လကိုဖျောက်ပြမယ့် ဒေးဗစ်ကော်ပါဖီးလ် (David Copperfield)

Celebrity International News
လကိုဖျောက်ပြမယ့် ဒေးဗစ်ကော်ပါဖီးလ် (David Copperfield)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လကိုဖျောက်ပြမယ့် ဒေးဗစ်ကော်ပါဖီးလ် (David Copperfield) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လကိုဖျောက်ပြမယ့် ဒေးဗစ်ကော်ပါဖီးလ် (David Copperfield)

David Copperfield ဆိုတာက မြန်မာပြည်သားတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ မျက်လှည့်ပညာရှင်တစ်ယောက်ပါ။

David Copperfield ဟာ ၎င်းရဲ့သူမတူတဲ့ မျက်လှည့်ပြဟန်တွေကြောင့် မျက်လှည့်ပညာရှင်လောကမှာတော့ ဆရာကြီးတစ်ဦးပါပဲ။ အထူးသဖြင့် လေဘာတီရုပ်တုကြီးကိုဖျောက်ပြတဲ့ပြကွက်ဟာ မသိသူမရှိအောင်ကျော်ကြားတဲ့ပြကွက်တစ်ခုဖြစ်ပါတယ်။
David Copperfieldအ​နေနဲ့ ဒီလောကမှာ နှစ် ၃၀ လောက် ကျင်လည်အပြီးမှာတော့ သူရဲ့အကြီးမားဆုံး ပြကွက်တစ်ခုကို ပြသမှာဖြစ်ကြောင်း ၎င်းရဲ့ လူမှုစာမျက်နှာကနေ ကြေညာသွားပါတယ်။

Illusionist David Copperfield reveals plans to make the moon disappear

အဲဒီပြကွက်ကတော့ သူ့အနေနဲ့ လ ကို​ဖျောက်ပြမှာဖြစ်ပြီး လာမယ့် ၂၀၂၄ ဖေဖော်ဝါရီလထဲမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ အဲဒီပြပွဲကို Save the Children အသင်းနဲ့ပူးပေါင်းကာပြသမှာဖြစ်ပြီး ဒီပွဲရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်က ကလေးသူငယ်တွေရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ အငတ်ဘေးကို ဖျောက်ဖျက်ဖို့အတွက်ဖြစ်ပါတယ်။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။