ဟောင်ကောင်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂျက်မား တာဝန်ယူမယ်

Celebrity International News
ဟောင်ကောင်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂျက်မား တာဝန်ယူမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟောင်ကောင်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂျက်မား တာဝန်ယူမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟောင်ကောင်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂျက်မား တာဝန်ယူမယ်

တရုတ်နိုင်ငံရဲ့အကျော်ကြားဆုံးဘီလျံနာတွေထဲက တစ်ဦး၊ Alibaba ကုမ္ပဏီတည်ထောင်သူ ဂျက်မားက ဟောင်ကောင်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခရာထူးကို လက်ခံလိုက်ပါပြီ။ သူက ဟောင်ကောင်တက္ကသိုလ်ရဲ့ စီးပွားရေးကျောင်းမှာ ၃ နှစ်တာ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လမှာ အဆုံးသတ်မှာပါ။

ဂျက်မားရဲ့ကိုယ်ရေးအကျဉ်းကို တက္ကသိုလ်ရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ ဧပြီ ၂၁ ရက်နေ့က တင်ထားပါတယ်။ ဟောင်ကောင်တက္ကသိုလ်မှာ သူ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ပညာရေး၊ စိုက်ပျိုးရေးနဲ့ စွန့်ဦးတီထွင်ဆန်းသစ်မှုတွေကို အဓိကထားလုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့ လူသိရှင်ကြားဟောပြောတာ၊ မိန့်ခွန်းပြောတာတွေလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

၂၀၁၈ ခုနှစ်က ဂျက်မားကို ဟောင်ကောင်တက္ကသိုလ်က နည်းပညာ၊ လူမှုအဖွဲ့အစည်းနဲ့ ကမ္ဘာကြီးအတွက် သူ့ရဲ့ ပံ့ပိုးမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ လူမှုသိပ္ပံဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ လက်ရှိရာထူးအသစ်က သူ့ရဲ့အတွေ့အကြုံ၊ စံနှုန်းတွေနဲ့ သဟဇာတဖြစ်ပါတယ်။ သူက မတ်လကမှ ဟောင်ကောင်တက္ကသိုလ်ရဲ့ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့တယ်လို့ Jack Ma Foundation က အတည်ပြုခဲ့ပါတယ်။

ဂျက်မားဟာ ရှန်ဟိုင်းမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ဆန်းသစ်တီထွင်မှုကို ဟန့်တားမှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို လူသိရှင်ကြားဝေဖန်ပြီးနောက် ၂၀၂၀ ခုနှစ် အောက်တိုဘာလကတည်းက သိုသိုသိပ်သိပ်နေထိုင်နေခဲ့တာပါ။ သူ့ကို မြို့တော်တော်များများနဲ့ တရုတ်အပြင်ဘက် တိုကျိူ၊ ဘန်ကောက်တွေမှာလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနေရာတွေကို သူသွားရောက်ခဲ့တာက စိုက်ပျိုးရေးနဲ့နည်းပညာဆန်းသစ်တီထွင်မှုအကြောင်း ပိုလေ့လာဖို့ ဖြစ်တယ်လို့ တရုတ်သတင်းဌာန Tianmu News က ဆိုပါတယ်။

ပြီးခဲ့တဲ့လက သူ့ကို Alibaba တည်ထောင်သူတွေ ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ ပုဂ္ဂလိကကျောင်း Hangzhou Yungu School မှာ မြင်တွေ့ခဲ့ရပါသေးတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။