး နဲ့ ဖြေရှင်းနိုင်သူ ဖြစ်ပါတယ် ။ သူတို့ဟာ ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူတွေ ဖြစ်ပြီး ဆုံးဖြတ်ချက် ချရာတွေလည်း တိကျပြီး အကျိုးရှိတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချတတ်ပါတယ် ။ သူတို့ဟာ ဘ၀ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်း ချင်သူတွေဖြစ်ပြီး ထိုသို့ ဖြတ်သန်းဖို့လည်း သူတို့မှာ စနစ်တကျ လုပ်ထားတဲ့ အစီအစဉ်တွေ ရှိတတ်ပါတယ် ။

သူတို့ဟာ လူအများကို ဦးဆောင် နိုင်သူတွေဖြစ်ပြီး လူသားတိုင်းရဲ့ ရည်မှန်းချက်အများစုကို နားလည် သူ ဖြစ်ပါတယ် ။ လူသားအများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းလိုတဲ့ စိတ်ဆန္ဒတွေ ရှိပြီး ဖြစ်အောင်လည်း လုပ်ပေးနေတဲ့အတွက် သူတို့ရဲ့ ဘ၀ဟာ သူတို့လိုချင်သလို ဖြစ်မလာတတ်ပါဘူး ။ ဒါကြောင့် မိမိ အတွက်နဲ့ တပါးသူ တွေရဲ့ အတွက် မျှမျှတတ စဉ်းစားပြီး လုပ်စေလိုပါတယ် ။

အောင်မြင်ကျော်ကြားသူ – မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဆရာကြီး ဦးသုခ ၊ Edgar Cayce ( စိတ်ပညာရှင် အနောက်နိုင်ငံမှာ ဘ၀ကူးတယ်(သံသရာလည်ခြင်း) အဆိုကို လက်တွေ့ မှန်ကြောင်း လုပ်ပြသူ) ၊

၉ ဆိုရင် ဖျော်ဖြေသူ (သို့) ဂရုဏာရှင်

၉ သမားတွေဟာ ဖျော်ဖြေတက်ဆက်တဲ့ဘက်မှာ ထူးချွန်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဂရုစိုက်တတ်တယ်၊ ကူညီရိုင်းပင်းစိတ်ရှိတယ် နောက်ဆုံး သူ့မှာ ပိုက်ဆံ တစ်ထောင်ပဲ ကျန်လို့ အကူအညီတောင်းလာရင်တောင် သူ့ပိုက်ဆံကို သူများဆီ စွန့်ကြဲတတ်တယ် ။ သူတို့ဟာ ဘ၀မှာ ကံကောင်းတတ်တယ် ။ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားစရာမလိုဘဲ စိုင်ကော်လို့ ချုံ ပေါ် ရောက် ဆိုသကဲ့သို့ မိမိဘက်မှ ကံတရားက အမြဲပါနေတတ်တယ် ။ ကံအရမ်း ကောင်းသူပါ ။

အောင်မြင်ကျော်ကြားသူ – Elvis Presley (ပရက်စလေ ဂန္တ၀င်အဆိုတော်) ၊ Jimmy Carter ( အမေရိကန် သမ္မတ) ၊ Harrison Ford ( India Jones ရုပ်ရှင် သရုပ်ဆောင် ) ၊ မာသာထရီဆာ( Mother teresa)

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။