လေဖြတ်၊ လေဖြန်း၊ အကြောကပ် သူများအတွက် ကြောင်ပန်းရွက်

Health
လေဖြတ်၊ လေဖြန်း၊ အကြောကပ် သူများအတွက် ကြောင်ပန်းရွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေဖြတ်၊ လေဖြန်း၊ အကြောကပ် သူများအတွက် ကြောင်ပန်းရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လေဖြတ်၊ လေဖြန်း၊ အကြောကပ် သူများအတွက် ကြောင်ပန်းရွက်

ကြောင်ပန်း (၂) မျိုးရှိသည် ။ အရွက်ကို ခွဲ၍ သတ်မှတ် ကြသည် – ကြောင်ပန်းကြီး – အရွက် (၅) ရွက်စုထွက်က ကြောင်ပန်းကြီး ဖြစ်၏။ အရွက်ရှည်ကာ ချွန်သည်။ ညိုရောင်ဖြစ် သည်။

ကြောင်ပန်းငယ်

အရွက် (၃) ရွက် ထွက် ပါက ကြောင်ပန်းငယ် ဖြစ်သည်။ အရွက်ခတ်ဝိုင်းဝိုင်း အသွင် ရှိသည်။အပွင့်၊ အသွေးအရောင်ကို စွဲ၍ ဖြူနီပြာ စ သည်ဖြင့် အမျိုး ကွဲပြားမှု ရှိသည်။ ခါး၊ ဖန်၊ ပူ အရသာရှိ၏။ အနံ့ပြင်း၏။ အကြောသေ၊ အကြောကပ်၊ လေဖြန်း၊ လေ ဖြတ်ရောဂါ တွေအတွက် -ဆေးနည်းပေးသူက လက်တွေ့ပျောက်တာ အမှန်ပါ။

ပျောက်ကင်းသူ များစွာရှိပါပြီဆို၍ ဝေဒနာရှင်တို့ သက်သာ ပျောက်ကင်းစေ ရန် ဆေးနည်းလေး တင်ပြလိုက်ပါတယ်။ကြောင်ပန်းငယ် လက်နှစ်ဆုပ် ဓာတ်ဆီ အကြမ်းပန်းကန် (၁) လုံး သံပုရာသီး (၁) လုံးအရည် ထို (၃) မျိုးကို သန့်စင်သော ဆုံတွင် ထုထောင်း ချေ မွပြီး အဝတ်သန့်သန့်ဖြင့် အရည်စစ်ယူ၍ အကြောကပ်၊ လေဖြန်း၊ လေဖြတ်သူတို့ နှိပ်နယ်လိမ်းကျံ ပေးရန် ဖြစ်သည်။ တစ်ပတ်အတွင်းသိသိသာသာ သက်သာ ပျောက်ကင်းစေပါသည်။

ကလေးကျောပူ၊ ခေါင်းပူ

ကြောင်ပန်းငယ်ကို ပြုတ်ကျိုပြီး ထိုပြုတ်ရည်ဖြင့် ရေချိုးပေးပါက သက်သာ ပျောက်ကင်း စေပါသည်။ တောရွာများတွင် ကုသဆဲ ဆေးနည်း ဖြစ်သည်။

အကြောရောဂါ

အရွက်စိမ်း သတ္တုရည်ကို လည်း ကောင်း၊ အရွက်ကို ကြော်ချက် စားသောက် မှီဝဲပါက အကြော ရောဂါ ပျောက်ကင်း၏။

နာပြည်ယို

ကြောင်ပန်းရွက် ကို နှမ်းဆီဖြင့် ပျားရည်စစ် အနည်းငယ် ရောကာ နားကျပ်ပေးပါက နာပြည်ယိုခြင်း ၊နားကိုက်ခြင်း ပျောက်ကင်းသည်။

ဖောရောင်

ကြောင်ပန်းရွက် သတ္တုရည်နှင့် သက်ရင်းကြီးမြစ် အနည်းငယ်မျှ ရော၍ သောက်ပေးပါက အဖောရောဂါ လျှင်မြန်စွာပျောက်ကင်း၏။

အနာပေါက်အး အရေပြား

အတွင်းဆေး အဖြစ် သောက်ပေးပြီး၊ အပြင်ဆေး အဖြစ် လိမ်းကျံ ပေးရသည်။ကြောင်ပန်းကြီးက အိန္ဒိယပြည်တွင် အသုံးများသည်။ ထိုကြောင့် အိန္ဒိယ ကြောင်ပန်းဟု ခေါ် ကြသည်။ ကြောင်ပန်းငယ်က မြန်မာပြည်တွင် အသုံးများ၍ မြန်မာ ကြောင်ပန်းဟု ခေါ်ကြသည်။

ကြောင်ပန်းနှင့် ပတ်သက်သော ဆေးအသုံးများ ကျယ်ပြန့်စွာ ရှိနေ ပါသေးသည်။ အကြောသိမ်သူအား လက်တွေ့ စမ်းသပ် ကုသ ပေးရန် ကြောင်ပန်းငယ်ရွက်များ ထုထောင်းရင်း ကြောင်ပန်း ငယ် အကြောင်း လိုသူတို့ သုံးနိုင်ရန် တင်ပြ လိုက်ပါ သည်။

ရေးသားသူ –ရဲမျိုးသူ (ဗောဓိမြိုင်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။