၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့ မှ မေလ ၁၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့ မှ မေလ ၁၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့ မှ မေလ ၁၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့ မှ မေလ ၁၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( May 8 to 14 )

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား နားမကျန်းမှု မရှိနိုင်ပေ။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဗီတာမင် C ကြွယ်ဝသော အစားအစာများကို ပုံမှန်စားသုံးပေးပါ။

ဤကာလအတွင်း ငွေကြေးအရ တိုးတက်မှုများ ရှိနေပါမယ်။ မိမိ၏ အိမ်ထောင်ဖက် မိသားစု သို့မဟုတ် ဘိုးဘွားပိုင် ပစ္စည်းမှရုတ်တရက် အကျိုးခံစားခွင့်များ ရရှိနိုင်ပါတယ်။ ဒါကြောင့် ဤကာလအတွင်း အခွင့်အရေးများကို မှန်ကန်စွာ အသုံးချပါ။

မိသားစုများအား အချိန်ပိုပေးနိုင်ပါလိမ့်မယ်။ အတိတ်က အကြောင်းအရာ အချို့နှင့် လွမ်းဆွေး တမ်းတစေနိုင်ပါတယ်။

ပြိဿရာသီခွင် – Taurus ( May 8 to 14 )

ယခင်အချိန်ကာလမှ အဆစ်အမြစ် ကိုက်ခဲခြင်း သို့မဟုတ် ခါးနာခြင်းတို့ကြောင့် ဒုက္ခရောက်ခဲ့သော Taurus ရာသီခွင် သက်ကြီးရွယ်အိုများသည် ယခုရက်သတ္တပတ်အတွင်း သက်သာရာ ရရှိပါမယ်။ ကျန်းမာရေးနှင့် ညီညွတ်‌သော အစားအသောက်များကို စားသုံးပြီး လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

ယခုအပတ်တွင် ငွေကြေး အကျပ်အတည်းများမှ လွတ်မြောက်နိုင်ပါမယ်။ ဝင်ငွေ‌ရရှိရန် အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။အသိမိတ်ဆွေ၊ သက်ကြီးရွယ်အိုများ၏ အကြံပြုချက်များကို နားထောင်ကာ ဆုံးဖြတ်ချက်များ ချမှတ်ပါ။ အပိုဝင်ငွေ‌ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း အသက်မွေးဝမ်းကြောင်းနှင့် ပက်သက်၍ အပြုသဘောဆောင်သော အပြောင်းအလဲအချို့ ဖြစ်ပေါ်နိုင်ပါတယ်။ အကောင်းမြင်စိတ်ထားကာ ပြောဆိုဆက်ဆံပေးပါ။

မေထုန်ရာသီခွင် – Gemini ( May 8 to 14 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်လာပါလိမ့်မယ်။ စိတ်အား ထက်သန်နေပါမယ်။ ကျန်းမာရေးအတွက် အချိန်ပေးပါ။

ဤကာလအတွင်း ငွေကြေးကိစ္စနှင့် ပက်သက်၍ သတိထားပေးရပါမယ်။ အသုံးစရိတ်များ တိုးလာနိုင်ပါတယ်။

အကယ်၍ အိမ်ခြံမြေ ဝယ်ယူရန် စီစဉ်နေပါက ဆုံးဖြတ်ချက်များကို အလျင်စလို မချမှတ်ပါနှင့်။ အသိမိတ်ဆွေတို့နှင့် ဆွေးနွေးတိုင်ပင်ပါ။

ကရကဋ်ရာသီခွင် – Cancer ( May 8 to 14 )

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် အစားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် အဆီ၊ အစပ်များသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

ဤကာလအတွင်း ငွေကြေး ချေးငှားမှုများကို မပြုလုပ်ပါနှင့်။ ဆုံးရှုံးမှုတို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ ငွေရေးကြေးရေးနှင့် ပက်သက်၍ ကံတရားသည် ညံ့ဖျင်းနေတတ်ပါတယ်။

ယခုအပတ်တွင် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုနှင့်အတူ အထီးကျန်မှုကို ခံစားရနိုင်ပါမယ်။ ညီအကို မောင်နှမများ၊ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် လုပ်ဖော်ကိုင်ဖက်များကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။

သိဟ်ရာသီခွင် – Leo ( May 8 to 14 )

