မဟာဘုတ်ဗေဒင်ဟောကိန်းများ

Astrology
မဟာဘုတ်ဗေဒင်ဟောကိန်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်ဗေဒင်ဟောကိန်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်ဗေဒင်ဟောကိန်းများ

ပုတိ – အပုပ်။ ဘင်္ဂ – အပျက်။ မရဏ – အthay။
အထွန်း – ထင်ရှားခြင်း။ သိုက် – လုံခြုံခြင်း။
ရာဇ – မင်းနှင့်တူခြင်း။ အဓိပတိ – အကြီးအမှူး။

ပုတိသဘော မကျော်ဇော နှမြောရှိတတ်စ။
ဘင်္ဂ၌ကား ဖွားလာငြား ပျက်ပြား ဗျာပါဒ။
မရဏကွက်တွင် ဖွားလာမြင် ငယ်စဥ်thayတတ်စွ။
မthayကြီးက ရွှေထီးရ။
အထွန်းဖွားမြင် ကျော်ဇောထင် လူတွင်အံသြရ။
သိုက်သာသနာ ဖွားမြင်လာ ရှင်သာဒုလ္လဘ ရဟန်းလှ။
တံခွန်တွင်ဖွား လွန်ထင်ရှား ကျော်ကြားရပ်ဒေသ။
အဓိပတိမှာ ဖွားမြင်လာ အာဏာစူးရှ တိက္ကမ။

(မှတ်ချက်)
တံခွန်ဆိုသည်မှာ ရာဇဖြစ်၏။ ရာဇတံခွန်ဟုလည်းခေါ်သည်။

(ပုတိဖွား)

ပုတိဖွားသည်နှမျော စစ်စီတတ်၏။ လိုချင်လောဘကြီးတတ်သည်။ လျှို့ဝှက်စွာ နေထိုင်တတ်သည်။ ငယ်ရွယ်စဥ်က ရောဂါဝေဒနာထူတတ်သည်။ ပုတိသဘော မကျော်ဇော၊ ကျော်ဇောပုတိ တုမရှိဟု အဆိုရှိ၏။
(ငယ်ရွယ်စဥ်က ရောဂါများတတ်သည်။ ငြိုငြင်စွာ မွေးရတတ်သည်။ နှမျောတွန့်တိုသော စိတ်သဘော ရှိတတ်သည်။ အရပ်တစ်ပါးမှာ အိမ်ထောင်ကျတတ်သည်။ ဆွေပစ်၊ မျိုးပစ်၊ သားပစ်၊ မယားပစ်၊ ခရီးသွားလာ နေထိုင်ရတတ်သည်။ အပြောအဆို မယဥ်ကျေးတတ်။ ခရီးသွားလာလျက် အသက်ကုန်ရတတ်သည်။)

(အပုပ်ဖွားဟုလည်း ခေါ်သည်။ မိမိသည် ငယ်စဥ်အခါ ကျန်းမာချမ်းသာစွာ မရှိဘဲ အမျိုးမျိုးသော ရောဂါဝေဒနာများ နှိပ်စက်ခံရပြီးလျှင် ချူချာစွာ ဖြစ်နေတတ်သည်။ မိမိ၏ မိဘတို့လည်း အမျိုးမျိုးသော ဒုက္ခဝေဒနာများကို အနည်းနည်း အဖုံဖုံဖြင့် ငြိုငြင်ပင်ပန်းစွာ ပြုစုရတတ်သည်။ ခရီးရှည်လျား ဝေးစွာသောအရပ်များသို့ အမြဲမပြတ် သွားလာနေရတတ်၏။ မိမိသည် မွေးဖွားရာဒေသမှတစ်ပါး အခြားအရပ်ဒေသမှ မိန်းမများနှင့် အကြောင်းပါတတ်သည်။)

(ဘင်္ဂဖွား)

