1.12.2022 မှ 31.12.2022အထိ တစ်လစာဟောစာတမ်း

Astrology

1.12.2022 မှ 31.12.2022အထိ တစ်လစာဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 1.12.2022 မှ 31.12.2022အထိ တစ်လစာဟောစာတမ်းလေးပဲ ဖြစ်ပါတယ်။

တနင်္ဂနွေ သားသမီးများအတွက် ၂၀၂၂ ခု
ဒီဇင်ဘာလ တစ်လတာကံကြမ္မာ ဟောစာတမ်း

ဤကာလ သည်မိမိ၏လုပ်ငန်းစီးပွားများအထူးတလည် ဖြစ်ထွန်းမည့်ကာလ ဖြစ်သည်။
စီးပွားရေး လုပ်ငန်း၌သာ အထူးအာရုံစိုက်ပါ။အကျိုးဖြစ်ထွန်းသလောက် အဖျက်အတိုက်များတတ်သည်။မိတ်‌သစ်ဆွေသစ်များပေါ်လာပါ အစစ
အရာရာအထူးဂရုစိုက်ပါ။

အချစ်ရေး၌ သင့်တော်သောလူနှင့်‌တွေ့ဆုံမည်။
အချစ်ကံ စန်းပွင့်မည်။အိမ်ထောင်ရေးမလိုလားသော အကြောင်းအရာများကြောင့်စိတ်အနှောက်ယှက်များနေတတ်သည်။သေးငယ်သောမှားယွင်းမှုကြောင့် ပေးဆပ်မှု များတတ်သောကာလဖြစ်၍ စီးပွားရေးရောအချစ်ရေး/အိမ်ထောင်ရေး၌ပါ အမှားမရှိပါစေနှင့်။

ကျန်းမာရေးဇာတာ – သည်းခြေ၊ကျောက်ကပ်နှင့်ပတ်သက်သည်များအထူး ဂရုပြုပါ။

ယတြာ – ဘုရားကျောင်း၌ သန့်ရှင်းရေးပြုလုပ်
ပေးပါ။

အကျိုးပေးအရောင် – နက်ပြာရောင်
အကျိုးပေးဂဏန်း – 5 / 8

တနင်္လာ သားသမီးများအတွက် ၂၀၂၂ ခု
ဒီဇင်ဘာလ တစ်လတာ ကံကြမ္မာဟောစာတမ်း

စီးပွားရေး၌ အသစ်သစ်သော အတွေးခေါ်များကြောင့် လုပ်ငန်းသစ်များ ပြုလုပ်ရမည်။ အရွေ့ပြောင်းများ ကြုံတက်သည်။အိမ်ဆောက်တာ ကျောင်းဆောက်တာအကျိုးပေးမယ်။ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်တက်တဲ့ ကာလဖြစ်ပါတယ်။

အိမ်ထောင်သည်များက မိမိအိမ်ထောင်ဖက်နဲ့ခနတာဝေးကွာနေရတတ်တယ်။ အိမ်ထောင်ရေးအထူးစိုးရိမ်စရာမရှိပါ။အချစ်ရေးကံလဲကောင်းမည်။
သဝန်တိုတတ်သောချစ်သူရည်းစားနဲ့ တွေ့ဆုံမည်။

အင်္ဂါ သားသမီးများအတွက် ၂၀၂၂ ခု
ဒီဇင်ဘာလ တစ်လတာ ကံကြမ္မာဟောစာတမ်း

လက်ရှိလုပ်ကိုင်‌ ဆောင်ရွက်နေသောစီးပွား‌၌
မထင်မှတ်ထသောမမျော်လင့်ထားသော ကိစ္စရပ်များမှတစ်ဆင့် ဝင်ငွေများရတတ်သည်။ဝင်ငွေကောင်းသလောက်အထွက် လည်းကောင်းမည်။စက်ပစ္စည်းများအဝင်ကောင်းမည်။မနားမနေ အလုပ်လုပ်ရမည်။

အချစ်ရေး/အိမ်ထောင်ရေးတွင် စိတ်သဘောထားမတိုက်ဆိုင်မှုများကြောင့် ကွဲခြင်းကွာခြင်းများကြုံတွေ့ရတတ်သည်။သို့သော်လည်း စိုးရိမ်စရာ မရှိပါ။မကြာမှီ အားလုံး အဆင်ပြေသွားမည်။

ကျန်းမာရေးတွင် ဆီးရောဂါ၊ လေရောဂါ များဖြစ်တတ်၏။ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း – ၂ /၇
အကျိုးပေးအရောင် – ဆင်စွယ်ရောင် /အဖြူရောင်

ယတြာ – ဘုရားတွင် ထောပတ်သီးကပ်လှူပါ။

ဗုဒ္ဓဟူး သားသမီးများအတွက် ၂၀၂၂ ခု
ဒီဇင်ဘာလ တစ်လတာ ကံကြမ္မာဟောစာတမ်း

လုပ်ငန်း၌ အဆင်မပြေမှုများနေတတ်သည်။အလွှဲလွှဲအချော်ချော်ဖြစ်နေတတ်သည်။လုပ်ဖော်ကိုင်ဖက်များ၏သွေးထိုးမှု မနာလိုမှုများကြောင့် အောင်မြင်မှု
နှောင့်နှေးတတ်သည်။စိတ်ဓာတ်ကျနေတတ်သည်။