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား နားမကျန်းမှုမျိုး မရှိနိုင်ပါ။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဗီတာမင် C ကြွယ်ဝသော အစားအစာများကို ပုံမှန်စားသုံးပေးပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေ တိုးတက်အားကောင်းနေပါမယ်။ ကံတရား၏ အထောက်အပံ့တို့ဖြင့် ဝင်ငွေတိုးပွားကာ ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။

ယခုအပတ်တွင် မိသားစုနှင့်အတူ ဘာ‌သာရေးဆိုင်ရာ အစီအစဉ်တစ်ခု ပြုလုပ်ရန် စီစဉ်နိုင်ပါတယ်။ ပရဟိတ လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ မိသားစုအတွင်း အေးချမ်းမှု ရှိနေပါမယ်။

ကန်ရာသီခွင် – Virgo ( May 8 to 14 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအရ တိုးတက်မှုများ ရှိလာပါမယ်။ ရာသီအကူးအပြောင်းကြောင့် ရောဂါအသေးအမွှား ရနိုင်ပေမယ့်လို့ ကြီးကြီးမားမား ရောဂါဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။

ယခင်က ငွေကြေး ရင်းနှီးမှုပြုလုပ်ခဲ့လျှင် ယခုအပတ်တွင် ပြဿနာ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ငွေကြေး ဆုံးရှုံးမှုတို့ ရှိလာနိုင်ပါတယ်။

ဤကာလအတွင်း လူမှုဆက်ဆံရေးတွင် မိမိ၏ အပြုအမူနှင့် ပက်သက်၍ သတိထားပေးပါ။ မိမိ၏ လိုအင်ဆန္ဒ တစ်ထုတည်း မဟုတ်ဘဲ တခြားသူတို့၏ ပြောဆိုချက်များကိုပါ ထည့်သွင်း စဉ်းစားပါ။ မလိုအပ်ဘဲ ငြင်းခုံမှုကို မပြုလုပ်ပါနှင့်။ အတိတ်က အမှားများနှင့် အတွေ့အကြုံများမှ သင်ခန်းစာ ရယူပါ။

တူရာသီခွင် – Libra ( May 8 to 14 )

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးအတွက် အပြုသဘောဆောင်သော‌ အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ ယုံကြည်မှုများ တိုးလာသည့် အတွက် ဆုံးဖြတ်ချက်များကို မိမိကိုယ်တိုင် အပြည့်အဝ ချမှတ်နိုင်ပါမယ်။

အိမ်ထောင်သည် ဖြစ်ပါက ဤကာလတစ်လျှောက်လုံး မိမိကလေး၏ ပညာရေးအတွက် ငွေကြေးများစွာ သုံးစွဲရတတ်ပါတယ်။ မိမိမျှော်လင့်ထားသည်ထက် ငွေရေးကြေးရေး ပိုမိုကြပ်တည်းလာမည် ဖြစ်သဖြင့် ဤကိစ္စကို တစ်ယောက်တည်း ဖြေရှင်းမည့်အစား မိမိ၏ အိမ်ထောင်ဖက်နှင့် ဆွေးနွေးတိုင်ပင်ပါ။

အသက်‌မွေးဝမ်းကြောင်းတွင် မိမိလုပ်နိုင်သည်ထက် ပို၍ တာဝန်မခံပါနှင့်။ မဟုတ်ပါက အဖက်ဖက်မှ ဖိအားတို့ကြောင့် စိတ်ဖိစီးရတတ်ပါတယ်။ ဒါကြောင့် မိမိ ပြီးမြောက်နိုင်သည့်အလုပ်ကိုသာ ကတိပေးပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( May 8 to 14 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမာရေးကို အားစိုက်ပေးရပါမယ်။ မိမိ၏ ကျန်းမာရေးအတွက် အချိန်ပေးပါ။ မနက်ခင်းတိုင်း မိနစ် ၃၀ခန့် လမ်းလျှောက်ပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ချက်ပြုတ်စားသုံးပေးပါ။

ယခုအပတ်တွင် သူငယ်ချင်းများ၊ နီးစပ်သောဆွေမျိုးအချို့၏ ပံ့ပိုးကူညီမှုကြောင့် ငွေကြေးအခက်အခဲများမှ လွတ်မြောက်နိုင်ပါမယ်။ မိမိ၏ ဘဏ္ဍာရေး အခြေအနေ တိုးတက်နေပါမယ်။ ယခင်က ယူခဲ့သော ကြွေးမြီများကိုလည်း ပြန်လည်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း မိမိ၏ အကြောင်းအရာ ကိစ္စများကို ပြောဆိုရာတွင် သတိထားပေး ရပါမယ်။ လူတိုင်းကို လိုအပ်သလောက်သာ ပြောပြပါ။

