ဘိုးရင်းလေယာဉ်တစ်စင်း ကောင်းကောင်းပျံသန်းနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးဂူကြီး

International News
ဘိုးရင်းလေယာဉ်တစ်စင်း ကောင်းကောင်းပျံသန်းနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးဂူကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘိုးရင်းလေယာဉ်တစ်စင်း ကောင်းကောင်းပျံသန်းနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးဂူကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘိုးရင်းလေယာဉ်တစ်စင်း ကောင်းကောင်းပျံသန်းနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးဂူကြီး

လာအို – ဗီယက်နမ်နယ်စပ်အနီးမှာ ရှိတဲ့ ဟန်ဆန်ဒေါင်ဂူဟာ ကမ္ဘာ့အကြီးဆုံး သဘာဝလိုဏ်ဂူကြီးပါ။ နယူးယော့ခ်မြို့က မိုးမျှော်အဆောက်အအုံတွေကို ထည့်ထားနိုင်လောက်တဲ့ အရွယ်အစားရှိပြီး ဘိုးရင်း ၇၄၇ လေယာဉ်တစ်စင်း ကောင်းကောင်းပျံသန်းနိုင်လောက်ပါတယ်။

၁၉၉၁ ခုနှစ်မှာ သစ်မွေးရှာတဲ့ ဒေသခံတစ်ဦးက ဟန်ဆန်ဒေါင်ဂူဝင်ပေါက်ကို စတင်တွေ့ရှိခဲ့တာပါ။ ဂူအကျယ် ပေ ၄၉၀ လောက်ရှိပြီး အမြင့် ပေ ၆၆၀၊ အရှည် ၅.၆ မိုင် ရှိပါတယ်။ ဟန်ဆန်ဒေါင်ဂူ အောက်ဘက်မှာ စီးဆင်းနေတဲ့ မြေအောက်မြစ်ဟာ ဟန်သန်လို့ အမည်ရတဲ့ အခြားဂူတစ်ခုနဲ့ ဆက်စပ်နေတာပါ။

သဘာဝအလှတရားတွေနဲ့ ပြည့်စုံတဲ့ ဟန်ဆန်ဒေါင်ဂူဟာ ထုံးကျောက်ဂူဖြစ်ပြီး နှစ်သက်တမ်း ၂ သန်းကနေ ၅ သန်းကြား ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။