ဘင်္ဂဖွားသည်ငယ်စဥ်က ရောဂါများ၊ ဥစ္စာပျက်စီးလျက်၊ ဆင်းရဲဒုက္ခနှင့် ယှဥ်လျက် မွေးဖွားရတတ်သည်။ကြီးသောအခါ မိမိကြံစည်လုံလ ပြုသမျှ အနှောက်အယှက် အဖျက်အဆီးများ ခဏခဏ ကြုံတွေ့နိုင်သည်။

(ငယ်စဥ်က ချူချာတတ်သည်။ မိဘ.ဆွေမျိုးဉာတိတို့ စိတ်သောက ကြောင့်ကြများရတတ်သည်။ ပစ္စည်းပျက်ဖန် များတတ်သည်။ စိတ်နု၏။ ကြောက်လန့်တတ်သည်။ ရောဂါဖိစီး နှိပ်စက်တတ်၏။ ဥစ္စာမတည် ပျက်ပြားဆုံးရှုံးတတ်သည်။)

(မိမိအား အနာရောဂါ ဝေဒနာများသည် မကြာခဏနှိပ်စက်တတ်သည်။ မိမိသည် ဆင်းဆင်းရဲရဲနှင့် ချို့ငဲ့စွာ မွေးဖွားပြီးလျှင် အသက်အရွယ်ကြီးရင့်သော အခါများတွင်လည်း အလုပ်ကိစ္စများကို သူတစ်ပါးတို့နည်းတူ ကြိုးစား၍ လုပ်ဆောင်ပါသော်လည်း များစွာတိုးတက်ချမ်းသာခြင်းမရှိဘဲ ဆင်းရဲတတ်သည်။ ဆွေမျိုးညာတိ မိတ်သင်္ဂဟ အပေါင်းအသင်း၊ အိမ်ထောင်ရေးနှင့် ပတ်သက်၍ အမျိုးမျိုးသော စိုးရိမ်သောကများ ဖြစ်ရတတ်သည်။ အလုပ်အကိုင်များ ကြိုးစားလုပ်ကိုင်အားထုတ်ပြုပါသော်လည်း ရရှိသော ငွေကြေးများသည် ကြာမြင့်စွာ မတည်ဘဲ အမျိုးမျိုးသော ရောဂါဝေဒနာများ ကပ်ရောက်၍ ချူချာတတ်သည်။)

(မရဏဖွား)

မရဏဖွားသည် ငယ်စဥ်က thayလျှင်thay မthayသော် ဘုန်းတန်ခိုးသြဇာ အာဏာနှင့် ပြည့်စုံလျက် thayလျှင်မြေကြီး ရှင်လျှင် ရွှေထီးဆိုသလို ကြီးပွားကျော်ဇော ထင်ရှားနိုင်ပေသည်။

(ငယ်စဥ်က ရောဂါထူ၍ thayဆုံးတတ်သည်။ ကြောက်ရွံ့ထိတ်လန့် အသည်းငယ်တတ်သည်။ မိဘကို စိတ်ဒုက္ခပေးတတ်သည်။ မthayလျှင် ရွှေထီးဆောင်းရတတ်သည်။ မင်း.မှူး.မတ်.သူဌေး.သူကြွယ်.ရဟန်း ဖြစ်တတ်သည်။ စိတ်သဘောမှာ ကြောက်တတ်သည်။)

(မိမိသည် ငယ်စဥ်အခါ အမျိုးမျိုးသောရောဂါ ဝေဒနာများဖြင့် နှိပ်စက်ခြင်းခံရ၍ အမျိုးမျိုးအဖုံဖုံ ဒုက္ခရောက်ပြီးလျှင် အသက်အရွယ်ကြီးပြင်းသောအခါ၌ မင်း-သူဌေး-သူကြွယ်ဟူ၍ တစ်မျိုးတစ်ဖုံ ကြီးကျယ်စွာ ဖြစ်ထွန်းတတ်၏။)

(အထွန်းဖွား)

