ဓမ္မစေတီမင်းစီရင်ခဲ့သောသက်စောင့်ဂါထာတော်

Astrology Religion
ဓမ္မစေတီမင်းစီရင်ခဲ့သောသက်စောင့်ဂါထာတော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဓမ္မစေတီမင်းစီရင်ခဲ့သောသက်စောင့်ဂါထာတော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဓမ္မစေတီမင်းစီရင်ခဲ့သောသက်စောင့်ဂါထာတော်

“ဥုံ တိဓိညာ ညာဓိတိ ဓိတိညာဥုံ”
ဒုတိယ ကမ္ဘာစစ်ဖြစ်တော့မယ့် ကာလပျက်အခြေအနေမှာ မန္တလေးအနောက်ဘက်ကမ်း မင်းကွန်း ဓမ္မနာဒကျောင်းက မင်းကွန်းတိပိဋကဓရလောင်းလျာ ဆရာတော်ဦးဝိစိတ္တထံကို မြို့သာမြို့က ဆရာတော်ကြီး ဦးအာလောက ရောက်လာပါတယ် ။
အဲဒိအချိန်က စစ်ဖြစ်ဖို့ အခြေအနေကရှိနေပြီး မင်းကွန်းကလည်း တောခေါင်ခေါင် နောက် ဓမ္မနာဒတိုက်ထဲမှာကလည်း သံဃာကနည်းနည်း ။ ဒီတော့ ဆရာတော်ဦးအာလောကက မင်းကွန်းဆရာတော်ကို,,,,
“ဦးဇင်းလေး ပရိသတ်နည်းနည်းနဲ့ ဒီတောတောင်အရပ်ထဲမှာ ဘာအားကိုးစရာရှိသလဲ”လို့ မေးလိုက်ပါတယ် ။

မင်းကွန်းဆရာတော်က “အားကိုးစရာ ပိဋကတ်တော်ပဲရှိပါတယ်”လို့ ဖြေပါတယ် ။
အဲဒီအချိန်က မင်းကွန်းဆရာတော်က တိပိဋကစာမေးပွဲ မဖြေရသေးဘူး ။ ဒါပေမယ့် ပထမဓမ္မနာဒဆရာတော်ဆုံးမထားလို့ ပိဋကတ်သုံးပုံ အုပ်ရေ ၄၀ ကို နေ့စဉ် ဝတ်ထားပြီး ရွတ်ဆို ပူဇော်နေချိန် ဖြစ်
ပါတယ် ။

ဒါကို ရည်ရွယ်ပြီး မင်းကွန်းဆရာတော်က မိမိမှာ အားကိုးရာ ပိဋကတ်တော်သာ ရှိတယ်လို့ ဖြေခဲ့ရတာပါ ။

ဒီအခါ ဦးအာလောက က စာရွက်နဲ့ ခဲတံ တောင်းပြီး စာရွက်ပေါ်မှာ “ဥုံ တိဓိညာ ညာဓိတိ ဓိတိညာဥုံ”ဆိုတဲ့ ပါဠိကို အသွားအပြန်ရေးပြီး ပေးပါတယ် ။
ဒီဂါထာက ပဲခူး ဟံသာဝတီဘုရင် ဓမ္မစေတီမင်း စီရင်တဲ့သက်စောင့်ဂါထာပဲ ။ ဒီဂါထာကို ယုံကြည်ပြီးရွတ်ရင် ဘေးကင်းလုံခြုံတာကြောင့် ထန်းရွက် ၊ ထန်းဖူးပေါ်မှာ ကညစ်နဲ့ရေးပြီး ဒီကျောင်းဝင်းထဲက ကျောင်းတံခါးဝတွေမှာ သံနဲ့ ရိုက်ကပ်ထား’ ဆိုပြီးပြောတယ် ။

မင်းကွန်းဆရာတော်ကလည်း ဦးအာလောက ပြောတဲ့အတိုင်း လုပ်ပါတယ် ။ အဲဒိကမ္ဘာစစ်အတွင်း ဓမ္မနာဒကျောင်းထဲမှာ ဂျပန်စစ်တပ် လာတပ်စွဲနေပေမယ့် ကျောင်းတွင်းကျောင်းပြင် စစ်ဘေးဗုံးဘေးကကင်းလွတ်ခဲ့ပါတယ် ။

ဒီ “ဥုံ တိဓိညာ ပါဠိက “သတိ သမာဓိ ပညာ”ဆိုတဲ့ သာသနာ့ဆောင်ပုဒ် ဖြစ်ပါတယ် ။ မင်းကွန်းဆရာတော်ကြီးက စစ်ပြီး ဒီဘက်ခေတ်မှာလည်းတပည့်ရင်းချာ ဒကာအချို့ အခက်အခဲကြုံ တဲ့အခါ ဒီပါဠိလေးရေးခြစ်ထားတဲ့ ထန်းဖူးလေးကို စွန့်ပြီး ချီးမြှောက်တော်မူပါတယ် ။ ယုံကြည်ပြီးဆောင်သူတွေ လိုရာဆန္ဒပြည့်ဝကြပါတယ် ။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။