ကတ်ကိုဘိန်း ရိုက်ခွဲခဲ့တဲ့ ဂစ်တာ ဒေါ်လာ ၆ သိန်းနီးပါးနဲ့ လေလံအောင်မြင်

Celebrity International News
ကတ်ကိုဘိန်း ရိုက်ခွဲခဲ့တဲ့ ဂစ်တာ ဒေါ်လာ ၆ သိန်းနီးပါးနဲ့ လေလံအောင်မြင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကတ်ကိုဘိန်း ရိုက်ခွဲခဲ့တဲ့ ဂစ်တာ ဒေါ်လာ ၆ သိန်းနီးပါးနဲ့ လေလံအောင်မြင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကတ်ကိုဘိန်း ရိုက်ခွဲခဲ့တဲ့ ဂစ်တာ ဒေါ်လာ ၆ သိန်းနီးပါးနဲ့ လေလံအောင်မြင်

Nirvana အဆိုတော် ကတ်ကိုဘိန်း ရိုက်ခွဲခဲ့တဲ့ ဂစ်တာဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၆ သိန်းနီးပါးနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်အစောပိုင်းက ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Nevermind အယ်လ်ဘမ် လုပ်နေတုန်း ကတ်ကိုဘိန်းက အနက်ရောင် Fender Stratocaster ဂစ်တာကို ရိုက်ခွဲခဲ့တာပါ။

အဲဒီဂစ်တာမှာ Nirvana အဖွဲ့ဝင် ၃ ယောက်လုံး ငွေမှင်ရောင်ဆော့ပင်နဲ့ လက်မှတ်ထိုးထားပါတယ်။ သူ့မိတ်ဆွေ မက်ခ်လာနီဂန်အတွက် ကတ်ကိုဘိန်းက ဒီဂစ်တာပေါ်မှာ အမှတ်တရစကား ရေးပေးထားတာပါ။ ရိုက်ခွဲပြီးနောက်ပိုင်းမှာ ဒီဂစ်တာကို ပြန်လည်တပ်ဆင်ထားပေမဲ့ တီးခတ်လို့တော့ မရပါဘူး။ ၁၉၉၂ ခုနှစ်က Nirvana ရဲ့ Nevermind ဂီတဖျော်ဖြေပွဲမှာ ကတ်ကိုဘိန်းက မက်ခ်လာနီဂန်ကို ဒီဂစ်တာ လက်ဆောင်ပေးခဲ့တာပါ။

ဒီဂစ်တာကို လေလံတင် ရောင်းချတဲ့အခါ ဒေါ်လာ ၆ သောင်းလောက်ပဲ ရမယ်လို့ ခန့်မှန်းထားပေမဲ့ နယူးယော့ခ်မြို့ Hard Rock Cafe မှာ ကျင်းပခဲ့တဲ့ လေလံပြပွဲမှာ ဒေါ်လာ ၅၉၆၉၀၀ နဲ့ လေလံအောင်မြင်ခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။