မလေးရှားပရိသတ်တွေ့ဆုံပွဲမှာ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုတဲ့ ပရိသတ်များပြားလွန်းတာကြောင့် စင်ပေါ်ရောက်ဖို့ ၃၅ မိနစ်အချိန်ယူခဲ့ရတဲ့ မီချဲလ်ယို

Celebrity International News
မလေးရှားပရိသတ်တွေ့ဆုံပွဲမှာ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုတဲ့ ပရိသတ်များပြားလွန်းတာကြောင့် စင်ပေါ်ရောက်ဖို့ ၃၅ မိနစ်အချိန်ယူခဲ့ရတဲ့ မီချဲလ်ယို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မလေးရှားပရိသတ်တွေ့ဆုံပွဲမှာ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုတဲ့ ပရိသတ်များပြားလွန်းတာကြောင့် စင်ပေါ်ရောက်ဖို့ ၃၅ မိနစ်အချိန်ယူခဲ့ရတဲ့ မီချဲလ်ယို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မလေးရှားပရိသတ်တွေ့ဆုံပွဲမှာ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုတဲ့ ပရိသတ်များပြားလွန်းတာကြောင့် စင်ပေါ်ရောက်ဖို့ ၃၅ မိနစ်အချိန်ယူခဲ့ရတဲ့ မီချဲလ်ယို

မလေးရှားနွယ်ဖွား မင်းသမီးကြီး မီချဲလ်ယိုက အော်စကာအောင်မြင်မှုနဲ့အတူ မလေးရှားနိုင်ငံကို ပြန်လာခဲ့ပြီး ဧပြီလ ၁၈ ရက်နေ့က Pavilion Kuala Lumpur ကုန်တိုက်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ သူ့ကို လူကိုယ်တိုင်မြင်တွေ့ရဖို့အတွက် ပရိသတ်ထောင်ချီလာရောက်ခဲ့ကြပါတယ်။ သူ့ကို လက်မှတ်ထိုးပေးဖို့၊ ဓာတ်ပုံတွဲရိုက်ပေးဖို့ တောင်းဆိုကြတဲ့ ပရိသတ်တွေ များလွန်းတာကြောင့် အရှည် ၂၀၀ မီတာရှိတဲ့ ကော်‌ဇောနီထက်ကနေ စင်ပေါ်ရောက်ဖို့ ၃၅ မိနစ် အချိန်ယူခဲ့ရတာပါ။

စင်ပေါ်ရောက်တဲ့အချိန်မှာ မီချဲလ်ယိုက သူ့ပရိသတ်တွေကို ကန်တုံဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ မန်ဒရင်းဘာသာစကားတွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ အော်စကာဆုရရှိပြီးလို့ ၆ ပတ်အတွင်း လှပတဲ့အိပ်မက်တစ်ခုလို ခံစားခဲ့ရတယ်လို့လည်း သူက ပရိသတ်တွေကို ပြောခဲ့ပါတယ်။ သူက “လူတိုင်းရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရပါတယ်။ ကျွန်မ မလေးရှားမှာ အမြဲမရှိရင်တောင် ကျွန်မက တကယ့်မလေးရှားလူမျိုးဖြစ်တဲ့အတွက် ကျွန်မရဲ့နှလုံးသားက မင်းတို့နဲ့အတူ အမြဲရှိနေပါတယ်”တဲ့။ မိုးရွာနေပေမဲ့ မီချဲလ်ယိုက သူ့ကို အပြင်မှာ စောင့်နေကြတဲ့ ပရိသတ်တွေကို တွေ့ဆုံဖို့ ကုန်တိုက်ထဲက ထွက်သွားခဲ့ပါတယ်။

သူက မလေးရှားကို လာတဲ့လေယာဉ်ပေါ်မှာ သူ့ရဲ့အော်စကာဆုကို ပျောက်သွားမှာဆိုးတဲ့အတွက် သူ့ရဲ့ခရီးဆောင်အိတ်ထဲကိုတောင်မထည့်ဘဲ လက်နဲ့ ကိုင်ဆောင်လာခဲ့တာပါ။ အော်စကာဆုတွေကို သန့်စင်ခန်းထဲ သိမ်းထားတဲ့ သူငယ်ချင်းတစ်ယောက်ရှိပေမဲ့ သူကတော့ အဲ့ဒီလိုလုပ်မှာမဟုတ်ဘဲ မလေးရှားက သူ့အမေရဲ့နေရာမှာ ထားပြီး သူ့ကို သိမ်းခိုင်းထားမှာဖြစ်တယ်လို့ သူ့ရဲ့ပြောစကားအရ သိရပါတယ်။ ပရိသတ်တွေ့ဆုံပွဲပြီးပြီးချင်း ပြုလုပ်ခဲ့တဲ့ သူ့အမေရဲ့မွေးနေ့ညစာစားပွဲအပြီးမှာ အလုပ်ကိစ္စနဲ့ လန်ဒန်ကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

မီရှဲလ်ယိုက မလေးရှားပရိသတ်တွေ့ဆုံပွဲမတိုင်ခင်ကလည်း Qingming Festival အမှီ သူ့အမေဆီ အလည်လာခဲ့ပြီး သူ့အဖေရဲ့အုပ်ဂူဆီ သူ့ရဲ့အော်စကာဆုကိုလည်း ယူဆောင်လာခဲ့ပါသေးတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။