နိမ့်ပါးတဲ့အပူချိန်မှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိတဲ့ အဏုဇီဝပိုးမွှားများ တွေ့ရှိ

International News Knowledge
နိမ့်ပါးတဲ့အပူချိန်မှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိတဲ့ အဏုဇီဝပိုးမွှားများ တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိမ့်ပါးတဲ့အပူချိန်မှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိတဲ့ အဏုဇီဝပိုးမွှားများ တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိမ့်ပါးတဲ့အပူချိန်မှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိတဲ့ အဏုဇီဝပိုးမွှားများ တွေ့ရှိ

အဲလ်ပ်တောင်တန်းကနေ တွေ့ရတဲ့ အဏုဇီဝပိုးမွှားတွေဟာ အပူချိန်နိမ့်နိမ့်လေးမှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ပလတ်စတစ်ပိုလီမာတွေကို ချေဖျက်နိုင်တဲ့ အဏုဇီဝပိုးမွှား အများအပြား ရှာဖွေတွေ့ရှိထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့အတွက် ဘက်တီးရီးယားနဲ့ မှိုတွေမှာ တွေ့ရတဲ့ အင်ဇိုင်းတွေကို လေ့လာစမ်းသပ်လျက်ရှိပါတယ်။ ဒါပေမဲ့ ယခင်တွေ့ရှိထားတဲ့ အဏုဇီဝပိုးမွှားတွေဟာ မြင့်မားတဲ့ အပူချိန်မှာပဲ အလုပ်လုပ်နိုင်စွမ်းရှိတာကြောင့် ကုန်ကျစရိတ် များသလို ကာဗွန်ကင်းစင်မှုလည်း မရှိပါဘူး။

အခုအခါမှာတော့ အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယက်မှာ ပလတ်စတစ်တွေကို ချေဖျက်စားသုံးနိုင်စွမ်းရှိတဲ့ မှို ၂ မျိုးကို ဆွစ်ဇာလန်ပြည်ထောင်စုသိပ္ပံဌာနက တွေ့ရှိခဲ့ပါတယ်။ အဲဒီမှိုတွေဟာ polyester-polyurethane (PUR) ၊ polybutylene adipate terephthalate (PBAT) နဲ့ polylactic acid (PLA) တို့ကို ချေဖျက် စားသုံးနိင်တာ တွေ့ရှိရပါတယ်။

သုတေသီတွေက ဆက်လက်လေ့လာကြည့်တဲ့အခါ PUR ကို ချေဖျက်နိုင်တဲ့ မှို ၉ မျိုးနဲ့ ဘက်တီးရီးယား ၈ မျိုး၊ PBAT နဲ့ PLA အရောအစပ်ကို ချေဖျက်နိုင်တဲ့ မှို ၁၄ မျိုးနဲ့ ဘက်တီးရီးယား ၃ မျိုးကို တွေ့ရှိခဲ့ကြပါတယ်။ PUR ဆိုတာ အထည်အလိပ်တွေမှာ အသုံးအများဆုံးဖြစ်ပြီး PBAT ကိုတော့ ထုပ်ပိုးမှုလုပ်ငန်းတွေ၊ PLA ကိုတော့ ဇီဝဆေးဝဆိုင်ရာတွေမှာ အသုံးပြုလေ့ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။