ဆံပင်လာညှပ်တဲ့ မြန်မာအလုပ်သမား ၂ဦး စေတနာကောင်းသဖြင့် ထိုင်းဆိုင်ရှင်မှ လူမှုကွန်ယက်တွင်ဖော်ပြ ၊ ထိုင်းနိုင်ငံသားများကပါ ချီးကျူး (ရုပ်/သံ)  

Local News
ဆံပင်လာညှပ်တဲ့ မြန်မာအလုပ်သမား ၂ဦး စေတနာကောင်းသဖြင့် ထိုင်းဆိုင်ရှင်မှ လူမှုကွန်ယက်တွင်ဖော်ပြ ၊ ထိုင်းနိုင်ငံသားများကပါ ချီးကျူး (ရုပ်/သံ)

မင်္ဂလာပါ ပ ရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆံပင်လာညှပ်တဲ့ မြန်မာအလုပ်သမား ၂ဦး စေတနာကောင်းသဖြင့် ထိုင်းဆိုင်ရှင်မှ လူမှုကွန်ယက်တွင်ဖော်ပြ ၊ ထိုင်းနိုင်ငံသားများကပါ ချီးကျူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆံပင်လာညှပ်တဲ့ မြန်မာအလုပ်သမား ၂ဦး စေတနာကောင်းသဖြင့် ထိုင်းဆိုင်ရှင်မှ လူမှုကွန်ယက်တွင်ဖော်ပြ ၊ ထိုင်းနိုင်ငံသားများကပါ ချီးကျူး

ယခုလ ၂ရက်နေ့က ဆိုင်ပင်ညှပ်ဆိုင်ပိုင်ရှင်က သူ့ဆိုင်မှာ ဆံပင်လာညှပ်နေကြ မြန်မာအလုပ်သမား ၂ ဦးရဲ့ ဆံပင်ညှပ်ပြီးပါက ဆံပင်ညှပ်ခအပြင်အချိုရည်ပါ ဝယ်တိုက်သဖြင့် ကျေးဇူးတင်ချီးကျူးကြောင်းကို သူရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားသည့် ရုပ်သံနှင့်အတူ ထိုင်းဘာသာဖြင့်ဖော်ပြခဲ့ရာ တွင် အခြားထိုင်းနိုင်ငံသားများက အဆိုပါမြန်မာအလုပ်သမား ၂ ဦး၏ ဆိုင်ထဲဝင်ချိန် ဖိနပ်ချွတ်ပြီးဝင်လာခြင်းနှင့် ဆံပင်ညှပ်ခပေးသည့်အခါ ရိုရိုသေသေပေးခြင်းတို့ကို ထပ်လောင်းဝိုင်းဝန်းချီးကျူးခဲ့ကြသည်။

ဆံပင်ညှပ်ဆိုင်ပိုင်ရှင်မှ ရေးသားထားသည့် စာသာများအရ……..
“တချို့က ချမ်းသာတယ် လုပ်ငန်းအကြီးကြီးပိုင်ဆိုင်တယ် ကားအကောင်းစားစီးနိုင်တယ် ရွှေတွေအပြည့်ဝတ်တယ် ဒါမဲ့ ဆံပင်ညှပ်ခ ၈၀ ကလေး ၅၀ ကျတော့ ဈေးကြီးတယ်ပြောတယ်

ဒါမဲ့ ထူးဆန်းတာက သူများအလုပ်သမားဖြစ်တဲ့ မြန်မာလူငယ်၂ဦး က ဈေးကြီးတယ် ပြောတာမရှိဘဲ အပိုတောင်ထပ်ပေးသေးတယ် ကျွန်တော်ရဲ့လက်စွမ်းရည်တန်ဖိုးကို မြင်ပေးတဲ့အတွက် ကျေးဇူအရမ်းတင်တယ်” လို့ ဖော်ပြခဲ့ပါသည်။

(ရုပ်/သံ)

Video ကြည့်မရပါက ဤအပြာရောင်စာကို နှိပ်ပါ။

ရေးသားသူ – Labour Hittai TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။