ဓနုရာသီခွင် – Sagittarius ( May 8 to 14 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ မိမိကျန်းမာရေးအပြင် မိသားစုဝင်တို့၏ ကျန်းမာရေးကိုပါ ဂရုစိုက်ပေးပါ။

ဤကာလအတွင်း ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အမြတ်အစွန်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ယခုအပတ်တွင် Sagittarius ရာသီခွင်သည် စိတ်တို၊ ဒေါသဖြစ်လွယ်နေပါမယ်။ စိတ်အလိုမကျမှုတို့ကြောင့် အပြုအမူသည် အနည်းငယ် ခက်ထန်နေနိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( May 8 to 14 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ယုံကြည်မှု ထက်သန်စွာ အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။ အစိမ်းရောင် အသီးအရွက်များကို ပိုမိုစားသုံးပေးပါ။

ယခုအပတ်တွင် ငွေကြေးရှာဖွေရန် စိတ်အားထက်သန်နေပါမယ်။ ကောင်းမွန်သော အမြတ်အစွန်းများနှင့် အတူ ဘဏ္ဍာရေး အခြေအနေ တိုးတက်မှုများ ရှိနေပါမယ်။ သို့သော် ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ မပေါ့ဆပါနှင့်။

ဤကာလအတွင်း မိသားစုနှင့် ခရီးထွက်မည့် အစီအစဉ်တွင် အိမ်ထောင်စုဝင်တစ်ဦး၏ ကျန်းမာရေး ချို့တဲ့မှုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ရွှေ့ဆိုင်းရနိုင်ခြေ ရှိနေပါတယ်။ အနည်းငယ် စိတ်မသက်မသာ ခံစားရနိုင်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( May 8 to 14 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကိုယ်ခန္ဓာ ကြံ့ခိုင်နေစေရန် အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးပါ။ အစာချေဖျက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း မမျှော်လင့်ဘဲ ငွေကြေး သုံးစွဲရတတ်ပါတယ်။ အသိမိတ်ဆွေ တစ်ဦးဦးသည် မိမိ၏ နေအိမ်သို့ ရုတ်တရက် လာရောက်နိုင်ဖွယ် ရှိနေပါတယ်။

ပတ်ဝန်းကျင်ရှိ လူများ အထူးသဖြင့် မိသားစုဝင်များ၏ အပြုအမူတို့ကြောင့် ယခုတစ်ပတ်တွင် အနည်းငယ် စိတ်မကောင်းဖြစ်စေနိုင်ပါမယ်။ စိတ်ဖိစီးမှုကိုလည်း တိုးလာစေသည့်အပြင် သူတို့နှင့် ငြင်းခုံမှုများလည်း ရှိလာနိုင်ပါတယ်။

မိန်ရာသီခွင် – Pisces ( May 8 to 14 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် မိမိ အိမ်ထောင်ဖက်၏ ကျန်းမာရေးနှင့် ပက်သက်၍ စိတ်ဖိစီးမှုနှင့် အတူ စိုးရိမ်ပူပန်မှုများ ခံစားရနိုင်ပါတယ်။

မိမိ၏ စွမ်းဆောင်ရည်ကို မှန်မှန်ကန်ကန် အသုံးချပါက ဘဏ္ဍာရေး အခြေအနေသည် တိုးတက်လာပါိလိမ့်မယ်။ ကောင်းမွန်သော အကျိုးခံစားခွင့်များ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဘာအကြောင်းကြောင့်မဆို အိမ်ပြန်နောက်ကျခြင်း၊ ပိုက်ဆံများစွာ သုံးစွဲခြင်းတို့ကြောင့် ယခုအပတ်တွင် မိဘများ၏ ဒေါသနှင့် ရင်ဆိုင်ရတတ်ပါတယ်။ ဒါကြောင့် မိဘနှစ်ပါးအား စိတ်ဆိုးစေနိုင်သည့် မည်သည့်အရာကိုမှ မပြုလုပ်ပါနှင့်။ မဟုတ်ပါက မိမိ၏ စိတ်ခံစားချက်ကို ထိခိုက်စေသည့် အပြင် မိသားစုပတ်ဝန်းကျင်တွင်ပါ အနှောင့်အယှက်များ ကြုံရနိုင်ပါမယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။