မန်စီးတီးကို ကိုယ်တိုင်ပရီးမီးယားလိဂ်ဖလား ပေးလိုက်တဲ့ အာဆင်နယ်

Sports
မန်စီးတီးကို ကိုယ်တိုင်ပရီးမီးယားလိဂ်ဖလား ပေးလိုက်တဲ့ အာဆင်နယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန်စီးတီးကို ကိုယ်တိုင်ပရီးမီးယားလိဂ်ဖလား ပေးလိုက်တဲ့ အာဆင်နယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန်စီးတီးကို ကိုယ်တိုင်ပရီးမီးယားလိဂ်ဖလား ပေးလိုက်တဲ့ အာဆင်နယ်

နောက်ဆုံးတော့ အာဆင်နယ်ဟာ မန်စီးတီးလက်ထဲကို ဖလား ကိုယ်တိုင်ပဲပေးလိုက်ပါပြီ။ တရာသီလုံး ချန်ပီယံတွေလို့ ကြွေးကြော်နေခဲ့တဲ့သူတွေက တပါးသူကို ချန်ပီယံအဖြစ် အသိအမှတ်ပြုလိုက်ရတာက နာကျင်စရာပါပဲ။

မန်စီးတီးဟာ ချယ်လ်ဆီးနဲ့ပွဲကို ကန်စရာတောင် မလိုတော့ဘဲနဲ့ အမှတ်ပေးဖလားကို သိမ်းပိုက်သွားခဲ့ပါပြီ။နော်တင်ဟမ်ဖောရက်စ်နဲ့ မကန်ခင်မှာ သူတို့က အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်ရှိနေတုန်းပဲလို့ အာတီတာပြောခဲ့ပေမယ့် ဒီပွဲအပြီးမှာပဲ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားခဲ့ရပါတယ်။ ဖောရက်စ်ကတော့ တန်းတင်ကျန်ရစ်ဖို့ပါ သေချာခဲ့ပြီး ကွင်းတကွင်းထဲမှာပဲ ဆန့်ကျင်ဖက်တွေ ဖြစ်နေခဲ့ပ့တယ်။

In pictures: Man City's title celebrations

တသင်းက ပျော်ရွှင်နေတယ်၊ ဆူညံအော်ဟစ်ပြီး ပေါက်ကွဲလို့။ နောက်တသင်းကတော့ ခေါင်းငိုက်စိုက်ကျပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ နာမည်ကျော်ဒိုင်လူကြီးဟောင်း ကော်လီနာပြောဖူးသလိုပါပဲ။ တခြမ်းမှာ ခြင်္သေ့တွေလို ဟိန်းဟောက်နေပြိး တခြမ်းကတော့ ဈာပနအခမ်းအနားလိုပဲ တိတ်ဆိတ်နေခဲ့ပါတယ်။

ရေးသားသူ –Soccer History

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။