ဒီကနေ့ နေ့လယ် မှာ စစ်တွေမြို့ခံတချို့ကို ဆက်သွယ်လို့ရပြီ ၊ စစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီး

Local News
ဒီကနေ့ နေ့လယ် မှာ စစ်တွေမြို့ခံတချို့ကို ဆက်သွယ်လို့ရပြီ ၊ စစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒီကနေ့ နေ့လယ် မှာ စစ်တွေမြို့ခံတချို့ကို ဆက်သွယ်လို့ရပြီ ၊ စစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဒီကနေ့ နေ့လယ် မှာ စစ်တွေမြို့ခံတချို့ကို ဆက်သွယ်လို့ရပြီ ၊ စစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီး

မိုခါမုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့ စစ်တွေမှာ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီးသွားပြီလို့ ဘီဘီစီဆက်သွယ်လို့ရခဲ့တဲ့ ဒေသခံဆီက သိရပါတယ်။

“အခုတမြို့လုံးကိုပတ်ကြည့်နေတာ။ လမ်းတွေအကုန်ပျက်စီးနေပြီ၊ အထင်ကရနေရာတွေဖြစ်တဲ့ စစ်တွေဆေးရုံ၊ တက္ကသိုလ်တွေဆိုအကုန်အမိုးလန်ကုန်တယ်။ ကမ္ဘောဇဘဏ်က တစစီဖြစ်သွားပြီ။ ရွာတွေကတော့ ရွာပျက်ကုန်ပြီပဲ” လို့ စစ်တွေဒေသခံက ပြောပါတယ်။

လေဘေးသင့် စစ်တွေဒေသခံတွေအတွက် လူအင်အားနဲ့ ကူညီပေးကြဖို့အပြင် နေစရာ၊စားစရာတွေပါ ကူညီဖို့လိုအပ်နေပြီလို့ စစ်တွေဒေသခံက ဆိုပါတယ်။ မနေ့ မေလ ၁၄ ရက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီခွဲဝန်းကျင်ဟာ မုန်တိုင်းတိုက်ခတ်မှု အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး လူအthayအပျောက်တချို့ရှိနိုင်တယ်လို့လည်း ‌ခန့်မှန်းနေကြပါတယ်။
စစ်တွေမြို့ရဲ့ နောက်ဆုံးရ အခြေအနေကို မြို့ခံတွေနဲ့ ထပ်မံဆက်သွယ်နိုင်ဖို့ကြိုးစားနေပါတယ်။

ပုံစာ – အင်အားပြင်းမုန်တိုင်းတိုက်ခတ်ခံရပြီး ဒီကနေ မေ ၁၅ ရက် ၂၄ နာရီပြည့်ချိန်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့က အပျက်အစီးမြင်ကွင်းတချို့ကို ဒေသခံတွေ ရိုက်ကူးထားပြီး လူမှုကွန်ရက်မှာဖြ‌န့်ဝေလိုက်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။