May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-(၁)

Astrology
May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-(၁)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-(၁) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-(၁)

Aries

မေလကတော့ Aries ရာသီခွင်တွေအတွက် ယုံကြည်မှုပြည့်ဝနေမယ့်လတစ်လလို့ မြင်ပါတယ် ။ စိတ်တော့များရမယ် ။ ကယောက်ကယက်ဆန်တဲ့ကြားကပဲ စီစဥ်ထားတဲ့အရာတွေ ၊ ဖြစ်လာချင်တာတွေ အကောင်အထည်ဖော်ဖြစ်လိမ့်မယ် ။ စီးပွားရေးလည်းဖြစ်မယ် ၊ ပညာသင်ဖို့ ၊ ရည်းစားထားဖို့ ၊ ခရီးသွားဖို့ဆိုတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ် ။ တစ်ယောက်နဲ့တစ်ယောက် တူဖို့တော့ဘယ်ရှိမလဲ ၊ တူညီတာတစ်ခုက ဖြစ်ပါ့မလားချီတုံချတုံဖြစ်နေတာကနေ မဖြစ်ဖြစ်အောင်လုပ်ယူဖို့ စိတ်ပိုင်းဖြတ်လာနိုင်မယ် ။

မေလဟာ ဘဝရည်မှန်းချက်နဲ့ပတ်သက်လို့ ဆန္ဒပြည့်ဝခြင်း ၊ မျှော်လင့်နေတဲ့ သတင်းကောင်းကြားရခြင်းတို့ အားသာတဲ့အပိုင်းအခြားကာလဖြစ်ပါတယ် ။ ငွေဝင်များမယ် ။ ငွေဝင်သလောက် ငွေသုံးများတတ်တာလည်း သတိပြုပါ ။ ငွေစုချင်သူတွေလည်း အသင့်အတင့်အဆင်ပြေပါတယ် ။ ငွေကိုအငြိမ်ထားဖို့စုတာထက် အိမ်ဝယ်ဖို့ ၊ ကားဝယ်ဖို့ ၊ လှူဒါန်းဖို့ ၊ ရင်းနှီးမြုပ်နှံဖို့စသဖြင့် တစ်ချိန်ပြန်အသုံးပြုဖို့စုပါ ။ ဒီနည်းက ပိုစုမိစေလိမ့်မယ် ။

နှလုံးသားရေး သတိထားစရာလေးရှိပါတယ် ။ ချစ်ခင်တဲ့ကြားကပဲ အတိမ်းအစောင်းလေးတွေ ကြုံရတတ်တယ် ။ ကိုယ့်ဖက်သူ့ဖက်စိတ်မရှည်တာ ၊ သည်းခံစိတ်နည်းတာလေးရှိမယ် ။ ခပ်သွက်သွက်လျှောက်မယ့်အချိန်မှာ ဘေးကလူကတားဆီးနေတာ အစိုးရိမ်ကြီးတာ ၊ နှေးကွေးလေးလံနေတာမျိုးမှာ အဆင်မပြေပါဘူး ။ ဒီကြားထဲစွပ်စွဲတာ ၊ မကြာခနရှင်းပြရတာ စိုးမိုးခံရတာတွေရှိရင် ရုန်းထွက်သွားဖို့မြင်မိတယ် ။ ဒီကာလထဲမှာတော့ တစ်နည်းနည်းနဲ့ လက်တွဲဖော်ကကိုယ့်ကိုစိတ်ပျက်စေတာ ၊ သူနဲ့အနာဂတ်ကို အစအဆုံးပြန်တွေးရတာလေးတွေတော့ မျှော်လင့်ထားသင့်တယ် ။

