ဘာလို့ မှန်ထဲမှာကြည့်ရင် ဆွဲဆောင်မှုရှိပြီး ပုံထဲကျမှ ရုပ်ဆိုးနေရတာလဲ

Knowledge
ဘာလို့ မှန်ထဲမှာကြည့်ရင် ဆွဲဆောင်မှုရှိပြီး ပုံထဲကျမှ ရုပ်ဆိုးနေရတာလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘာလို့ မှန်ထဲမှာကြည့်ရင် ဆွဲဆောင်မှုရှိပြီး ပုံထဲကျမှ ရုပ်ဆိုးနေရတာလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘာလို့ မှန်ထဲမှာကြည့်ရင် ဆွဲဆောင်မှုရှိပြီး ပုံထဲကျမှ ရုပ်ဆိုးနေရတာလဲ

မိမိရဲ့မျက်နှာကို မှန်ထဲမှာ ကြည့်လိုက်ရင် ဆွဲဆောင်မှုရှိပေမဲ့ ပုံတွေထဲကျ ရုပ်ဆိုးသလိုဖြစ်နေတာမျိုး ကျွန်မတို့တွေ ကြုံဖူးကြမှာပါ။ အသားရေက ကြည်လင်နေပြီး ဆံပင်ပုံစံက မိုက်နေပြီဆိုရင် မှန်ကို ကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကို ကြည့်ကောင်းသလို ခံစားကြရပါတယ်။ ဒါပေမဲ့ ကင်မရာရှေ့ရောက်သွားပြီး ဓာတ်ပုံထွက်လာတာနဲ့ မှန်ထဲမှာ မြင်ရတာနဲ့ မတူဘဲ ကွာခြားနေရပါတယ်။ ဘာကြောင့် အခုလို မတူဘဲ ကွာခြားသလိုဖြစ်ရတာလဲဆိုတာကို သိချင်မိကြမယ်ထင်ပါတယ်။ အခု ဒီဆောင်းပါးကနေ အဲဒီအကြောင်းကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

မှန်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်လို့ပါ

ကျွန်မတို့ရဲ့မျက်နှာရဲ့ပုံရိပ်က မှန်ထဲမှာ ထင်ဟပ်နေကျဖြစ်ပါတယ်။ ကျွန်မတို့ သွားတိုက်တဲ့အခါ ဆံပင်ဖြီးတဲ့အခါ မိတ်ကပ်လိမ်းတဲ့အခါမျိုးတွေမှာ မှန်ရှေ့ရောက်ကြပါတယ်။ မှန်ထဲမှာ ကျွန်မတို့ရဲ့ပုံရိပ်ကို မြင်နေကျဖြစ်နေကတည်းက ပုံတွေထဲမှာဆိုရင် ကျွန်မတို့ မျက်နှာက ပြောင်းပြန်ဖြစ်သွားတဲ့အခါ စိတ်ကျေနပ်စရာမကောင်းဖြစ်ရပါတယ်။

နေ့တိုင်း မှန်ကြည့်ဖြစ်နေတဲ့အတွက် ကျွန်မတို့မျက်နှာတွေက မှန်နဲ့ အသားကျနေတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မှန်ထဲမှာ ကျွန်မတို့ရဲ့ ကြည့်ကောင်းတဲ့ပုံစံကို မြင်ရတာပါ။ ပုံထဲမှာ သင့်ပုံစံကို ကြည့်လိုက်တဲ့အခါ မြင်တွေ့နေကျမှန်ထက် ပုံထဲမှာ ပြောင်းပြန်ဖြစ်သွားတဲ့အတွက် မျက်နှာက ကြည့်မကောင်းသလိုပုံစံ ဖြစ်နေရတာပါ။

နောက်တစ်ချက်ကတော့ မျက်နှာအသွင်အပြင်က အချိုးမညီတာကို မှန်ထဲမှာ ထင်ဟပ်နေတဲ့ပုံရိပ်က လျော့ချနေတာကြောင့် မှန်ထဲမှာ ကြည့်ကောင်းနေရပါတယ်။ သင်ဟာ မျက်နှာကျပုံမညီရင် ပုံထဲမှာ ဆွဲဆောင်မှုမရှိသလို ဖြစ်နေမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာဆိုရင် ပုံကောင်းတစ်ပုံရဖို့အတွက် တစ်ပုံထက်ပိုပြီး ကျွန်မတို့တွေ ရိုက်ကြရပါတယ်။

ပုံတွေက လက်တွေ့ဘဝရဲ့ နှစ်ဖက်မြင်ပုံရိပ်တွေဖြစ်တယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။ ပုံတွေက တိကျတဲ့ရှုထောင့်တွေက ရိုက်ရတာကြောင့် သင့်အသွင်အပြင်ကို ပြောင်းလဲသွားစေတယ်လို့ ဆိုလိုတာပါ။ ပုံတွေမှာ လက်တွေ့ဘဝမှာ သတိမပြုမိတဲ့ လှုပ်ရှားမှုတွေ၊ ပုံစံတွေကို မြင်တွေ့ရ့နိုင်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။