ရခိုင် နဲ့ ချင်း ကို မုန်တိုင်းကင်းတဲ့ အစိမ်းရောင် အဆင့်သတ်မှတ်လိုက်၊ မုန်တိုင်းဖြတ်နေဆဲ တိုင်းနဲ့ပြည်နယ် ၄ ခုကို အညိုရောင်အဆင့် ဆက်သတ်မှတ်ထား

Local News
ရခိုင် နဲ့ ချင်း ကို မုန်တိုင်းကင်းတဲ့ အစိမ်းရောင် အဆင့်သတ်မှတ်လိုက်၊ မုန်တိုင်းဖြတ်နေဆဲ တိုင်းနဲ့ပြည်နယ် ၄ ခုကို အညိုရောင်အဆင့် ဆက်သတ်မှတ်ထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရခိုင် နဲ့ ချင်း ကို မုန်တိုင်းကင်းတဲ့ အစိမ်းရောင် အဆင့်သတ်မှတ်လိုက်၊ မုန်တိုင်းဖြတ်နေဆဲ တိုင်းနဲ့ပြည်နယ် ၄ ခုကို အညိုရောင်အဆင့် ဆက်သတ်မှတ်ထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရခိုင် နဲ့ ချင်း ကို မုန်တိုင်းကင်းတဲ့ အစိမ်းရောင် အဆင့်သတ်မှတ်လိုက်၊ မုန်တိုင်းဖြတ်နေဆဲ တိုင်းနဲ့ပြည်နယ် ၄ ခုကို အညိုရောင်အဆင့် ဆက်သတ်မှတ်ထား

အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါကနေ ဆိုင်ကလုန်းမုန်တိုင်းမိုခါအဖြစ် ဒီနေ့မနက်ပိုင်းမှာ အားလျော့သွားပေမဲ့ မုန်တိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ဆက်လက်ရွေ့လျားနေတာကြောင့် စစ်ကိုင်း၊ မန္တလေး၊ ကချင်နဲ့ ရှမ်း စတဲ့တိုင်းနဲ့ပြည်နယ်တွေကို အညိုရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလက ဒီနေ့ မေ ၁၅ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဆိုင်ကလုန်းမိုခါဟာ နောက် ၆ နာရီအတွင်းမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီး ကချင်ပြည်နယ်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်သန်းတဲ့ဒေသတွေမှာ လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်နိုင်တာကြောင့် ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနားမှာ နေထိုင်ကြသူတွေကိုလည်း သတိထားကြဖို့ မိုးဇလက သတိပေးထားပါတယ်။

မုန်တိုင်း ဖြတ်သန်းသွားပြီးတဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်တွေကိုတော့ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပါတယ်။

မုန်တိုင်းမိုခါရဲ့ အရှိန်ကြောင့် ဒီနေ့ မနက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်ပြည်နယ်တွေမှာ မိုးရွာနိုင်တယ်လို့လည်း ဆိုပါတယ်။

လပွတ္တာက လေဘေးရှောင်သူတွေ နေရပ်ပြန်ကြပြီ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်က ကျေးရွာ‌တွေဘက်ကနေ လေဘေးရှောင်လာကြတဲ့ ဒေသခံတွေဟာ ဒီကနေ့ မေလ ၁၅ ရက်မနက်ပိုင်းမှာတော့ နေရပ်ကိုပြန်ကြပြီလို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

“မနေ့က ကျွန်တော်တို့ဘက်ကို လေလည်းသိပ်မတိုက်ဘူးဗျ။ အပျက်အစီးလည်း မရှိပါဘူး။ ဒီမနက်တော့ သင်္ဘောတွေရော လှေတွေနဲ့ပါ နေရပ်ပြန်ဖို့လုပ်နေပြီ” လို့ နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တဦးက ပြောပါတယ်။

လပွတ္တာဒေသဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ကြရပြီး လူဦးရေ‌သိန်းနဲ့ချီ thayဆုံးခဲ့တာကြောင့် အခုမိုခါဆိုင်ကလုန်းမုန်တိုင်းအတွက်လည်း ကြိုတင်လေဘေးရှောင်ရှားခဲ့ကြတာလည်းဖြစ်ပါတယ်။

လပွတ္တာမြို့ပေါ်ကိုနဲ့ ‌မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အအုံရှိတဲ့ ကျေးရွာတွေဆီ လေဘေးရှောင်ခဲ့သူ တသိန်းခွဲနီးပါးအထိရှိခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။