အပေါ်ယံလူမှုရေးဖြစ်တဲ့ ကျောင်းနေဖက်ဆက်ဆံရေး ၊ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးတွေ ကောင်းမွန်ပါတယ် ။ အကြံဥာဏ်ကောင်း အကူအညီကောင်းရမယ် ။ အကျိုးတူလုပ်ရတဲ့အရာလေးတွေ ရှိမယ် ။ ဒါပေမယ့် အနီးကပ်ဆက်ဆံရေးတွေဖြစ်တဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေ ၊ မိသားစုရေးတွေမှာတော့ နားလည်မှုအလွဲလေးတွေသတိပြုပါ ။ အချိန်ကာလအားဖြင့်ဆို မေလလည်လောက်အထိတော့ စကားမလွန်ဖို့ ၊ Sensitive ဖြစ်မနေဖို့ဂရုစိုက်ရမယ် ။ တတိယအပတ်လောက်ကစပြီး ပြန်ပြီးကောင်းမွန်ပါလိမ့်မယ် ။

ကျန်းမာရေးနဲ့ပတ်သက်လို့ အထူးသဖြင့်အစာအိမ်နဲ့ စိတ်ကြောင့်ဖြစ်တဲ့ဝေဒနာတွေဂရုပြုပါ ။ မြင်လွယ်အောင်ပြောရရင် မေလဟာ Aries တွေအတွက် ရှေ့လည်းရောက်မယ် ၊ ကိုယ်တိုင်လည်း တိုးထွက်ရမယ် ။ ဒီအတွက်စိန်ခေါ်မှုတွေ ဖိအားတွေလည်း မျှော်လင့်ထားရမယ် ။ အသုံးမလိုတဲ့ပစ္စည်းတွေ ၊ ရှေ့မရောက်စေတဲ့သူတွေထားရစ်ခဲ့ပါ ။ မေလဟာလည်း ၂၀၂၃ ရဲ့အရေးပါတဲ့လတွေထဲက တစ်ခုဖြစ်ပါတယ် ။ ကြီးကြီးမားမားဆုံးဖြတ်ချက်တွေ မေလ ၁၅ ရက်နောက်ပိုင်းရွေ့နိုင်ရင် ပို Safe ဖြစ်ပါလိမ့်မယ်

Taurus

Taurus တွေ ရည်းစားထားဖို့အဆင်သင့်ဖြစ်ပြီလား? မေလအတွင်း Love is in the Air Energy လေးမြင်မိတယ် ။ ချစ်တတ်နေမယ် ။ ရွေးချယ်စရာ Option အသစ်တွေ ၊ စိတ်တိုင်းကျမှု စိတ်လှုပ်ရှားမှုလေးတွေ စောင့်ကြိုနေပါတယ် ။ မေလက ကိုယ့်ဖက်ရှိတဲ့လပါ ။ ပျော်တာလေးလုပ် ၊ အကောင်းမြင်စိတ်ကလေးထား ၊ ဖိအားတွေလိုက်ယူတာမျိုးထက် လုပ်စရာရှိတာလေးမှန်မှန်လုပ်သွားရင်းနဲ့ သူ့အရှိန်လေးနဲ့သူအဆင်ပြေသွားဖို့ရှိတယ် ။

Relationship ရှိသူတွေကိုတော့ နှစ်ခုခွဲပြောရမယ် ။ လက်ရှိမှာကိုယ်က မဖြစ်သင့်မှန်းသိရက်ဇွတ်တိုးနေမိလား? ဒီမှာတော့ကြီးကြီးမားမား အလှည့်အပြောင်းသဘောလေးရှိတယ် ။ တကယ်တော့ ဒီပုံစံလေးက April ကတည်းကတောင်စတယ်ပြောရမယ် ။ ချစ်သူနဲ့ပတ်သက်ပြီး Reality နဲ့ရင်ဆိုင်လာရမယ် ။ ဥပမာ- စိတ်ရှုပ်မခံချင်လို့ မဖြေရှင်းသေးတာတွေ ရင်ဆိုင်ဖို့ဖြစ်လာတတ်တယ် ၊ သူ့ဖက်ကစပြီးလည်း ပြောင်းလဲတတ်တယ် ၊ ချစ်စိတ်မွှန်ပြီး သူ့အပေါ်ကြံဖန်အကောင်းမြင်ထားတာတွေ ထင်သလိုမဟုတ်ကြောင်း မြင်သာလာဖို့ရှိတယ် ။

