အလေးချိန် ပေါင် ၆၀၀ ရှိတဲ့ ဂြိုဟ်တုတစ်လုံး ကမ္ဘာမြေပေါ်ကို  ပျက်ကျလာမယ်လို့ နာဆာ ထုတ်ပြန်

International News
အလေးချိန် ပေါင် ၆၀၀ ရှိတဲ့ ဂြိုဟ်တုတစ်လုံး ကမ္ဘာမြေပေါ်ကို  ပျက်ကျလာမယ်လို့ နာဆာ ထုတ်ပြန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အလေးချိန် ပေါင် ၆၀၀ ရှိတဲ့ ဂြိုဟ်တုတစ်လုံး ကမ္ဘာမြေပေါ်ကို  ပျက်ကျလာမယ်လို့ နာဆာ ထုတ်ပြန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အလေးချိန် ပေါင် ၆၀၀ ရှိတဲ့ ဂြိုဟ်တုတစ်လုံး ကမ္ဘာမြေပေါ်ကို ပျက်ကျလာမယ်လို့ နာဆာ ထုတ်ပြန်

အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ အသုံးမပြုတော့တဲ့ ဂြိုဟ်တုတစ်လုံးဟာ ဧပြီလ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီဝန်းကျင်အချိန်မှာ ကမ္ဘာ့လေထုထဲ ပျက်ကျလာလိမ့်မယ်လို့ နာဆာက ကြေညာထားပါတယ်။ အလေးချိန် ပေါင် ၆၀၀ ရှိတဲ့ အဲဒီဂြိုဟ်တုရဲ့ အစိတ်အပိုင်းအများစုဟာ ကောင်းကင်မှာ လောင်ကျွမ်းပျက်စီးသွားမှာဖြစ်ပေမဲ့ အစိတ်အပိုင်းတချို့ကတော့ မြေပေါ် ပြုတ်ကျလာနိုင်ပြီး လူတွေကို ထိခိုက်မိနိုင်ခြေ ၂၅၀၀ ပုံ၊ ၁ ပုံ ရှိတယ်လို့ ဆိုပါတယ်။

Reuven Ramaty High Energy Solar Spectroscopic Imager (RHESSI) လို့ အမည်ရတဲ့ ဂြိုဟ်တုကို နေမုန်တိုင်းတွေ လေ့လာစောင့်ကြည့် မှတ်တမ်းတင်နိုင်ဖို့ လွှတ်တင်ခဲ့တာပါ။ RHESSI ဟာ ပုံရိပ်ဖမ်းယူနိုင်တဲ့ ရောင်စဉ်လှိုင်းကိရိယာကို အသုံးပြုပြီး X-ray နဲ့သက်ဆိုင်တဲ့ဖြစ်ရပ် ၁၀၀၀၀၀ ကို မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါဟာ နေမုန်တိုင်းတွေရဲ့ gamma-rayနဲ့ စွမ်းအားပြင်း X-ray ဓာတ်ပုံတွေကို ပထမဆုံး ရိုက်ကူးနိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆက်သွယ်မှုဆိုင်ရာ အခက်အခဲ ကြုံခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာတော့ နာဆာက RHESSI ဂြိုဟ်တုကို အသုံးမပြုတော့တဲ့စာရင်း ထည့်သွင်းခဲ့တာပါ။ RHESSI ဂြိုဟ်တုရဲ့ အကြွင်းအကျန် အစိတ်အပိုင်းတွေက ဘယ်နေရာကို ပျက်ကျလာဖွယ်ရှိသလဲဆိုတဲ့ အချက်ကိုတော့ နာဆာက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။