အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြီး ဂင်းနက်စ်စံချိန် တင်ခဲ့သူ

International News
အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြီး ဂင်းနက်စ်စံချိန် တင်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြီး ဂင်းနက်စ်စံချိန် တင်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြီး ဂင်းနက်စ်စံချိန် တင်ခဲ့သူ

ထူးခြားတဲ့စွမ်းရည်ကြောင့် အင်တာနက်ပေါ်မှာ ကျော်ကြားတဲ့ လူငယ်လေးက အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့မှာ နေထိုင်တဲ့ ဂျိုဗန်တီကာတာ ( အင်စတာဂရမ်ပေါ်မှာ HolyGxD ဟု ကျော်ကြား)ဟာ အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြပြီး ၁ မိနစ်၊ ၂ စက္ကန့်ကြာ နေပြခဲ့တာပါ။ သူဟာ တရုတ်နိုင်ငံဟာ ရှူကွမ်းတန်ရဲ့ ၅၃ စက္ကန့်စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

ဂျိုဗန်တီကာတာဟာ ၂ တန်းကျောင်းသားဘဝကတည်းက အောက်နှုတ်ခမ်းကို နှာခေါင်းပေါ်တင်တတ်ခဲ့တာပါ။ ” မင်း အစား စားရင် မျက်နှာတစ်ခုလုံးပျောက်သွားသလိုပဲ။ စားစရာမပါဘဲ ဝါးတဲ့ပုံစံလုပ်ပြခိုင်းတော့ ကျွန်တော်လည်း လုပ်ပြလိုက်တာပေါ့။ သူတို့အားလုံး ဝိုင်းရယ်ကြတယ်။ ဆရာမကတော့ သူ့မျက်စိ သူ မယုံနိုင်အောင် ဖြစ်သွားပါတယ်”လို့ ဂျိုဗန်တီကာတာက ဆိုပါတယ်။

” ဒီလိုလုပ်နေတဲ့အချိန် အသက်ရှူလို့ မရဘူး။ အသက်အောင့်ထားဖို့ လိုသလို ကြွက်သားတွေအကုန်လုံးလည်း တော်တော်ထိနိုင်တယ်” လို့ ဂင်းနက်စ်စံချိန်အဖွဲ့ရဲ့ ဒိုင် မာကိုဖရီဂတ်တီက ပြောပါတယ်။

ဗီဒီယို ကြည့်ရှုရန် လင့်ခ် –
https://www.youtube.com/watch?v=x_8wmz8kNOg&t=2s

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။