တစ်ဖက်မှာလည်း ကောင်းအတူဆိုးအတူ အကုန်ပြောပြ ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ ဆက်ဆံရေးတွေမှာတော့ စိုးရိမ်ဖို့မရှိပါဘူး ။ မေအတွင်း Argument လေးတွေရှိပေမယ့် ခနချင်းပဲ Make Up လုပ်နိုင်မယ် ။ ရန်ဖြစ်ပြန်ချစ်ပုံစံလေးသွားမယ် ။ ပိုနီးစပ်လာစေသလို ပိုကောင်းတဲ့ Quality အချိန်လေးတွေလည်း တည်ဆောက်ယူနိုင်လိမ့်မယ် ။ April အတွင်း အထိအရှသဘောရှိခဲ့ရင်လည်း မေလအတွင်းပြန်ပြီး Heal လုပ်သွားနိုင်ဖို့မြင်ထားတယ် ။

မေလရဲ့နောက်ထပ် Strong Point တစ်ခုက ရင်းနှီးမြုပ်နှံရတဲ့ကံလေးရှိနေတယ် ။ စီးပွားရေး ငွေဝင်များတဲ့ကာလဖြစ်ပါလိမ့်မယ် ။ ကြိုးစားသလောက်အမြတ်ပေါ်မယ် ။ လုပ်အားကြောင့်လည်းရမယ် ၊ ကံကြောင့်လည်းရမယ် ။ မထင်တဲ့နေရာကလည်း ရလာတတ်တယ် ။ ငွေစုဖို့တော့သိပ်မလွယ်ဘူး ။ ဒါပေမယ့် အနာဂတ်အတွက်အချိန်တွေငွေတွေ အများအပြားသုံးခွင့်ရမယ် ။ အလုပ်အပြင် ချစ်ခင်သူတွေနဲ့ပတ်သက်ပြီး ငွေသုံးလည်းများတတ်သလို စိတ်ကျေနပ်မှုလည်း ပြန်ရနိုင်တယ် ။

လက်တလော အကျိုးအမြတ်မျှော်နေတာတွေမှာတော့ ကြန့်ကြာမှုရှိတတ်တာလေး သတိထားပါ ။ ရတော့ရမယ် ၊ ကြာတတ်တယ် ။ ကျန်းမာရေး ကံကြောင့်တော့စိုးရိမ်ဖို့မရှိပါဘူး ။ ရာသီဥတုအပြောင်းအလဲ အထူးသဖြင့် အပူကအအေးကိုပြောင်းတဲ့သဘောတွေပဲ အနည်းငယ်ဂရုစိုက်ရမယ် ။ မေလဟာ စင်းလုံးချောအဆင်ပြေတာမဟုတ်ပေမယ့် အတော်လေးကံကောင်းတဲ့လတစ်လဖြစ်ပါတယ် ။ ဒီအတွက် ချစ်ခင်သူတွေကိုအနားခေါ်ထားပါ တိုင်ပင်ပါ ၊ တစ်ယောက်ထဲမရင်ဆိုင်ပါနဲ့ ။ Reality နဲ့ရင်ဆိုင်လာရတဲ့အခါ လက်တွေ့ဆန်ပါ ။ ခေါင်းမာမာနဲ့ဖက်တွယ်တာမျိုးရှောင်ရမယ် ။ ဆက်ဆံရေးအချို့ပြတ်တောက်သည်ဖြစ်စေ အသစ်ဖြစ်လာသည်ဖြစ်စေ ကောင်းဖို့ဖြစ်လာတာလို့မှတ်ယူနိုင်ပါတယ် ။

