သူမရဲ့အမျိုးသားကိုဘယ်လောက်ချစ်ရကြောင်း ရေးသားဖော်ပြခဲ့တဲ့ ပိုးကြာဖြူခင်

Celebrity
သူမရဲ့အမျိုးသားကိုဘယ်လောက်ချစ်ရကြောင်း ရေးသားဖော်ပြခဲ့တဲ့ ပိုးကြာဖြူခင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူမရဲ့အမျိုးသားကိုဘယ်လောက်ချစ်ရကြောင်း ရေးသားဖော်ပြခဲ့တဲ့ ပိုးကြာဖြူခင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူမရဲ့အမျိုးသားကိုဘယ်လောက်ချစ်ရကြောင်း ရေးသားဖော်ပြခဲ့တဲ့ ပိုးကြာဖြူခင်

မင်းသမီးပိုးကြာဖြူခင်ကတော့ အခုတလော ပရိသတ်တွေကြားမှာ မုဆိုးဖို ၁ယောက်နဲ့လက်ထပ်တာနဲ့ပက်သက်ပြီး အတော်လေးရေပန်းစားနေတာဖြစ်ပါတယ်။ အခုတခါမှာ ဝေဖန်တိုက်ခိုက်နေသူတွေကိုသူက သူ့ရဲ့အမျိုုးသားကို တွေ့တာလပိုင်းပဲရှိသေးပေမဲ့ ဘာကြောင့်လက်ထပ်ဖြစ်သွားလဲဆိုတာကို ပြောပြလာခဲ့တာဖြစ်ပါတယ်။

“ချစ်ရတဲ့ အမျိုးသား ရေ ဒီနေ့ ၂၈ ဆို မှတ်မှတ်ရရ ဒီအမျိုးသားနဲ့ စတွေ့ခဲ့တာ ၅ လ ရှိခဲ့ပြီ စတွေ့တဲ့ နေ့ကတည်းကနေ ခုချိန်ထိ အကိုအရင်းလို သူငယ်ချင်းလို အမြဲ စောင့်ရှောက်ပေးခဲ့တာတွေ ကို ပြန်တွေးတိုင်း တကယ် ကျေးဇူးတင်တယ်

တချို့ကပြောကြမယ် တွေ့ကြတာတောင် ၄ လကျော်နဲ့ ဒီယောက်ကျားတစ်ယောက်ကို ဘယ်လိုကြောင့်များ ယုံကြည်ပြီး ဘဝ တစ်ခုလုံး ပုံပေးခဲ့ရတာလဲပေါ့ ကြုံဖူးခဲ့တယ် နှစ်တွေ လတွေ အကြာကြီးတွဲလဲ ဖောက်ပြန်ခံရတာတွေ စိတ်ဒါဏ်ရာ ရခဲ့ရ တာတွေ သိပ်ကြုံဖူးခဲ့တာပေါ့ နှစ်ကြာမှ ရယ် မဟုတ်ဘူး ကိုယ့်အပေါ် မေတ္တာ ရှိရင် တန်ဖိုးထားရင် တကယ်ချစ်ရင် ကိုယ့်စိတ်ကကို အလိုလို သိတယ် ယုံကြည်တယ် လပိုင်းလေးနဲ့လဲ ယုံကြည်ပြီး လက်ထပ်သွားနိုင်တယ် ။

ကျမ စိတ်ဓါတ်ကျခဲ့ရတဲ့အချိန် အားငယ် သိမ်ငယ် ပြီး လမ်းပျောက် နေတဲ့အချိန် အမှောင်ထဲကနေ သူ့မေတ္တာတွေနဲ့ ဆွဲထုတ်ပေးခဲ့တယ် လမ်းမှန်ပေါ်ရောက်အောင် ဆွဲခေါ်နိုင်ခဲ့တယ် လူယုတ်မာတွေ လက်ကနေ အမုန်းခံပြီးကို သူရအောင် ဆွဲထုတ်ခဲ့တယ် ကျမ သူ့အပေါ် အကြိမ်ကြိမ် အနိုင်ယူခဲ့တယ် စိတ်မကြည်တိုင်း စိတ်ဆိုးတိုင်း အော်မိတယ် ခနခန ပစ်ထားခဲ့တယ် အမြဲ ကလေးဆန်ခဲ့တယ် ဒါပေမယ့် သူကျမဘယ်လို ဆိုးဆိုး ဘယ်တော့မှ အနားက ထွက်မသွားပဲ ဘေးမှာ အမြဲ ဖေးမ ခဲ့တယ်

အဖေ မရှိတော့တဲ့ နောက်ပိုင်း ကျမ စိတ်က ပိုကလေးဆန် တတ်လာတယ် ပို ဆိုးလာတယ် ပိုအားငယ် တတ်တယ် ကျမ အမျိုးသားက ဒီ စိတ်ဒါဏ်ရာတွေကို သူ့အချစ်တွေ ဂရုစိုက်မှုတွေ နဲ့ ကုစားပေးခဲ့တယ် ကျမ ကိုတင်မကဘူး ကျမ မိသားစုကိုရော ကျမ ခွေးလေးတွေကိုပါ သူချစ်တယ် ကျမ သူငယ်ချင်းတွေ ကိုပါ သူချစ်တယ်

ဒါကြောင့် သူ့အတိတ်တွေကိုလဲ ကျမ လက်ခံပေးခဲ့တယ် သူရုပ်မချောဘူး မှန်တယ် ဒါပေမယ့်သူ့စိတ်ထား အရမ်းလှတယ် သူ့မိဘတွေ ကျမအပေါ် ချစ်ခင်လိုလားကြတယ် သူ့သားသမီးလေးတွေကိုလဲ ကျမ အရမ်းချစ်တယ် ကလေးတွေကလဲ ကျမကို ချစ်ကြတယ် ကိုယ်တိုင်ကလဲ မောင်နှမတွေထဲ အလတ်မို့ အလတ်မလေး ကိုဆို ပိုချစ်တယ်

သမီးက မင်္ဂလာဆောင်မှာတောင် ပန်းကြဲပေးသေးတယ် အစစအရာရာ လိုလေးသေးမရှိ စိတ်လေး တချက်တောင် အညှိုးမခံတဲ့ သူ့မိသားစု ကိုလဲ တကယ်ကျေးဇူးတင်တယ် ခြုံပြောရရင် ကျမ ကံကောင်းတယ် ဒီမိသားစုနဲ့ ဆုံတွေ့ခဲ့ရတာ တကယ် ကံကောင်းပါတယ်” ဆိုပြီး ဝေဖန်နေတဲ့သူတွေကို ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။

ရေးသားသူ – Poe Kyar Phyu Khin’s facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။