“ပိုက်ဆံများများဝင်စေဖို့ ဓာတ်ယတြာ”

Astrology
“ပိုက်ဆံများများဝင်စေဖို့ ဓာတ်ယတြာ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ပိုက်ဆံများများဝင်စေဖို့ ဓာတ်ယတြာ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ပိုက်ဆံများများဝင်စေဖို့ ဓာတ်ယတြာ”

အိမ်မှာပဲဖြစ်ဖြစ် စျေးဆိုင်အတွက်ပဲဖြစ်ဖြစ်ပိုက်ဆံများများဝင်ချင်ရင် ကြွေပန်းကန်ပြားတစ်ချပ်ပေါ် အမွှေးဆပ်ပြာခဲ တစ်ခဲတင် ၊ မတ်စေ့လေးတင်ပြီး ဖယောင်းတိုင် အစိမ်းရောင် ထွန်းပေးပါ ။ ဖယောင်းတိုင် အစိမ်းရှာမရပါက စက္ကူအစိမ်းရောင်ပတ်ပြီး အသုံးပြုနိုင်ပါတယ် ။

မီးထွန်းတဲ့အခါ”ယခုဆပ်ပြာပေါ်မှ ဖယောင်းတိုင် မီးအလင်းဓာတ်ကိုသက်တော်ထင်ရှား မြတ်စွာဘုရားရှင်အားရည်မှန်းပြီး ပူဇော်လှူဒါန်းပါတယ် ၊ ယခုကဲ့သို့လှူဒါန်းရသော အကျိုးအားကြောင့် ငွေများများဝင်ပါစေ”ဆုတောင်းပေးပါ ။

ဆပ်ပြာတံဆိပ်က Lux နဲ့Parrot ဆပ်ပြာကို အသုံးပြုပေးမယ်ဆို ပိုကောင်းပါတယ် ။ (၇)ရက်ဆက်တိုက်ထွန်းပေးပါ ။ (၇)ရက်ပြည့်ရင် ဆပ်ပြာအသစ်တစ်တုံး လဲပေးပါ ။ ထိုစွန့်ထားတဲ့ ဆပ်ပြာကို သီလရှင် တစ်ပါးပါးကို ပြန်လှူဒါန်းလိုက်ပါ ။ အိမ်မှာအသုံးပြုမယ်ဆိုလည်းရပါတယ် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။