မိဘကျေးဇူး အကြေ ဆပ်နည်း ( ၆ )နည်း

Astrology
မိဘကျေးဇူး အကြေ ဆပ်နည်း ( ၆ )နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိဘကျေးဇူး အကြေ ဆပ်နည်း ( ၆ )နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိဘကျေးဇူး အကြေ ဆပ်နည်း ( ၆ )နည်း

၁ ။ အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း ။
၂ ။ ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း ။
၃ ။ ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း ။
၄ ။ ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း ။
၅ ။ တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း ။
၆ ။ အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း ။
တို့ပဲဖြစ်ပါတယ် ။

၁ ။ အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း ။

မိဘအတွက်စားဦး စားဖျား ဖယ်ထားတာမိဘစားချင်တာ ချက်ကျွေးတာမိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကိုလုပ်ပေးတာတွေကမိဘတွေ အလွန်ပဲ ၀မ်းသာပါတယ်…. တဲ့ ။ဒါကြောင့် အစားအစာ ကျွေး၍မိဘကို ကျေးဇူးဆပ်နိုင်ပါတယ် ။

၂ ။ ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း ။

မိဘများစားချင်တာတွေ စားနိုင်အောင်မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို လုပ်ပေးရင် မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် ….တဲ့ ။ဒါကြောင့်မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်းကျေးဇူးဆပ်နိုင်ပါတယ် ။ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာဆပ်လည်း ကုန်မှာပါနော် ။

၃ ။ ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း ။

အိမ်မှုကိစ္စများနှင့်မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာကိုယ်တိုင်၀င်ရောက်ပြီးမိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်းမိဘကို နင်းနှိပ်ပေးခြင်းပြုစုပေးခြင်း စတဲ့ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း ကျေးဇူးဆပ်နိုင်ပါတယ် ။

၄ ။ ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း ။

မိဘတွေ ကုသိုလ်ရအောင်တရားနာနိုင်အောင် တိုက်တွန်းခြင်းသင်္ကန်းတွေ လှူခိုင်းခြင်းအလှူတွေ လုပ်ခိုင်းခြင်းဖြင့်သားသမီးများကမိဘတွေ ကုသိုလ်ရအောင်ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း ကျေးဇူးဆပ်နိုင်ပါတယ် ။

၅ ။ တရားနာ ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း ။

မိဘတွေတရားနာနိုင်အောင် တိုက်တွန်းပေးခြင်း ။ကူညီဖြည့်ဆည်းပေးခြင်း ။
မိဘတွေဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်းကျေးဇူးဆပ်နိုင်ပါတယ် ။မြတ်ဗုဒ္ဓ၏အမြတ်ဆုံးကျေးဇူး အကြေဆပ်နည်းပါ ။

ဖခင်အား ရဟန္တာဖြစ်အောင်ကျေးဇူး အကျေဆပ် ၊မိခင်အား မဟာသောတာပန်ဖြစ်အောင်ကျေးဇူး အကျေဆပ်….တဲ့ ။

၆ ။ အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း ။

နောက်ဆုံးကတော့……မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာမိဘအတွက် ရည်မှန်းပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ကာအမျှတမ်း ပေးဝေခြင်းကလည်းမိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ် ။

အထူး မှတ်ရန် ။ ။ “မြတ်စွာဘုရားတောင်မှ “အမေ့နို့ဖိုး တစ်လုံးသာကြေ” ဆိုတဲ့ စကားဟာ လုံး၀ လုံး၀ မဟုတ်တဲ့ “ဂျင်းစကား”သာ ဖြစ်ပါကြောင်း ။ မြတ်စွာဘုရားသည် နို့ဖိုးအားလုံး နဲ့ မိဘကျေးဇူးအကုန်အစင် အကြေဆပ်နိုင်ခဲ့ပါသည် ။ ထို့အတူ ကျွန်တော်တို့အားလုံးသည်လည်း မြတ်စွာဘုရားနည်းတူ အမေ့နို့ဖိုး ၊ မိဘကျေးဇူးကိုကုန်စင်အောင် အကြေဆပ်နိုင်ကြပါသည် ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။