တူရကီဘောလုံးလောက ‘’အရှက်ရဖွယ်’’ ဒိုင်လူကြီး တိုက်ခိုက်ခံရမှု

International News Sports
တူရကီဘောလုံးလောက ‘’အရှက်ရဖွယ်’’ ဒိုင်လူကြီး တိုက်ခိုက်ခံရမှု

တူရကီကထိပ်တန်းဘောလုံးပြိုင်ပွဲတစ်ခုမှာ ဒိုင်လူကြီးတယောက်မြေပေါ်ပုံလဲကျတဲ့အထိအထိုးခံခဲ့ရပါတယ်။

တူရကီ ဘောလုံးဒိုင်လူကြီး ဟာလေ အူမု မေလာကို အန်ခါရေဂုချူးဘောလုံးအသင်းဥက္ကဋ္ဌ ဖာရွတ် ကိုချာက ကွင်းထဲအထိ ဝင်ရောက်ပြီး မျက်နှာကို လက်သီးနဲ့ထိုးခဲ့ပါတယ်။ အသင်းဥက္ကဋ္ဌဟာ သရေပွဲပြီးချိန်မှာပဲ အခုလိုပြုမူခဲ့တာဖြစ်ပါတယ်။ အသင်းပရိသတ်တွေကလည်း ကွင်းထဲကို ဆင်းပြေးပြီး ဒိုင်လူကြီးကို ကန်ကျောက်ခဲ့တာကြောင့် ညတွင်းချင်းမှာပဲ ‌ဆေးရုံပို့ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် မစ္စတာ ကိုချာအပါအဝင် လူအတော်များများလည်း အဖမ်းခံခဲ့ရပါတယ်။
အားကစားလောကမှာ လက်ပါတဲ့ပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို အာဏာပိုင်တွေက စဥ်းစားသုံးသပ်နေတုန်းမှာပဲ တူရကီဘောလုံးပြိုင်ပွဲတွေ အားလုံးကို ဆိုင်းငံ့လိုက်ပြီဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ရှုတ်ချသူတွေထဲ ပါဝင်တဲ့ တူရကီသမ္မတ အာဒိုဝမ်နဲ့ တူရကီ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကတော့ ဒီဖြစ်ရပ်ဟာ ‘’အရှက်တကွဲဖြစ်ရတဲ့ည’’ လို့ ပြောထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။