တစ်ဘူးကို ငွေကျပ်သိန်း ၁၅၀ ကျော် ကျသင့်မယ့် ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်

International News
တစ်ဘူးကို ငွေကျပ်သိန်း ၁၅၀ ကျော် ကျသင့်မယ့် ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ဘူးကို ငွေကျပ်သိန်း ၁၅၀ ကျော် ကျသင့်မယ့် ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ဘူးကို ငွေကျပ်သိန်း ၁၅၀ ကျော် ကျသင့်မယ့် ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ရေခဲမုန့်ကုမ္ပဏီ Cellato က ထုတ်လုပ်တဲ့ ဘာကူယာရေခဲမုန့်ဟာ တစ်ဘူးကို ယန်း ၈၈၀၀၀၀ ( မြန်မာငွေ သိန်း ၁၅၀ ကျော်) ကျသင့်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်အဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ ဘာကူယာရေခဲမုန့်ကို နို့၊ ချိစ် ၂ မျိုး၊ ကြက်ဥ၊ ဆန်အရက်အနှစ်၊ စားလို့ရတဲ့ ရွှေပြား၊ မှိုဖြူ၊ မှိုဖြူအဆီတွေနဲ့ ထုတ်လုပ်ထားတာပါ။

ဘာကူယာရေခဲမုန့် ထုတ်လုပ်ဖို့ အသုံးပြုတဲ့ မှိုဖြူကို အီတလီနိုင်ငံကနေ မှာယူတင်သွင်းရတာ ဖြစ်ပါတယ်။ ထူးကဲတဲ့ အရသာ၊ နူးညံ့တဲ့ အထိအတွေ့၊ တမူထူးခြားတဲ့ အချိုဓာတ်ကတော့ ဘာကူယာရေခဲမုန့်ရဲ့ ပြောင်မြောက်တဲ့ ပေးစွမ်းမှုပဲလို့ ဆိုကြပါတယ်။

ရေခဲမုန့်ဘူးကို လှပသေသပ်တဲ့ အနက်ရောက်ဘူးနဲ့ ထုပ်ပိုးထားပြီး တာကူချီ ပန်းပဲသမားတွေက ဘုရားကျောင်း၊ ဗိမ္ဗာန်တွေ တည်ဆောက်တဲ့နည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဇွန်းတစ်ချောင်းကိုလည်း ထည့်သွင်းပေးထားပါတယ်။

၁၃၀ မီလီလီတာ ပါဝင်တဲ့ ဘာကူယာ ရေခဲမုန့်တစ်ဘူးအတွက် မြန်မာငွေ သိန်း ၁၅၀ ကျော် ကျသင့်မှာဖြစ်ပြီး ဧပြီလ ၂၅ ရက်မှာ ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်အဖြစ် ဂင်းနက်စ် စံချိန်တင်ခဲ့တာပါ။

ဇွန်းနဲ့ အလွယ်တကူ ခပ်နိုင်လောက်တဲ့အထိ အနည်းငယ်ပျော့အောင် အချိန်စောင့်ပြီးမှ ရေခဲမုန့်စားရင် အကောင်းဆုံးအရသာ၊ အထိအတွေ့ကို ခံစားရမယ်လို့ Cellato ကုမ္ပဏီက ဆိုပါတယ်။ သက်တမ်းကုန်ဆုံးချိန် သတ်မှတ်ထားခြင်းမရှိပေမဲ့ ၁၀ ရက်အတွင်း စားရင် အကောင်းဆုံးပဲလို့လည်း အကြံပြုထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။