နာရီပေါင်း ၁၀၀ ကြာ မရပ်မနား ချက်ပြုတ်ပြခဲ့တဲ့ နိုင်ဂျီးရီးယားစားဖိုမှူး

International News
နာရီပေါင်း ၁၀၀ ကြာ မရပ်မနား ချက်ပြုတ်ပြခဲ့တဲ့ နိုင်ဂျီးရီးယားစားဖိုမှူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာရီပေါင်း ၁၀၀ ကြာ မရပ်မနား ချက်ပြုတ်ပြခဲ့တဲ့ နိုင်ဂျီးရီးယားစားဖိုမှူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နာရီပေါင်း ၁၀၀ ကြာ မရပ်မနား ချက်ပြုတ်ပြခဲ့တဲ့ နိုင်ဂျီးရီးယားစားဖိုမှူး

တစ်နေ့ကို အချိန်ဘယ်လောက်ကြာ ချက်ပြုတ်ဖြစ်လဲ မေးရင် တချို့က ၃ နာရီလောက်ပဲလို့ ဆိုမှာပါ။ ဒီထက်မပိုနိုင်ပါဘူး။ ဒါပေမဲ့ နိုင်ဂျီးရီးယားလူမျိုးအမျိုးသမီးစားဖိုမှူးတစ်ဦးဟာ မကြာသေးခင်က စံချိန်အားလုံးချိုးပစ်ခဲ့ပြီး နာရီပေါင်း ၁၀၀ ကြာ မရပ်မနားဆက်တိုက် ချက်ပြုတ်ခဲ့ပါတယ်။

ဟီလ်ဒါ ဘာစီဆိုတဲ့ အဲဒီစားဖိုမှူးက ဟင်းလျာပေါင်း ၁၀၀ ကျော် ချက်ပြခဲ့တာပါ။ သူက အမြဲလိုလို နိုင်ဂျီးရီးယားဟင်းလျာတွေကို ချက်ပြုတ်လေ့ရှိခဲ့တာပါ။ သူက ပဲစေ့ထောင်းကြော်နဲ့ ပြုလုပ်ထားတဲ့ နာမည်ကြီးလမ်းဘေးအစားအစာဖြစ်တဲ့ akara ကိုလည်း ဖန်တီးဖြစ်ပါတယ်။

သူ အခုလိုချက်ပြုတ်ပြခဲ့တဲ့အကြောင်းကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ မျှဝေထားပါတယ်။ လာအိုက စားဖိုမှူးဖြစ်တဲ့ ဟီလ်ဒါဟာ မေလ ၁၁ ရက်နေ့မှာ စတင်ချက်ပြုတ်ခဲ့ပြီး မေလ ၁၅ ရက်နေ့မှာ ပြီးဆုံးခဲ့တာပါ။ လက်ရှိ ချက်ပြုတ်ချိန်အကြာဆုံးစံချိန်ကို ကိုင်ထားတဲ့သူက အိန္ဒိယစားဖိုမှူး လာတာ တွန်ဒန်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ၈၇ နာရီ ၄၅ မိနစ်ကြာ ချက်ပြုတ်ခဲ့တာပါ။

ဟီလ်ဒါကိုတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အတည်ပြုပြီးရင် တရားဝင်အသိအမှတ်ပြုခံရမှာပါ။ “အံ့ဩစရာကောင်းတဲ့စံချိန်ကြိုးပမ်းမှုကို ကျွန်တော်တို့ သိရှိပြီးပါပြီ။ ဒီစံချိန်ကို တရားဝင်အတည်မပြုရသေးခင် အထောက်အထားအားလုံးကို ဦးစွာပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်”လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။