အထွန်းဖွားသည် ငယ်စဥ် ရောဂါဝေဒနာကင်းလျက် မွေးဖွားတတ်ပြီး ကြီးလျှင် နာမည် ဂုဏ်သတင်း ထင်ရှားကျော်ဇောစေ၍ ထူးချွန်သော ပုဂ္ဂိုလ်အဖြစ် ရောက်စေနိုင်သည်။
(ကျော်ဇောထင်ရှားတတ်သည်။ စိတ်ထက်မြန်သည်။ ထက်မြက်သောဉာဏ် ရှိတတ်သည်။ ရဲစွမ်းသတ္တိရှိတတ်သည်။ တန်ခိုးသြဇာ ကြီးတတ်သည်။ ချမ်းသာကြွယ်ဝတတ်သည်။ မာနလည်း ရှိတတ်သည်။ စာတတ်ပေတတ် စကားတတ် ဖြစ်တတ်သည်။)

(မိမိသည် အထွန်းခံ၍ ဖွားသောကြောင့် မိမိနှင့် စပ်ဆိုင်သော အလုပ်အကိုင် အမှုကိစ္စဟူသမျှတို့၌ ကျော်ဇောကိတ္တိ ရှိတတ်သည်။ မိမိသည် မည်သည့်အမှုကိစ္စ အလုပ်အကိုင်တိုင်း၌မဆို ရဲစွမ်းသတ္တိ များစွာ ရှိတတ်သည်။ မည်သည့်နေရာတွင်မဆို တန်ခိုးအာဏာ သြဇာကိတ္တိမ ကြီးမားတတ်သည်။ နေရာနကာတိုင်းတို့၌ အမြော်အမြင် ဉာဏ်ပညာဗဟုသုတ ပြည့်ဝစုံလင်စွာ ရှိတတ်သည်။ မိမိသည် သူတကာတို့အပေါ်တွင် မာန်မာနကြီးစွာ ထားရှိတတ်သည်။)

(သိုက်ဖွား)

သိုက်ဖွားသည် အကြံအစည်များစွာ အားထုတ်လုံ့လပြုလေ့ရှိပြီး ရဟန်းသံဃာတော်သော်လည်း ကောင်း၊ မင်းသော်လည်းကောင်း၊ သူဌေးသော်လည်းကောင်း ဖြစ်စေနိုင်သည်။

(ငယ်စဥ်က အနာရောဂါ ကင်းတတ်သည်။ မိဘ စိတ်ပျော်ရွှင်ရတတ်သည်။ မင်း၊ ရဟန်း၊ ဆရာ၊ ပညာရှိ၊ သူဌေး ဖြစ်တတ်သည်။ သြဇာအာဏာကြီးတတ်သည်။ သနားကြင်နာတတ်သည်။ ပေးကမ်းစွန့်ကြဲတတ်သည်။ စိတ်သဘောထား နူးညံ့သိမ်မွေ့တတ်သည်။ ဥစ္စာပစ္စည်းများတတ်သည်။ မိတ်သင်္ဂဟ ပေါများတတ်သည်။ အများကြည်ညိုခံရတတ်သည်။ အကြံအစည်များတတ်သည်။ နှုတ်မှုပညာနှင့် အကျိုးပေးတတ်သည်။)

(သိုက်ခံ၍ ဖွားသောကြောင့် မင်း-ပုဏ္ဏား-သူဌေး- သူကြွယ် ဖြစ်ရတတ်သည်။ မိမိသည် သူတစ်ပါးတို့အား သနားကြင်နာတတ်သည်။ မရှိနွမ်းပါး သူဆင်းရဲများအားလည်း ပေးကမ်းစွန်ကြဲတတ်သည်။ မိမိသည် အလုပ်အကိုင် အမျိုးမျိုးတို့အတွက် အကြံအစည်အတွေးအခေါ် များတတ်သည်။ နှုတ်မှုပညာ လက်မှုပညာများနှင့် များစွာအကျိုးပေးတတ်သည်။)

(ရာဇဖွား)

