တနင်္ဂနွေသားသမီးများ ၏ စိတ်နေသဘောထားနှင့် တစ်သက်တာ ကံကြမ္မာ ကာလအပိုင်းအခြားများ

Astrology
တနင်္ဂနွေသားသမီးများ ၏ စိတ်နေသဘောထားနှင့် တစ်သက်တာ ကံကြမ္မာ ကာလအပိုင်းအခြားများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနင်္ဂနွေသားသမီးများ ၏ စိတ်နေသဘောထားနှင့် တစ်သက်တာ ကံကြမ္မာ ကာလအပိုင်းအခြားများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္ဂနွေသားသမီးများ ၏ စိတ်နေသဘောထားနှင့် တစ်သက်တာ ကံကြမ္မာ ကာလအပိုင်းအခြားများ

တနင်္ဂနွေသား သမီးများဟာ.အများအားဖြင့် ရုပ်ရည်ပုံစံ အနေအထား အားဖြင့် အရပ်မြင့်တဲ့သူတွေမှာ ကိုယ်ခန္ဓာအချိုး အဆစ်လှပသေသပ်ပြီး နှစ်ခါပြန်ကြည့်ရမတက် ဆွဲဆောင်မှုရှိခြင်း ၊ အရပ်နည်းနည်းနိမ့်တဲ့သူတွေမှာတော့ နှုတ်ခမ်းလှလှ ၊ နှာတံစင်းစင်း ၊ နက်မှောင်သောမျက်လုံး ၊ ထူထပ်သောမျက်ခုံး နှင့် ချစ်စရာကောင်းသော မျက်နှာ ဟန်ပန် အပြုံးတို့ ရှိနေတက်ပါတယ်……

စိတ်နေသဘောထားကတော့…စိတ်ကူးရင်ဆန်ဆန်အတွေးများနဲ့ ဘဝကိုပုံဖော်နေတက်ခြင်း ၊ ဘယ်အရာမဆို စိတ်ရှည်၍ ဇွဲ လုံးလ ရှိခြင်း၊ ငွေကြေးစုဆောင်းတက်ခြင်း၊ အပေါင်းအသင်းများအပေါ် သည်းခံခွင့်လွတ်စိတ်ဖြင့်ပေါင်းသင်းဆက်ဆံတက်ခြင်း၊ မိဘများကိုလုပ်ကျွေး ထောက်ပံ့ခြင်းဖြင့် ကျေးဇူးဆပ်လိုခြင်း၊ ထူးခြားတာကတော့ ဘဝမှာခံစားချက်တွေကို အခြားသူတွေကိုဘယ်တော့အခါမှရင်ဖွင့်လေ့မရှိဘဲ တစ်ယောက်တည်းမျိုသိပ် ခံစားနေလေ့ရှိတက်ပါတယ်……တကယ်ဆိုရင် ခံစားချက်နဲ့အသက်ရှင်နေသူမျိူးဖြစ်ပါတယ်…။

အချစ်ရေးမှာတော့ …….တကယ့်ကို နူးညံ့စွာ ချစ်တက်ပြီး ချစ်သူအပေါ် ရင်တစ်ခုလုံးနှစ်၍ စွဲစွဲလမ်းလမ်းချစ်တက်သော အချစ်ကြီးသူများဖြစ်ကြပါတယ်…သူတို့အတွက် သူတို့ရဲ့အချစ်ရေးဟာ ဟုတ်သလိုလိုနဲ့ သူတို့ထင်ထားသလိုမျိုးမဟုတ်နေတက်ပါဘူးအချစ်ရေးမှာ မိမိကိုယ်ကို အလိုမကျခံစားနေရတက်ပါတယ်။ ချစ်သူရဲ့ ဂရုစိုက် ကြင်နာ နွေးထွေးမှုကိုလည်း အခြားသူတွေထက်ပင်ပို၍တန်ဖိုးထားတက်ပါတယ်..။ တနင်္ဂနွေသား သမီးတွေဟာ အချစ်ရေးမှာ အချစ်အတက်ဆုံးသောလူသားလို့ပင် တင်စားရပါမယ် ..

