ဖရဲ – ဖရုံ ၂ မျိုးစပ်အသီးကို တရုတ်တောင်သူ စမ်းသပ်စိုက်ပျိုးနေ

International News
ဖရဲ – ဖရုံ ၂ မျိုးစပ်အသီးကို တရုတ်တောင်သူ စမ်းသပ်စိုက်ပျိုးနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖရဲ – ဖရုံ ၂ မျိုးစပ်အသီးကို တရုတ်တောင်သူ စမ်းသပ်စိုက်ပျိုးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖရဲ – ဖရုံ ၂ မျိုးစပ်အသီးကို တရုတ်တောင်သူ စမ်းသပ်စိုက်ပျိုးနေ

တရုတ်တောင်သူတစ်ဦးဟာ ဖရဲ – ဖရုံ အရသာနှစ်မျိုးလုံး ရရှိစေမယ့် ဖရဲ- ဖရုံ ၂ မျိုးစပ်အသီးကို စမ်းသပ်စိုက်ပျိုးနေပါတယ်။ အသက် ၄၀ ဝန်းကျင် ရှိတဲ့ ဖရဲစိုက်တောင်သူဟာ တရုတ်နိုင်ငံ အန်ဟွေးပြည်နယ်၊ ဖူယန်းမြို့က ဖြစ်ပြီး တရုတ်သတင်းဌာနတွေမှာတော့ မစ္စတာအေလို့ ဖော်ပြကြပါတယ်။

သူဟာ ဖရဲတစ်ဝက်၊ ဖရုံတစ်ဝက် အသီးကို စမ်းသပ်စိုက်ပျိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က တရုတ်လူမှုကွန်ရက် စာမျက်နှာ Weibo ပေါ်မှာ ထူးခြားတဲ့အသီးရဲ့ ဓာတ်ပုံတွေ တင်ခဲ့ပါတယ်။

” ဖရုံစေ့ကို ဖရဲစေ့ထဲ ပေါင်းစပ်ထည့်သွင်းဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့တာပါ။ နောက်ဆုံးတော့ အောင်မြင်ပါပြီ။ စိုက်ပျိုးဖြစ်ထွန်းနိုင်ခြေ ရှိပါတယ်” လို့ မစ္စတာအေက ဆိုပါတယ်။ ဖရဲ – ဖရုံ ၂ သီးစပ်အသီးကို စိုက်ပျိုးရာမှာ ထင်တိုင်းမပေါက်သေးလို့ ပြီးပြည့်စုံအောင် ဆက်လုပ်ဖို့တော့ လိုနေသေးတယ်လို့ သူက ပြောပါတယ်။ မစ္စတာအေက ဖရဲတစ်ဝက်၊ ဖရုံတစ်ဝက် အညီအမျှ ကြီးထွားလာချင်ပေမဲ့ တချို့အသီးတွေက ဖရဲ ၁၀ ရာခိုင်နှုန်း၊ ဖရုံ ၉၀ ရာခိုင်နှုန်း ဖြစ်နေတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။