ကင်ဆာရောဂါကို ၈ နှစ်ကြာရင်ဆိုင်ခဲ့ရတဲ့ သရုပ်ဆောင် Dolph Lundgren

Celebrity International News
ကင်ဆာရောဂါကို ၈ နှစ်ကြာရင်ဆိုင်ခဲ့ရတဲ့ သရုပ်ဆောင် Dolph Lundgren

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကင်ဆာရောဂါကို ၈ နှစ်ကြာရင်ဆိုင်ခဲ့ရတဲ့ သရုပ်ဆောင် Dolph Lundgren ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကင်ဆာရောဂါကို ၈ နှစ်ကြာရင်ဆိုင်ခဲ့ရတဲ့ သရုပ်ဆောင် Dolph Lundgren

The Expendables ရုပ်ရှင်တွေအပါအဝင် အက်ရှင်ရုပ်ရှင်ပေါင်းများစွာမှာပါဝင်ခဲ့တဲ့ ဆွီဒင်သရုပ်ဆောင် Dolph Lundgren ဟာ လွန်ခဲ့တဲ့ ၈ နှစ်လုံး ကင်ဆာရောဂါကို ၎င်းတစ်ယောက်တည်းကြိတ်ပြီးရင်ဆိုင်တိုက်ခိုက်နေခဲ့ပါတယ်။

Dolph Lundgren ဟာ In Depth With Graham Bensinger အင်တာဗျူးတစ်ခုမှာ လွန်ခဲ့တဲ့ ၈ နှစ်တာကာလပတ်လုံး ၎င်းဟာ ကင်ဆာရောဂါကိုကုသနေရကြောင်းပြောပြလာခဲ့တာပါ။

၂၀၁၅ မှာ ဆရာဝန်တွေက Dolph Lundgren ဟာ ကင်ဆာဖြစ်နေကြောင်းတွေ့ရှိခဲ့သလို ၎င်းရဲ့ကျောက်ကပ်မှာရှိတဲ့ ကင်ဆာဖြစ်လာဖွယ်အသားပိုတစ်ခုကိုဖယ်ရှားခဲ့ရကြောင်း အဆိုပါအင်တာဗျူးအရသိရပါတယ်။

“အဲတုန်းက ခြောက်လတစ်ခါ scan ဖတ်တယ်၊ ပြီးကျနှစ်တိုင်းလုပ်ခဲ့တာဆိုတော့ အဆင်ပြေခဲ့ပါတယ်၊ ငါးနှစ်လောက်ပေါ့။ ၂၀၂၀ ကျတော့ ဆွီဒင်ကိုပြန်တော့ ကျွန်တော် acid reflux လား ဘာလဲတော့မသိဘူး ဖြစ်တယ်၊ အဲဒါနဲ့ ကျွန်တော် MRI လုပ်တော့ အဲဒီနေရာတဝိုက်မှာ အသားပိုတွေနောက်ထပ်နည်းနည်းပိုရှိတာကိုတွေ့လိုက်ရတယ်။”

အဲဒီအချိန်က Dolph Lundgren မှာ နောက်ထပ် အသားပို ၆ ခုရှိနေတာကိုတွေ့ခဲ့ရပြီး ခွဲစိတ်ဖြတ်ထုတ်ဖို့အတွက်ကြီးလွန်းနေတဲ့အတွက် ကုထုံးနဲ့ပဲကုသခဲ့ရကြောင်း၊ ၂၀၂၁ နှောင်းပိုင်း Aquaman and the Lost Kingdom နဲ့ The Expendables 4 ရိုက်ကူးဖို့အတွက် လန်ဒန်ကိုရောက်ရှိလာချိန်မှာတော့ နောက်ထပ်အသားပိုတွေထပ်မံတွေ့ရှိခဲ့ကြောင်း Dolph Lundgren က ထပ်မံပြောပြလာပါတယ်။

“ထင်ထားတာထက်ပိုဆိုးတယ်ဆိုတာကို သတိထားမိလိုက်တာပေါ့။ ဆရာဝန်ကတော့ အဆုတ်၊ ကျောက်ကပ်၊ ကျောရိုးမကြီးနဲ့ ကျောက်ကပ်အပြင်မှာ အသားပိုတွေတွေ့တယ်လို့ပြောတယ်။ သူကပြောတာပေါ့ ‘ခဏလောက်နားလိုက်ပြီး မိသားစုကိုအချိန်ပေးသင့်တယ်’ ဘာညာပေါ့။ ကျွန်တော်အချိန်ဘယ်လောက်ရဦးမလဲလို့မေးလိုက်တော့ သူက ၂နှစ် ၃နှစ်တော့ရမယ်ပြောတယ်၊ ဒါပေမယ့် သူ့အသံထဲမှာတော့ အချိန်ကအဲထက်ပိုနည်းမယ်ဆိုတာသတိထားမိလိုက်တယ်။”

လန်ဒန်ကဆရာဝန်တစ်ယောက်ရဲ့အဆိုအရ Dolph Lundgren ဟာ ကျောက်ကပ်ကင်ဆာကနေ အဆုတ်ကင်ဆာအဖြစ် သန္ဓေပြောင်းလဲသွားတဲ့အတွက် အဆုတ်ကင်ဆာကုထုံးနဲ့ဆက်လက်ကုသမှုခံယူခဲ့ရကာ ကုသမှုအသစ်အရ အသားပိုဟာ သုံးလအတွင်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ သေးငယ်သွားကြောင်းသိရပါတယ်။

လက်ရှိမှာ Dolph Lundgren ဟာ ကင်ဆာရောဂါမရှိတော့ပေမယ့်လည်း ဆေးသောက်ကာဆက်လက်ကုသနေရကြောင်းသိရပါတယ်။

Dolph Lundgren ရဲ့ The Expendables 4 ဟာ လာမယ့် စက်တင်ဘာ ၂၂ မှာ ရုံတင်ပြသမှာဖြစ်ပြီး Aquaman and the Lost Kingdom ကတော့ ဒီဇင်ဘာ ၂၀ မှာ ရုံတင်သွားမှာပါ။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။