သိုက်ချော့ရင်း နတ်ကိုင်တာခံလိုက်ရတယ်ဆိုတဲ့ နဂါးမလေး အေမီဈာန်

Celebrity Local News
သိုက်ချော့ရင်း နတ်ကိုင်တာခံလိုက်ရတယ်ဆိုတဲ့ နဂါးမလေး အေမီဈာန်

ပရိသတ်ကြီးရေ အခုလက်ရှိလူမူ့ကွန်ယက်ပေါ်မှာ လူ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ သူ့ကိုယ်သူ နဂါး မယ်တော်လို့ ပြောတဲ့ အေမီဈာန်ဟာဆိုရင်Myanmar Idolမှာပါဝင်ယှဉ်ပြိုင်ရင်း လူ သိများခဲ့တဲ့ အဆိုတော်တစ်ဦး ပဲဖြစ်ပါတယ်။

အေမီဈာန်က “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မဘ၀ရဲ့ ပထမဆုံးထူးခြားချက်ကတာ့ ကျွန်မဆိုတာ လူဘဝရောက် ကတည်းက မရယ်တက်ပါဘူး သူငယ်ချင်းတွေကို ကြည့်ပြီးမှ ရီးတက်တာပါ” ဆိုပြီး ခပ်ဆန်းဆန်းစကားတွေကို ပြောခဲ့တဲ့သူလည်းဖစ်ပါတယ်။

မကြာသေးခင်က မလေးရှားနိုင်ငံမှာ မော်ဒယ်ဖူးပွင့်ခိုင်နဲ့ ဘားတစ်ခုမှာ အတူတူသွားရောက်ဖျော်ဖြေရင်း မလေးရှားရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်ဖမ်းဆီးမှုမှာ အဖမ်းခံခဲ့ရပြီး အချုပ်ထဲညအိပ်ခဲ့ရတာဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ အရာရာကိုကြိုသိပေမဲ့ အဖမ်းခံရမှာကို ကြိုမသိခဲ့တဲ့ နဂါးမယ်တော်ကတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

အခုမှာတော့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားရှိ အစ်မတော် စောမွန်လှ ဟော်နန်းဆောင်မှာ ပထမအကြိမ် ကိုယ်တိုင် သိုက်ချော့ခဲ့တဲ့ ဆိုတဲ့ အကြောင်းကို ပြောပြလာခဲ့ တာပဲဖြစ်ပါတယ်။”အေမီ သိုက်ချော့ရတာကို မရှက်ပါဘူး၊ ဘဝက အခုမှ ပိုပြည့်စုံသွားသလိုခံစားရတယ်၊ အနုပညာရှင်ဖြစ်လာတာနဲ့ပဲ သိုက်မချော့ရတော့ဘူးလား၊ အနွယ်တော်တွေကို ချော့တာက အပြစ်ဖြစ်သွားတာလား၊အေမီမှ မဟုတ်ပါဘူး၊ တစ်ချို့ အနုပညာရှင်တွေလည်း လုပ်ကြပါတယ် ” ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်။

https://fb.watch/qnZWbRxNwg/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။