ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးဦးဝင်းနိုင် နဲ့ အမှတ်တရရှိခဲ့တာတွေကို ပြောပြရင်း ဝမ်းနည်းနေတဲ့ “အေးဝတ်ရည်သောင်း”

Celebrity
ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးဦးဝင်းနိုင် နဲ့ အမှတ်တရရှိခဲ့တာတွေကို ပြောပြရင်း ဝမ်းနည်းနေတဲ့ “အေးဝတ်ရည်သောင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးဦးဝင်းနိုင် နဲ့ အမှတ်တရရှိခဲ့တာတွေကို ပြောပြရင်း ဝမ်းနည်းနေတဲ့ “အေးဝတ်ရည်သောင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးဦးဝင်းနိုင် နဲ့ အမှတ်တရရှိခဲ့တာတွေကို ပြောပြရင်း
ဝမ်းနည်းနေတဲ့ “အေးဝတ်ရည်သောင်း”

မော်ဒယ်၊ ရုပ်ရှင်သရုပ်ဆောင် အေးဝတ်ရည်သောင်း ကတော့ အနုပညာလောကထဲကို အသက် (၁၃) နှစ် အရွယ်ကတည်းက ဝင်ရောက်လာခဲ့သူမို့ အနုပညာ လောကသားတွေနဲ့ အရမ်းကိုရင်းနှီးပြီး မိသားစုလို မောင်နှမလို ဆက်ဆံရေးမျိုးကို တည်ဆောက်ထားတာ ပဲ ဖြစ်ပါတယ်ဒီကနေ့ ဧပြီလ (၂၉) ရက်နေ့မှာတော့ သရုပ်ဆောင် ဦးဝင်းနိုင် (အနုပညာ) ကွယ်လွန်သွားခဲ့ပြီး အေးဝတ်ရည်သောင်းက ဦးဝင်းနိုင် အတွက် စိတ်မ ကောင်းဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါ တယ်။

အေးဝတ်ရည်သောင်းက “လေးလေးရေ အေးချမ်းတဲ့ နေရာကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ မှတ်မှတ်ရရ ဒီစာအုပ်လေး ထွက်တုန်းက ဖုန်းတွေပြော ဖြစ်သေးတယ်နော်။ ငယ်ငယ်ကဆို လေးလေးနဲ့ သားအဖခန်းအမြဲရိုက်ခဲ့ရတာ ရုပ်ကလေးဆင်လို့တဲ့ လေ။ သမီးနဲ့ဆုံခဲ့ချိန်တိုင်းသင်ပေးခဲ့တဲ့အရာတွေ အတွက်ကျေးဇူးပါ အဝေးကနေပဲကန်တော့ပါတယ် လေးလေးရေ.. ကောင်းရာသုဂတိလားပါစေ ။” ဆိုပြီး ဝမ်းနည်းကြောင်း ရေးသားခဲ့တာပဲ ဖြစ်ပါ တယ်။

အေးဝတ်ရည်သောင်းကတော့ သူမကို ငယ်စဉ် ကတည်းက အနုပညာနဲ့ပတ်သက်ပြီး သင်ကြားပေးခဲ့ သလို ရုပ်ချင်းဆင်တူသူ တစ်ယောက်အနေနဲ့လည်း သားအဖဇာတ်ဝင်ခန်းတွေအများကြီး ရိုက်ခဲ့ဖူးတဲ့ လေး ဦးဝင်းနိုင်ရဲ့နာရေးသတင်းအတွက် တော်တော် လေးစိတ်မကောင်းဝမ်းနည်းဖြစ်နေတာပဲဖြစ်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။