တပ်မတော်(လေ) ၇၅ နှစ်မြောက် စိန်ရတုပွဲကို မင်းအောင်လှိုင် တက်ရောက်ပြီး ရုရှား Su-30 တိုက်လေယာဉ် များနှင့် တရုတ် FTC 2000 G တိုက်လေယာဉ်သစ်များ ထုတ်ကြွားမည်

Local News

တပ်မတော်(လေ) ၇၅ နှစ်မြောက် စိန်ရတုပွဲကို မင်းအောင်လှိုင် တက်ရောက်ပြီး ရုရှား Su-30 တိုက်လေယာဉ် များနှင့် တရုတ် FTC 2000 G တိုက်လေယာဉ်သစ်များ ထုတ်ကြွားမည်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တပ်မတော်(လေ) ၇၅ နှစ်မြောက် စိန်ရတုပွဲကို မင်းအောင်လှိုင် တက်ရောက်ပြီး ရုရှား Su-30 တိုက်လေယာဉ် များနှင့် တရုတ် FTC 2000 G တိုက်လေယာဉ်သစ်များ ထုတ်ကြွားမည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၃
အကြမ်းဖက်စစ်ကောင်စီက လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျရောက်မည့် တပ်မတော်(လေ) ၇၅ နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့တွင် ရုရှား Su-30 တိုက်လေယာဉ်များနှင့် တရုတ် FTC 2000 G တိုက်လေယာဉ်များ ထုတ်ပြ တပ်တော်ဝင်မည်ဖြစ်ကြောင်း လေတပ်သတင်းအရင်းမြစ်များထံမှ သိရှိရသည်။

Republic Of The Union Of Myanmar State Administration Council Chairman Senior General Min Aung Hlaing Makes Speech To Public - Global New Light Of Myanmar
စိန်ရတု ၇၅ နှစ်မြောက် လေတပ် နှစ်ပတ်လည်နေ့ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည်ဖြစ်ကြောင်း ၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း၊ ရုရှား SU-30 တိုက်လေယာဉ်များ၊ တရုတ် တရုတ် FTC 2000 G များကိုပါ ထုတ်ပြမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တပ်မတော်(လေ) နှစ်ပတ်လည်နေ့တိုင်း ထုတ်ပြလေ့ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်ပိုင် လေယာဉ်များ။

“တပ်ချုပ်တက်မယ့် မိတ္ထီလာ လေတပ်စခန်းရဲ့ ၇၅ နှစ်မြောက်ပွဲမှာ အလှပြတိုက်လေယာဥ်မောင်းမှာ SU တွေ။ မိတ်လည်းဆက်မယ်။ တပ်တော်လည်းဝင်မယ်” ဟု လေတပ်သတင်းရင်းမြစ်က ဆိုသည်။
မြန်မာနိုင်ငံက SU-30 ရုရှားတိုက်လေယာဉ် ၆ စင်း၊ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ် ၆ စင်း ရရှိထားပြီး ထုတ်ပြမည့် တိုက်လေယာဉ်အရေအတွက်ကိုမူ မသိရသေးပေ။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။