Gemini

မေလမှာ Gemini လေးတွေ အတော်ကံကောင်းပါတယ် ။ ငွေဝင်များမယ် ။ အထောက်အပံ့ရတာ ၊ ထီပေါက်တာ ၊ Bonus ရတာစသဖြင့် မထင်မှတ်တဲ့နေရာက ငွေဝင်တဲ့သဘောလေး အတော်အားကောင်းနေတယ် ။ မေလအတွင်းကိုပဲ အသစ်အသစ်သော Energy တွေပလူပျံနေတတ်လို့ ရဲရင့်ပါ ။ တအား Rush ဖို့ပြောတာမဟုတ်ပေမယ့် အချိန်ယူစဥ်းစားပြီးတာနဲ့ Risk ယူသင့်ယူပါ ။ ဘဝတစ်ဆစ်ချိုးပြောင်းလဲစေတာတွေ ၊ အနာဂတ်အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေ စတင်ရတတ်တယ် ။

ပြောရရင်ဒီတစ်လဟာ ပင်ကိုယ်အရည်အသွေးနဲ့ပတ်သက်လို့ ယုံကြည်မှုလည်းပိုရှိသလို ကြိုးစားသလောက်အဖက်တင်တဲ့လပါ ။ ကိုယ်ပေးတာနဲ့ ထိုက်တန်တဲ့အသိအမှတ်ပြုမှုမျိုး ရဖို့ရှိတယ် ။ ကျောင်းနဲ့အလုပ်မှာ နာမည်တပ် ချီးကျူးခံရတတ်တယ် ။ ရထူးတိုးလစာတိုး မျှော်လင့်နိုင်ပါတယ် ။ သတိထားဖို့တစ်ခုမှာတော့ အောင်မြင်မှုမလာခင် Test လုပ်တဲ့ပုံစံလေး အရင်ဆုံး အထစ်အငေါ့ကြုံရတတ်တယ် ။ ကိုယ့်ရဲ့ Focus ကိုမပျက်အောင်ထိန်းပါ ။ အခက်အခဲဆိုတာမျိုးထက် စိတ်လေစေတဲ့အရာလေးတွေ သတိပြုပါ ။

လောကဓံမှာအဆိုးချည်းမဟုတ်ပဲ ကောင်းတဲ့ပုံစံနဲ့လာတတ်ပါတယ် ။ မေလမှာတော့ ကောင်းတဲ့ပုံစံလေးနဲ့အဖျက်ဝင်တတ်တယ်လို့ ပိုမြင်မိတယ် ။ လူမှုရေးအချစ်ရေးအရ စန်းပွင့်တဲ့သဘောလေးတွေ ၊ စိတ်လည်းပျော်စေသလို အချိန်ကုန်စေတာလေးတွေရှိထားတယ် ။ အားမနာသင့်တဲ့နေရာ မနာပါနဲ့ ။ တစ်ကိုယ်ထဲအချိန်လေးတွေ မရရအောင်ယူဖို့လိုတယ် ။ အောင်မြင်ဖို့စိတ်ပိုင်းဖြတ်ထားရင် ပျော်စရာတွေမှာမျောမသွားဖို့ တိုက်တွန်းချင်တယ် ။

တစ်ဖက်ကကြည့်ရင်တော့ လတ်တလောလိုအပ်တဲ့အရာက ငွေမဟုတ်ဘူး ။ နွေးထွေးမှု ၊ အရေးထားမှု ၊ သာယာတဲ့ဆက်ဆံရေးလေးတွေဖြစ်ခဲ့ရင် Enjoy လုပ်ဖို့အဆင်ပြေပါတယ် ။ စိတ်ပျော်ရဖို့ရှိတယ် ။ အပျော်ကနေအပျက်ဖြစ်တတ်လို့ အထိန်းအကွပ်လေးတော့ရှိပါ ။ မေလအတွင်း လူမှုရေးချဲ့ထွင်ခြင်းတွေ မိတ်ဆွေအသစ်ရခြင်းတွေအားကောင်းမှုရှိတယ် ။ မိသားစုပြသနာများတဲ့သူတွေ ပြေလည်လာပါလိမ့်မယ် ။ အရာရာကို ပေါ့ပေါ့ပါးပါးလေးရင်ဆိုင်ပါ ။ ကျန်းမာရေးမှာ ခြေလက် ၊ အဆစ်အမြစ်နဲ့ပတ်သက်လို့ အညံ့ရှိတတ်ပါတယ် ။

