ဟားမတ်စ်တွေဖမ်းထားတဲ့ ဓားစာခံ ၂၀၀ နီးပါးထဲက အမေရိကန်နှစ်ဦး ပြန်လွတ်လာ

International News
ဟားမတ်စ်တွေဖမ်းထားတဲ့ ဓားစာခံ ၂၀၀ နီးပါးထဲက အမေရိကန်နှစ်ဦး ပြန်လွတ်လာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟားမတ်စ်တွေဖမ်းထားတဲ့ ဓားစာခံ ၂၀၀ နီးပါးထဲက အမေရိကန်နှစ်ဦး ပြန်လွတ်လာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟားမတ်စ်တွေဖမ်းထားတဲ့ ဓားစာခံ ၂၀၀ နီးပါးထဲက အမေရိကန်နှစ်ဦး ပြန်လွတ်လာ

အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးဘက်ကို ဝင်ရောက်ပြီး ဟားမတ်စ်လက်နက်ကိုင်တွေ ဖမ်းဆီးသွားတဲ့ဓားစာခံတွေထဲက အမေရိကန်နိုင်ငံသူ သားအမိဖြစ်တဲ့ ဂျူးဒစ်နဲ့ နာတာလီရာနန်တို့ကို ဟားမတ်စ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

လွတ်လာတဲ့ အမျိုးသမီးနှစ်ယောက်ဟာ အခုအစ္စရေးဘက်ကို ပြန်ရောက်လာခဲ့ပါပြီ။
အမေရိကန်နိုင်ငံသားတွေ ပြန်လွတ်လာတာကို အထူးပျော်ရွှင်မိကြောင်း သမ္မတဘိုင်ဒန်ကပြောပါတယ်။ လွတ်လာသူနှစ်ဦး အစ္စရေးဘက်ကို ပြန်ရောက်ပြီးချိန်မှာ သမ္မတဘိုင်ဒန်နဲ့ ဆက်သွယ်စကားပြောပြီးပြီလို့လည်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ဖမ်းခံထားရတဲ့ အမေရိကန်နှစ်ဦး ပြန်လွတ်လာအောင် ဘယ်လိုညှိနှိုင်းခဲ့သလဲဆိုတာ အတိအကျမသိရသေးပေမဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ကာတာအစိုးရရဲ့ အင်မတန်အရေးပါတဲ့ လုပ်ဆောင်ပေးမှုကို ကျေးဇူးတင်တယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားတွေအပါဝင် နောက်ထပ်ပျောက်ဆုံးနေသူတွေ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးအတွက်လည်း အရေးတကြီးဆက်လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်မနက်က ဟားမတ်စ်စစ်သွေးကြွတွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အစ္စရေးဘက်က အရပ်သားတွေကို ပစ်သတ်လို့ လူ ၁၄၀၀ ကျော်thayဆုံးခဲ့ပြီး ၂၀၀ လောက်လည်း ဓားစာခံအဖြစ် ဂါဇာဘက်ကို ဖမ်းခေါ်သွားခဲ့ပါတယ်။ အဲဒီလူတွေအထဲက အခု အမေရိကန်နှစ်ဦး ပထမဆုံးလွတ်မြောက်လာတာပါ။

အစ္စရေးကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကိုပိတ်ဆို့ပြီး လေကြောင်းက ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့အတွက်အတွက် အခုအထိ လူ ၄၀၀၀ ကျော်thayဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။

ဂျူးဒစ်နဲ့ နာတာလီယာတို့ဟာ ဂျူးဒစ်ရဲ့ မိခင် တာမာရာနန်ရဲ့ ၈၅ နှစ်ပြည့်မွေးနေ့ပွဲအတွက် အစ္စရေးကို ရောက်နေကြတာလို့ သိရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။