အချစ်ရေး / အိမ်ထောင်ရေး ကံမကောင်းပါ။
ဤကာလအတွင်းပေးဆပ်မှုဖြင့်သာ ရှင်သန်နေ
ရမည်။

ကျန်းမာရေးဇာတာ အထူးကောင်းမွန်မည်။
ခရီးမထွက်သင့်ပါ။အရွေ့့ပြောင်းမလုပ်ရပါ။

အကျိုးပေးအရောင် – အနီရောင်
အကျိုးပေးဂဏန်း – ၁ /၉

ယတြာ – ကံ့ကော်ပန်းနှင့် စံပယ်ပန်း ဘုရားကပ်လှူပါ။

ကြသပတေး သားသမီးများအတွက် ၂၀၂၂ ခု
ဒီဇင်ဘာလ တစ်လတာ ကံကြမ္မာဟောစာတမ်း

ဤကာလ၌ လုပ်ငန်းရှင်များ တွဲဖော်တွဲဖက်များနှင့်
အထူးအကျိုးပေးမည်။ကိုယ်ပိုင်လုပ်ငန်းများ လုပ်ရတတ်မည်။အကျိုးပေးမည်။မိတ်ကောက်းဆွေကောင်းများရတတ်သည်။ လုပ်ငန်းစီးပွားအထူးတိုးတက်သောကာလဖြစ်၍ အခြားမလိုလားအပ်သောအရာများ၌ အချိန်မဖြုန်းသောအားဖြင့်
မိမိ၏တိုးတက်ရာတိုးတက်ကြောင်း အလုပ်များ
အားကြိုးမာန်တက် ဆောင်ရွက်ပါ။

အချစ်ရေး၌ ကိုယ့်ကို ဂရုစိုက်သော၊စွဲလန်းနေသောသုများနှင့်ကြုံတွေ့ရပြီး အချစ်ရေးကံ စန်းပွင့်နေမည်။
အိမ်ထောင်ရေးအထူးကောင်းမွန်းသည်။

ကျန်းမာရေးက ဝမ်းဗိုက်၊ခါး ဂရုစိုက်ရပါမည်။

ယတြာ – ဘုရား၌ထောပတ်ဆီမီးထွန်း ပူဇော်ပါ။

အကျိုးပေးဂဏန်း – ၃ / ၈
အကျိုးပေးအရောင် – အစိမ်းရောင်

သောကြာ သားသမီးများအတွက် ၂၀၂၂ ခု
ဒီဇင်ဘာလ တစ်လတာ ကံကြမ္မာဟောစာတမ်း

စီးပွားရေး လုပ်ငန်း၌ သူတစ်ပါး၏ ကျော်ခွခြင်းခံရမည်။ နှောင့်နှေးနေတတ်၏။ အရောင်းအဝယ်ပြု
လုပ်သောသူများ ပါးနေတတ်၏။ ကုန်ပစွစည်းများ အထွက်နည်း၏။ ရွှေ၊ငွေ၊ရတနာ ပစ္စည်းများ
အကျိုးပေးမည်။ အဝင်ကောင်း၏။

အချစ်ရေးတွင် ငယ်ရွယ်သူများနှင့်တွေ့ဆုံတတ်သည်။ အချစ်စစ်၊အချစ်မှန်များ ရတတ်၏။
အိမ်ထောင်ရေး၌ လိုအပ်မှုမရှိပြည့်စုံစွာနေရတတ်၏။

ကျန်းမာရေးကတော့ သာမန်ဖျားနာမှုများကြုံ‌တွေ့ရ
တတ်၍ အအေးမမိစေပါနှင့်။

အကျိုးပေးအရောင် – အပြာရောင်
အကျိုးပေးဂဏန်း – ၅ / ၀

ယတြာ – ဘုရား၌ ကောက်ညှင်းပေါင်းကပ်လှူပါ။

စနေ သားသမီးများအတွက် ၂၀၂၂ ခု
ဒီဇင်ဘာလ တစ်လတာ ကံကြမ္မာဟောစာတမ်း

စီးပွားရေးလုပ်ငန်းများ ကောင်းတစ်ချက်ဆိုးတစ်ချက်ဖြစ်နေမည်။ အဆင်မပြေမှုများမည်။
စက်ပစ္စည်းရောင်းဝယ်ဖောက်ကားမှု အကျိုးပေးမည်။ တောင်သူလယ်ယာလုပ်ငန်းလဲကောင်းမွန်မည်။အကျိုးပေးမည်။မဂ်လာကိစ္စများ ပြုလုပ်ရမည်။

အိမ်ထောင်သည်များ အိမ်ထောင်ရေးအဆင်မပြေပါ။စကားများတတ်သည်။အချစ်ရေးကံ ၌ သဲသဲလှုပ် အချစ်ခံရမည်။

ကျန်းမာရေး တွင်အရိုးအဆစ် ၊အာရုံကြော အထူးဂရုစိုက်ပါ။

အကျိုးပေးအရောင် – ခရမ်းရောင်
အကျိုးပေးဂဏန်း – ၆ / ၈

ယတြာ – ဘုရားတွင် သာကူယိုကပ်လှူပါ။

ရေးသားသူ – ဆရာအောင်ဇေယျာ အထူးအစီအမံ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။