အချစ်ကို ဝေစားကြသူများ

International News
အချစ်ကို ဝေစားကြသူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချစ်ကို ဝေစားကြသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အချစ်ကို ဝေစားကြသူများ

အချစ်ကို ဝေစားတဲ့ ဗင်နီဇွဲလားအမျိုးသမီးနှစ်ဦးရဲ့ ဇာတ်လမ်းကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ သူ့ချစ်သူကောင်လေးမှာ နောက်ရည်းစားတစ်ယောက် ရှိနေတယ်ဆိုတာကို WhatsApp မက်ဆေ့တွေကနေ ဆိုဖီယာဂူတီယာရက်ဇ် သိသွားခဲ့တာပါ။ အများအားဖြင့် ဒီလို အခြေအနေမှာ အချင်းများကြမှာဖြစ်ပေမဲ့ ဆိုဖီယာကတော့ သူ့ချစ်သူ ကောင်လေးကို ပြဿနာ မရှာခဲ့ပါဘူး။

သူ့ချစ်သူရဲ့ ရည်းစားနဲ့ လူချင်းသွားတွေ့ပြီး စကားပြောခဲ့ပါတယ်။ အဲဒီအမျိုးသမီးနာမည်ကတော့ ဆာရာဂီးလ်ပါ။ ဆိုဖီယာက ဆာရာဂီးလ်နဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီး ချစ်သူကောင်လေးကို ပြိုင်တူတွဲကြဖို့ သဘောတူခဲ့ကြတာပါ။ ဆာရာဂီးလ်ကလည်း တကယ်ချစ်တာဖြစ်လို့ အခုလို သဘောတူခဲ့တာလို့ ဆိုဖီယာက ပြောပါတယ်။
ဒီသတင်းဟာ လက်တင်ဘာသာ သတင်းဌာနကြီးတွေပါ ဖော်ပြကြတဲ့ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပြီး ချစ်သူ ၂ ယောက်လုံးကို တရားဝင်ပြိုင်တူ တွဲခွင့်ရတဲ့ ကောင်လေးကိုတော့ ကမ္ဘာ့ကံအကောင်းဆုံးလူသားလို့ လူမှုကွန်ရက် အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။