တနင်္ဂနွေသားသမီးများနှင့် သင်သည်ချစ်ကြိုက်ဖူးစာဆုံရမည်ဆိုပါက သင်ဟာတကယ့်ကိုအချစ်ရေးမှာ ကံကောင်းသူဖြစ်ပါလိမ့်မယ်.. တနင်္ဂနွေသားသမီးများဟာ..အချစ်ရေးမှာ အနွေးထွေးတက်ဆုံးဆိုတာယုံမှားစရာမရှိနိုင်ပေ…

တနင်္ဂနွေနေ့ သားသမီးများမှာ မွေးဖွားပြီး ၆ နှစ်အတွင်း က်ဗဟုံး ကြက်ညှာ ၊ သူငယ်နာ ရောဂါအများဆုံးဖြစ်တက်ကြပြီး ထိတ်လန့်၍ ငိုခြင်း ရယ်ခြင်းများ၊ မကြာခဏဖြစ်တက်ပါတယ်။ ထို ၆ နှစ်အတွင်း ၁ နှစ်မှာ တစ်ကြိမ် သုံးနှစ်မှာ တချက် ပို၍ ညံ့တာများတက်ပါတယ်။ ထိုနှစ်များတွင် ဝမ်းကိုက်ရောဂါဖြစ်တက်ပါတယ်။ နယုန်လ ၊ ပြာသို့လ ၊ တပေါင်းလများတွင် အရှေ့တောင်အရပ်သို့ ခရီးမသွားရပါ သွားမိပါက တစ္ဆေနတ်ဆိုးများနှင့် ရုက္ခစိုး ဖန်းစား ၍ ချူချူ ချာချာ ဝေဒနာ များဖြစ်တက်ပါတယ် ။

ထိုသို့ ညံ့လှသော အခါများကို ဘေးကင်းစေရန်အတွက် ပြုအပ်သော ယတြာမှာ ဘုရားကိုးဆူပူစော်၍ ဆွမ်းကပ်ခြင်း ၊ ဂြိုလ်စာ ကျွေးခြင်း ၊ မိဘဆရာများကို ကန်တော့၍ အညံ့တို့မှပပျောက်စေခြင်းငှာဆုတောင်းကန်တော့ရပါမယ်။
အသက် ၇နှစ်မှ စတင်ပြီး ကံဇာတာကောင်းမွန်၍ အသက်၂၁နှစ်ထိ ကောင်းစားပါလိမ့်မည်။

အသက်၁၈နှစ် မွ ၂၁နှစ်အတွင်း လူချစ်လူခင် ပေါ့များ စေသည့်အပြင် ဖူးစာရေးနတ်မစ၍ အားကိုးလောက်သော ချစ်သူ ရည်းစား ရ၍ အိမ်ထောင်ကျတက်ပါသည်။

အသက် ၂၂နှစ်မွ ၂၉ နှစ်အတွင်း တွင် စိတ်ညစ်စိတ်လေအဆင်မပြေထပ်ခါ ထပ်ခါဖြစ်တက်ခြင်း ၊ ဘုန်းကံနိမ့်ပါ၍ လက်အောက်ငယ်သားများမှ တော်လှန် တက်ခြင်း ၊ လူမုန်းများတက်ခြင်း ၊ချစ်ခင်ရသော သူများနှင့် ကွေးကွင်းရခြင်း ၊ တနေရာစီ ခွဲခွာရေခြင်များကြုံတက်ပါသည်။

အသက် ၃၀ မွ ၄၆ နှစ်အထိ ကံဇာတာအမြင့်ပိုင်းသို့ရောက်၍ လုပ်သမျှ အဆင်ပြေစေပါသည်။

အသက် ၄၇ မှ ၅၆ထိ အညံ့ပိုင်းဖြစ်ပြီး အသက်၅၅နှစ်ကား အညံ့ဆုံးကာလဖြစ်ပါသည်။

အသက် ၅၇မှ ၇၅ နှစ်အတွင်း အလွန် ကောင်းစားတက်ပါသည်။ အသက် ၇၆ နှစ်မှာ ကျန်းရေးချို့တဲ့ပြိး မthayပါကအသက်ရှည်စွာနေရတက်ပါသည်။

တနင်္ဂနွေ သားသမီးများအားလုံး .ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေ.

ရေးသားသူ –ဆရာဦးဘိုနိုင်(ဗေဒင်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။