ပညာရေးကိစ္စ အားကောင်းပါတယ် ။ သိချင်တတ်ချင်တာတွေအတွက် အချိန်မဆွဲပါနဲ့ ။ Personal Development အားကောင်းတဲ့လဖြစ်လိမ့်မယ် ။ နှလုံးသားရေးနဲ့ပတ်သက်လို့လည်း Favor သဘောလေးရှိတယ် ။ ပိုကောင်းတဲ့ Commitment လေးတွေ ရလာဖို့ရှိတယ် ။ Long Term အချစ်ရေးတွေ ၊ အိမ်ထောင်ရေးမှာတော့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက်လေး ပိုဖြစ်တတ်တယ် ။ စိတ်တူကိုယ်တူပျော်ရသလို ရုတ်ချည်းအဆင်မပြေဖြစ်သွားတတ်တာ ၊ မေးခွန်းထုတ်ရတာ ၊ စိတ်မရှည်ဖြစ်ရတာလေးတွေ မျှော်လင့်ထားပါ ။ နှလုံးသားရေး Decision ကြီးကြီးမားမားတွေ ဒီလပိုင်းထဲချရပါလိမ့်မယ် ။ ဒီလူနဲ့သင့်တော်ပါ့မလား ၊ ရှေ့ဆက်သင့်လား အချစ်ဟောင်းကိုပြန်လက်ခံသင့်လားဆိုတာမျိုး မေလအတွင်းကိုပဲ အဆုံးအဖြတ်ပေးသွားနိုင်ပါတယ် ။

Cancer

Cancer လေးတွေအတွက် မေလအတွင်း Level Up ဖြစ်တဲ့ပုံစံလေးရှိထားတယ် ။ လွယ်တော့မလွယ်ဘူး ၊ ဒါပေမယ့် ပင်ပန်းရကျိုးနပ်မယ် ။ အလုပ်အရဖြစ်စေ Growth အရဖြစ်စေ တစ်ဆင့်မြင့်လာမယ် ။ ရှေးရိုးစွဲနည်းတွေ ၊ ပုံမှန် Routine ကြီးတွေထပ်စာရင် ချဥ်းကပ်ပုံပြောင်းပါ ။ မေလအတွင်း အတွေးအမြင်အသစ် ၊ အကြံဥာဏ်အသစ်တွေကို ဦးစားပေးစေချင်ပါတယ် ။ ဖြစ်နိုင်ရင် Schedule ကိုအစအဆုံးပြန်ဆွဲပါ ။ အရင်ပုံအတိုင်းဆက်သွားနေရင် အလုပ်ပြီးမြောက်မှုနည်းတာလေး ဖြစ်နေဖို့မြင်တယ် ။

လုပ်ငန်းတိုးချဲ့ဖို့စဥ်းစားနေသလား? ဆက်သွားပါ အဆင်ပြေပါတယ် ။ တွေဝေနေတာတွေ အချိန်ဆွဲနေတာတွေရပ်သင့်ပါပြီ ။ ယုံကြည်မှုရှိပါ ၊ ယူသင့်တဲ့ Risk ဆိုယူပါ ။ အစောပိုင်းတော့ ဖြည်းဖြည်းမှန်မှန်သွားစေချင်တယ် ။ မေလတတိယအပတ်ကစပြီး စိတ်သစ်ကိုယ်သစ်နဲ့ ခပ်သွက်သွက်အကောင်အထည်ဖော်လို့ရပါပြီ ။

