ဆိုးသွမ်းပရိသတ်တွေကို တဦးတည်း ခုခံခဲ့တဲ့ အသက် ၅၈ နှစ် အရွယ်ဝက်စ်ဟမ်းပရိသတ်ကြီး

Sports
ဆိုးသွမ်းပရိသတ်တွေကို တဦးတည်း ခုခံခဲ့တဲ့ အသက် ၅၈ နှစ် အရွယ်ဝက်စ်ဟမ်းပရိသတ်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆိုးသွမ်းပရိသတ်တွေကို တဦးတည်း ခုခံခဲ့တဲ့ အသက် ၅၈ နှစ် အရွယ်ဝက်စ်ဟမ်းပရိသတ်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆိုးသွမ်းပရိသတ်တွေကို တဦးတည်း ခုခံခဲ့တဲ့ အသက် ၅၈ နှစ် အရွယ်ဝက်စ်ဟမ်းပရိသတ်ကြီး

Chris Knoll ဆိုတဲ့ အသက် ၅၈ နှစ်အရွယ် ဝက်စ်ဟမ်းပရိသတ်ကြီးဟာ အယ်လ်ခမာနဲ့ပွဲအပြီး ဝက်စ်ဟမ်းပရိသတ်တွေကို ရန်ပြုဖို့ ရောက်လာခဲ့တဲ့ အယ်လ်ခမာဆိုးသွမ်းပရိသတ်တွေကို တဦးတည်း ခုခံခဲ့သူပါ။ ပွဲကြည့်စင်ပေါ် တက်ဖို့ကြိုးစားနေတဲ့ လူအုပ်စုကြိးကို သူ တယောက်တည်း ခံချခဲ့ပြီး တခြားပရိသတ်တွေ မထိခိုက်အောင် သူက ကာကွယ်ပေးခဲ့တာပါ။

သူလည်း တော်တော်လေးအထိနာခဲ့ပြီး ကွဲပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် Knoll ဟာ အယ်လ်ခမာပရိသတ်တဦးကို အောက်ပြန်ပြုတ်ကျအောင် ထိုးကြိတ်ပစ်ခဲ့ပြီး လှေကားကတဆင့် တက်ဖို့ ကြိုးစားနေသူတွေကိုလည်း ကန်ကျောက်ခဲ့ကာ သူတဦးတည်း ဒိုင်ခံကာကွယ်ပေးနေခဲ့ပါတယ်။

အပြန်အလှန်ထိုးကြိတ်နေခဲ့ပြီးမှ လုံခြုံရေးတွေရောက်လာပြီး လူစုကွဲသွားခဲ့တာပါ။ အခုတော့ သူက သူရဲကောင်းတဦးဖြစ်နေပါပြီ။ လာမယ့် ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲအတွက်တောင် သူ့ကို လက်မှတ်လက်ဆောင်ပေးဖို့အတွက် အသင်းကို အားလုံးက ဝိုင်းတောင်းဆိုနေကြပါတယ်။

ရေးသားသူ –Soccer History

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။