တန် ၃၀ နီးပါး လေးလံတဲ့ ဆူးတောင်ပါ ဝေလငါးကြီး သောင်တင်thayဆုံး

International News
တန် ၃၀ နီးပါး လေးလံတဲ့ ဆူးတောင်ပါ ဝေလငါးကြီး သောင်တင်thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန် ၃၀ နီးပါး လေးလံတဲ့ ဆူးတောင်ပါ ဝေလငါးကြီး သောင်တင်thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တန် ၃၀ နီးပါး လေးလံတဲ့ ဆူးတောင်ပါ ဝေလငါးကြီး သောင်တင်thayဆုံး

ကမ္ဘာ့ဒုတိယအကြီးဆုံး သတ္တဝါမျိုးစိတ်ဖြစ်တဲ့ ဆူးတောင်ပါ ဝေလငါးအထီးကြီးတစ်ကောင်ဟာ ဗြိတိန်နိုင်ငံ ဘရစ်ဒလင်တန်တောင်ပိုင်းကမ်းခြေမှာ သောင်တင် thayဆုံးခဲ့ပါတယ်။ အဲဒီဝေလငါးကြီးဟာ ခန္ဓာကိုယ်အလေးချိန် တန် ၃၀ နီးပါးရှိပြီး ၅၅ ပေ ရှည်လျားပါတယ်။

ဝေလငါးကြီး သောင်တင်နေတာကို မေလ ၂ ရက်နေ့မှာ စတွေ့ခဲ့တာဖြစ်ပေမဲ့ ကြီးမားလေးလံလွန်းတဲ့အတွက် ရေထဲ ပြန်ပို့ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ပုံမှန်အားဖြင့် ဒီဒေသတစ်ဝိုက်မှာ ဆူးတောင်ပါ ဝေလငါးကြီးတွေကို တွေ့ရလေ့မရှိဘူးလို့ ဗြိတိန် ရေနေသတ္တဝါကယ်ဆယ်ရေးအဖွဲကက ဆိုပါတယ်။ အခုthayဆုံးခဲ့တဲ့ ဝေလငါးကြီးဟာ အစာရေစာ ပြတ်လပ်တာ သို့ ရောဂါဝေဒနာ စွဲကပ်ခံရတာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီဝေလငါးအthayကောင်ကြီးကို ဖယ်ရှားနိုင်ဖို့ အာဏာပိုင်တွေက နည်းလမ်းရှာဖွေနေဆဲပါ။ ကမ္ဘာပေါ်မှာ ဆူးတောင်ပါ ဝေလငါး အကောင် ၁၀၀၀၀ ဝန်းကျင်ရှိပြီး သူတို့ဟာ ခန္ဓာကိုယ်အလေးချိန် ၇၄ တန်၊ အလျား ၈၅ ပေအထိ ကြီးထွားလာနိုင်စွမ်း ရှိပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။