မေလအတွင်းရှောင်ရန်ဆောင်ရန်ဆိုတာမှာ အလုပ်တွေပိုပြီးမြောက်မှာမို့ ဖိအားတွေတော့ရှောင်မရနိုင်ဘူး ။ ဒါပေမယ့် Negative ဖြစ်တဲ့အရာတွေကို စိတ်ထဲသိမ်းမထားတဲ့နည်းလေးတော့ ကိုယ်လုပ်နိုင်သင့်တယ် ။ ပင်ပန်းရင်နားလိုက်ပါ ။ အတွေးလွန်တာ ၊ စိတ်ရှုပ်လွယ်တာ ၊ စိတ်ဖိအားများပြီးအားငယ်တာ ၊ သူများနဲ့ယှဥ်ပြီးစိတ်အားငယ်တာလေးတွေ အထူးရှောင်နိုင်ဖို့လိုမယ် ။

အချစ်ရေးလည်း ကံကောင်းပါတယ် ။ ချစ်သူစုံတွဲတွေကြား ချစ်ကြည်နူးတဲ့အခိုက်အတန့်တွေရမယ် ။ အနာဂတ်နဲ့ပတ်သက်ပြီး အစဥ်အစီကောင်းတွေချလာနိုင်မယ် ။ ဟိုမရောက်ဒီမရောက် ဆက်ဆံရေးလေးတွေ မေလအတွင်းကိုပဲ အဖြေတစ်ခုပေါ်လာနိုင်ပါတယ် ။ Love Life နဲ့ပတ်သက်တာအကုန် မီးစိမ်းပြတဲ့သဘောရှိလို့ ပိုနီးစပ်လာဖို့ Chance သာပါတယ် ။ လုံးဝမဖြစ်သင့်တဲ့ဆက်ဆံရေးတစ်ချို့ပဲ သူ့အလိုလိုပြတ်တောက်သွားလိမ့်မယ် ။ ဒီအခါမှာတော့ လိုက်မဆွဲထားမိဖို့သတိပြုပါ ။

General Energy အရမှာတော့ မေလအတွင်း အလုပ်အပြောင်းအလဲဖြစ်တာ ၊ နေရာထိုင်ခင်းပြောင်းလဲတာမျိုး ရှိတတ်ပါတယ် ။ လက်ရှိအလုပ်ကိုစိတ်တိုင်းမကျဖြစ်နေရင် အခွင့်အရေးအသစ်တွေလမ်းဖွင့်ထားဖို့ အကြံပေးချင်တယ် ။ အပြိုင်ပေါ်တတ်တယ် ၊ နိုင်လည်းနိုင်ဖို့ရှိတယ် ။

🥑 အနည်းငယ်သတိပြုရမှာ ကျန်းမာရေးပါ ။ မိမိကျန်းမာရေးကိစ္စ ၊ မိသားစုကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ငွေကုန်ရတတ်တယ် ။ မိသားစုပြသနာလည်း များရတတ်တယ် ။ အတ္တဆန်တဲ့မိသားစုဝင်ရှိရင် ပိုသတိပြုပါ ။ မေလမှာတော့မြင်တဲ့အတိုင်း အကောင်းလည်းများမယ် ၊ တချို့နေရာလေးတွေလည်း အညံ့ရှိတယ် ။ ဒါကိုကြိုသိပြီဆိုရင် ဘယ်နေရာပိုအားစိုက်မယ် ၊ ဘယ်သူတွေကိုတော့ ဥပေက္ခာပြုထားမယ်စသဖြင့် တစ်လစာ Plan လေးကြိုဆွဲထားနိုင်ဖို့ ရည်ရွယ်ပါတယ် ။

ရေးသားသူ –Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။