ဗေဒင်ပညာအရ နာမည်မှာ မြင့် နဲ့ မြ ပေးသင့်မပေးသင့်အကြောင်း

Astrology
ဗေဒင်ပညာအရ နာမည်မှာ မြင့် နဲ့ မြ ပေးသင့်မပေးသင့်အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗေဒင်ပညာအရ နာမည်မှာ မြင့် နဲ့ မြ ပေးသင့်မပေးသင့်အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗေဒင်ပညာအရ နာမည်မှာ မြင့် နဲ့ မြ ပေးသင့်မပေးသင့်အကြောင်း

မြ

ဒီပညတ်သည် အခါအားလျော်စွာ အထီးကျန်ဖြစ်ရခြင်း ၊ အဖော်ကွဲ ထီးတည်းရပ်တည်ရခြင်းကို များစွာ ဖြစ်စေပါတယ် ။ ခေါင်းအုံခေါင်းခဲပြီး အုံ့မှိုင်းမှိုင်းနဲ့ နေရခက်ခြင်းကိုလည်း မကြာခဏ ဖြစ်ရစေတတ်သော ပညတ်မျိုးအဖြစ် ထူးဆန်းစွာ တွေ့ရပါတယ် ။

ကလေးတွေမှာ ဒီအမည်မျိုးလေးတွေ စမှည့်သည့်အခါမှာ ကလေးတွေသည် အဖော်ကွဲပြီး တစ်ယောက်ထဲ ယောင်ချာချာလေးတွေ ဖြစ်နေတတ်ခြင်း၊ သင်းကွဲလေးသဖွယ် ဖြစ်နေတတ်ခြင်းကို မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။

ထုံးစံအတိုင်း အသားညိုခြင်း မဲခြင်း ရှိပြီး ၊ နှုတ်ခမ်းလှပညီညွတ်ခြင်းလည်းရှိ ၊ မူလဇာတာမှာ အင်္ဂါဂြိုဟ်အနေအထား ကောင်းမှသာ သွက်သွက်လက်လက် နဲ့ တက်ကြွလန်းဆန်းသော ဘ၀မျိုးကို ရပ်တည်နိုင်ပြီး ၊ ပြောင်းပြန်ဖြစ်ခဲ့လေလေအထီးကျန်ဆန်ပြီး နှေးကွေးလေးလံ သော ဘ၀မျိုးနဲ့ နိဂုံးချုပ်ရလေလေပါပဲ ။

မြင့်

အမျိုးသားရော အမျိုးသမီးများပါ အမှည့်များကြပါတယ် ။ အသားညိုညိုမည်းမည်း ၊ နှုတ်ခမ်းညီညွတ်စေ့စပ်ပြီး ၊ အရပ်မြင့်မြင့် ဖြစ်ခဲ့ရင်အကျိုးပေးအားကို ရရှိစေပါတယ် ။

အသားဖြူခြင်း ၊ လတ်ခြင်း ၊ နှုတ်ခမ်းတွင် အပြစ်မကင်းခြင်း ၊ အရပ်ပုခြင်း ရှိခဲ့ရင်တော့ သိပ်အန္တရယ်များတဲ့ပညတ်ပါ ။

အိမ်ထောင်ရေးဂြိုဟ်ပျက်ကွက်မှုရှိပြီး အထက်ပါအတိုင်း အရပ်ပုပု နဲ့ အသားအရောင် နှုတ်ခမ်း ..မညီညွတ်ခဲ့ရင် အိမ်ထောင်ဆက် များစေတတ်ပြီး အရွယ် ရုပ်ရည် အဆင့်အတန်း ကောင်းခဲ့စေဦး ။ အမည်ပျက်မှုကို မုချရင်ဆိုင်ရစေတတ်ပါတယ် ။

၀န်ထမ်းဖြစ်ပြီး ထိုကဲ့သို့ပျက်ကွက်မှုမျိုးနဲ့လည်း ရှိခဲ့မယ် ။ အထူးသဖြင့် မြင့် နဲ့ မှည့်ထားပြီး အရပ်ပုပြတ်ပြတ်လည်းဖြစ်နေမယ်ဆိုရင် ကံတစ်ချက် ကလေး ချွတ်ချော်လိုက်တာနဲ့ အရှက်တစ်ကွဲ နာမည်သတင်းပျက်ပြားပြီး ရာထူးနိမ့်ကျသွားတတ်ခြင်း ၊ အလုပ်ပြုတ်ခြင်းမျိုးတွေကို အင်မတန်အဖြစ်များစေသော အမည်ပညတ်မျိုးပဲ ဖြစ်ပါတယ်ခင်ဗျာ ။

ဆိုတော့..အနှစ်ချုပ်ပေးရရင်..မြင့်နဲ့ မှည့်မိခဲ့ရင် အရပ်မြင့်မြင့် အသားညိုညို သို့မဟုတ် အသားမဲ သူဖြစ်နေမှ ကောင်းပါတယ် ။ နှုတ်ခမ်းလှပညီညွတ်ရင်ပို အကျိုးပေးပါတယ်။

အသားဖြူဖြူ နှုတ်ခမ်းထူထူ အရပ်ပုပြတ်ပြတ် ဆိုရင်တော့ တစ်ချိန်မဟုတ်တစ်ချိန် အရှက်တစ်ကွဲအကျိုးနဲဖြစ်ရတတ်ပြီး ဘ၀ကံနိမ့်ကျသွားစေတတ်သော ပညတ်တစ်မျိုးအဖြစ် အထူးသတိပြုရပါကြောင်း ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။