ကံတရားရဲ့အလှည့်အပြောင်းကြောင့် အိမ်ရာမဲ့ဘဝကနေ သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့သူ

International News
ကံတရားရဲ့အလှည့်အပြောင်းကြောင့် အိမ်ရာမဲ့ဘဝကနေ သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကံတရားရဲ့အလှည့်အပြောင်းကြောင့် အိမ်ရာမဲ့ဘဝကနေ သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကံတရားရဲ့အလှည့်အပြောင်းကြောင့် အိမ်ရာမဲ့ဘဝကနေ သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့သူ

အိမ်ရာမဲ့ ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီအခြေအနေကို ရုန်းကန်ကျော်လွှားနိုင်ခဲ့ပြီးနောက်မှာတော့ ဒေါ်လာ ၅ သန်းဆု ထီပေါက်ခဲ့လို့ သန်းကြွယ်သူဋ္ဌေး ဖြစ်လာခဲ့ပါတယ်။ သူကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ လူစီယာဖောဆက်ပါပဲ။ လူစီယာဖောဆက်ဟာ ၂၀၁၇ ခုနှစ်ကတည်းက အိမ်ရာမဲ့ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ အိမ်ထောင်ကျ၊ တွဲဖက်ဘွဲ့ရပြီး အဆင်ပြေပြေ ဖြစ်နေချိန်မှာ ထီဆုကြီးပါ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ကားဆီဖောက်လဲဖို့ Walmart စူပါစင်တာကိုသွားချိန်မှာ ခဲခြစ်ထီတစ်စောင် ထိုးခဲ့တာပါ။ ” ကျွန်မ လက်မှတ်တစ်စောင်ပဲ ဝယ်ခဲ့တာပါ။ မျက်စိမှိတ်ပြီး ရွေးခဲ့တာပေါ့။ စစချင်းတော့ ထီလက်မှတ်တစ်စောင် ထပ်ပေါက်တယ်လို့ ထင်နေတာ။ သေချာပြန်ကြည့်မှ ဒေါ်လာ ၅ သန်းဆု ပေါက်မှန်း သိတာ” လို့ လူစီယာဖောဆက်က ဆိုပါတယ်။ ထီဆုကြေးငွေကို သုံးပြီး အိမ်တစ်လုံးဝယ်မယ်၊ ကျန်တဲ့ငွေကို စီးပွားရေးလုပ်ဖို့ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သူက ပြောပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။