ရခိုင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေအမြောက်အများလှူဒါန်းခဲ့တဲ့ မင်းသမီးလေး “ဝတ်မှုန်ရွှေရည်”

Celebrity Local News
ရခိုင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေအမြောက်အများလှူဒါန်းခဲ့တဲ့ မင်းသမီးလေး “ဝတ်မှုန်ရွှေရည်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရခိုင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေအမြောက်အများလှူဒါန်းခဲ့တဲ့ မင်းသမီးလေး “ဝတ်မှုန်ရွှေရည်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေအမြောက်အများလှူဒါန်းခဲ့တဲ့ မင်းသမီးလေး “ဝတ်မှုန်ရွှေရည်”

ပရိသတ်အချစ်တော်မင်းသမီးတစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာ မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် အလှူငွေများလှူဒါန်းခဲ့ပါတယ်။ ပရိသတ်တွေကလည်း မင်းသမီးရဲ့ အလှူကို သာဓုသုံးကြိမ် ခေါ်ဆိုခဲ့ကြပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ဟာ မုန်တိုင်းဒဏ်ကို များစွာခံစားခဲ့ရပြီး လူ၊နေအိမ်၊အဆောက်အအုံ အချို့ပျက်ဆီးခဲ့ရပါတယ်။ဒါ့ကြောင့် ပျက်ဆီး ဆုံးရှုံးသွားတဲ့ အရာတွေကို ပြန်လည်ပြုပြင်ဖို့ ပြည်သူတွေဟာ ပြည်သူအချင်းချင်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းကူဖေးမခဲ့ကြပါတယ်။

ထိုထဲမှာ ပြည်သူချစ်အနုပညာရှင် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် လည်း အပါအဝင်ဖြစ်ပြီး ရေဘေးသင့်ရခိုင်ပြည်သူတွေအတွက် အလှူငွေကျပ် သိန်း (၁၀၀) တိတိကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ဟာ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ အခုလို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။အလှူငွေတွေကို ထပ်ဆင့်အကယ်ဒမီ နေတိုးကတဆင့်လှူဒါန်းခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း မင်းသမီးရဲ့ စေတနာမေတ္တာကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။