ရာဇဖွား (တံခွန်)သည် နာမည်ဂုဏ်သတင်းထင်ရှားလျက် မင်းတိုင်ပင်ခံ ပုဂ္ဂိုလ်ပညာရှိ ဆရာသမား ဖြစ်စေခြင်းနှင့် မင်းစိုးရာဇာ တစ်ခုခု ဖြစ်စေနိုင်သည်။
(အထက်တန်း မင်းစိုးရာဇာနှင့် ပေါင်းသင်း ဆက်ဆံလိုတတ်သည်။ ၄င်းတို့ကို အမှီပြု၍ အလုပ်အကိုင် လုပ်ရတတ်သည်။ မင်းနှင့်တူသော စည်းစိမ်ကို စံစား ခံစားရတတ်သည်။ စိတ်ထားမြင့်တတ်သည်။ ခြွေရံသင်းပင်း ပေါများတတ်သည်။ စက်မှုလက်မှု၊ အနုပညာတို့နှင့် အကျိုးပေးတတ်သည်။)

(မိမိသည် ရာဇခံ၍ ဖွားသောကြောင့် အထက်တန်းလွှာ မင်းစိုးရာဇာ အာဏာရှိသူများနှင့် အပေါင်းအသင်း မိတ်ဆွေဖွဲ့တတ်သည်။ မိမိသည် မည်သည့်အလုပ်အကိုင် အမှုကိစ္စတိုင်း၌မဆို စေ့စပ် သေချာစွာ ပြုလုပ် ပြောဆိုတတ်သည်။ မိမိ၏ စီးပွားဥစ္စာ အခြေအနေမှာ အလယ် အလတ်တန်းစား ဖြစ်တတ်သည်။ မိမိ၏ စီးပွား တိုးတက်မှုများမှာ လက်မှုပညာများနှင့် အကျိုးပေးတတ်သည်။)

(အဓိပတိဖွား)

အဓိပတိဖွားသည် ယခုဘဝ၌ မိမိဆွေမျိုးသားချင်း တို့ထက် လွန်ကဲသော ထူးချွန်မှုကို ရစေနိုင်လျှက် ဂုဏ်ဒြပ်နှင့်တကွ နာမည်ဂုဏ် သတင်းကြီးလျက် တင့်တယ်သော ဘဝအခြေသို့ ရောက်စေနိုင်လေသည်။

(အကြီးအကဲ ဖြစ်တတ်သည်။ ကျော်ဇောထင်ရှားတတ်သည်။ ရဲရင့်သတ္တိရှိတတ်သည်။ ဇွဲကောင်းတတ်သည်။ ဉာဏ်ပညာ ဗဟုသုတများတတ်သည်။ လိမ္မာယဥ်ကျေး ရှိတတ်သည်။ ချစ်သူခင်သူ ပေါတတ်သည်။ စိတ်သဘော ဖြောင့်မတ်တည်ကြည်တတ်သည်။ စကားပြော ချိုသာသည်။ ဂုဏ်ကျက်သရေ ရှိတတ်သည်။ နှုတ်မှုပညာနှင့် အသက် မွေးရတတ်သည်။ ဇာတ်သမား (သဘင်သည်) လည်း ဖြစ်တတ်သည်။ အပြောအဟော ကောင်းတတ်သည်။)

(မိမိသည် အဓိပတိခံ၍ ဖွားသောကြောင့် မည်သည့် နေရာတွင်မဆို နေရာတကာ အလုပ်အကိုင်တိုင်းတို့၌ အကြီးအကဲ အချုပ်အချာ ဖြစ်ရတတ်သည်။ မည့်နေရာတွင်မဆို ရဲစွမ်းသတ္တိနှင့် ပြည့်စုံတတ်သည်။ ပညာဉာဏ်လည်း အထူးသဖြင့် ကြီးကျယ်ထူးခြားစွာ ရှိတတ်၏။ မိမိအား ချစ်ခင်သူ မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းများတတ်၏။ မိမိသည် နှုတ်မှုပညာလက်မှုပညာများနှင့် အကျိုးပေးတတ်သည်။)

ရေးသားသူ –ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။